News

မိဘတွေ နောက်ဘဝ ချမ်းချမ်းသာသာနေရအောင် ထီပေါက်တဲ့ သိန်း ၅၀၀ အကုန်လှူပစ်မယ့် အွန်လိုင်းဆယ်လီ အလင်းသခင်

Written by Aung Lay

မိဘတွေ နောက်ဘဝ ချမ်းချမ်းသာသာနေရအောင် ထီပေါက်တဲ့ သိန်း ၅၀၀ အကုန်လှူပစ်မယ့် အွန်လိုင်းဆယ်လီ အလင်းသခင်

ပရိသတ်ကြီး ရေ ဟာသ အွန်လိုင်းသရုပ်ဆောင် အလင်းသခင်ဟာ ရိုးသားကြိုးစားမှုတွေကြောင့် ပရိသတ်တွေအားပေးကြသူဖြစ်ပါတယ်။

သူ့ရဲ့ ဟာသဗီဒီယိုလေးတွေဟာဆိုရင် လူမှုကွန်ရက်မှာ အလွန်ရေးပန်းစားတာပါ။ မိဘကိုလုပ်ကျွေးနေသူဖြစ်သလို စိတ်ထားလည်းကောင်းတာကြောင့် ပရိသတ်တွေက ချစ်ကြပါတယ်။

စိတ်ထားကောင်းလို့ ကံကောင်းတယ်ပဲဆိုရမလား အလင်းသခင်ဟာ ဩဂုတ်လ ၁ ရက်နေ့မှာ ထွက်တဲ့အောင်ဘာလေထီမှာ သိန်း ၅၀၀ ဆုကြီး ဆွတ်ခူးခဲ့ပါတယ်…သူ့ရဲ့ မွေးလမှာ ခုလို ထီပေါက်လို့ အရမ်းပျော်နေပြီး ခုလို လူမှုကွန်ရက်မှာလည်း မျှဝေခဲ့ပါတယ်။

“သိန်းငါးရာ ထီပေါက်လို့ အရမ်းကိုပျော်ရွှင်ရပါတယ် ဗျ မွေးလမှာ ကံကောင်းနေတာ “ဆိုတဲ့စာလေးနဲ့သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးခဲ့တာပါ။ဒါ့အပြင် ပိုက်ဆံတွေကို လှူပစ်မယ်ဆိုတဲ့ အကြောင်းလေးကိုလည်း ခုလိုပြောပြခဲ့ပါသေးတယ်။

“အဖေအတွက်ရော အမေအတွက်ရော ပိုက်ဆံမလိုသေးလို့အဖေအတွက် အမေအတွက် ကျနော်တို့မိသားစုအတွက် နောက်ဘဝမှာ မွေးဖွာလာထဲက ချမ်းချမ်းသာသာနဲ့နေနိုင်အောင်ရတဲ့ ပိုက်ဆံအကုန်လှူပစ်မှာပါ ကျနော် မလိုအပ်ပဲ ဝင်လာတဲ့ ပိုက်ဆံမို့လို့လိုအပ်တဲ့နေရာတွေ လှူပစ်မှာပါ”

မိဘအပေါ်သိတတ်လိမ်မာလို့ ခုလို ကံထူးတယ်လို့ဆိုရမှာပါ…ဒါကြောင့် ပရိသတ်ကြီးတို့လည်း အလင်းသခင်ရဲ့ ကံကောင်းမှုလေးနဲ့ စိတ်ထားလေးအပေါ်ကို ဝမ်းသာပီတိချီးကျူးစကားလေးဆိုခဲ့ကြပါအုံးနော်။ Crd

Zawgyi

မိဘေတြ ေနာက္ဘဝ ခ်မ္းခ်မ္းသာသာေနရေအာင္ ထီေပါက္တဲ့ သိန္း ၅၀၀ အကုန္လႉပစ္မယ့္ အြန္လိုင္းဆယ္လီ အလင္းသခင္

ပရိသတ္ႀကီး ေရ ဟာသ အြန္လိုင္းသ႐ုပ္ေဆာင္ အလင္းသခင္ဟာ ႐ိုးသားႀကိဳးစားမႈေတြေၾကာင့္ ပရိသတ္ေတြအားေပးၾကသူျဖစ္ပါတယ္။

သူ႔ရဲ႕ ဟာသဗီဒီယိုေလးေတြဟာဆိုရင္ လူမႈကြန္ရက္မွာ အလြန္ေရးပန္းစားတာပါ။ မိဘကိုလုပ္ေကြၽးေနသူျဖစ္သလို စိတ္ထားလည္းေကာင္းတာေၾကာင့္ ပရိသတ္ေတြက ခ်စ္ၾကပါတယ္။

စိတ္ထားေကာင္းလို႔ ကံေကာင္းတယ္ပဲဆိုရမလား အလင္းသခင္ဟာ ဩဂုတ္လ ၁ ရက္ေန႔မွာ ထြက္တဲ့ေအာင္ဘာေလထီမွာ သိန္း ၅၀၀ ဆုႀကီး ဆြတ္ခူးခဲ့ပါတယ္…သူ႔ရဲ႕ ေမြးလမွာ ခုလို ထီေပါက္လို႔ အရမ္းေပ်ာ္ေနၿပီး ခုလို လူမႈကြန္ရက္မွာလည္း မွ်ေဝခဲ့ပါတယ္။

“သိန္းငါးရာ ထီေပါက္လို႔ အရမ္းကိုေပ်ာ္႐ႊင္ရပါတယ္ ဗ် ေမြးလမွာ ကံေကာင္းေနတာ “ဆိုတဲ့စာေလးနဲ႔သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ အသိေပးခဲ့တာပါ။ဒါ့အျပင္ ပိုက္ဆံေတြကို လႉပစ္မယ္ဆိုတဲ့ အေၾကာင္းေလးကိုလည္း ခုလိုေျပာျပခဲ့ပါေသးတယ္။

“အေဖအတြက္ေရာ အေမအတြက္ေရာ ပိုက္ဆံမလိုေသးလို႔အေဖအတြက္ အေမအတြက္ က်ေနာ္တို႔မိသားစုအတြက္ ေနာက္ဘဝမွာ ေမြးဖြာလာထဲက ခ်မ္းခ်မ္းသာသာနဲ႔ေနႏိုင္ေအာင္ရတဲ့ ပိုက္ဆံအကုန္လႉပစ္မွာပါ က်ေနာ္ မလိုအပ္ပဲ ဝင္လာတဲ့ ပိုက္ဆံမို႔လို႔လိုအပ္တဲ့ေနရာေတြ လႉပစ္မွာပါ”

မိဘအေပၚသိတတ္လိမ္မာလို႔ ခုလို ကံထူးတယ္လို႔ဆိုရမွာပါ…ဒါေၾကာင့္ ပရိသတ္ႀကီးတို႔လည္း အလင္းသခင္ရဲ႕ ကံေကာင္းမႈေလးနဲ႔ စိတ္ထားေလးအေပၚကို ဝမ္းသာပီတိခ်ီးက်ဴးစကားေလးဆိုခဲ့ၾကပါအုံးေနာ္။ Crd

About the author

Aung Lay

Leave a Comment