News

ကိုဗစ်ကူးမှာစိုးရိမ်ပြီး ငွေတွေကို အဝတ်လျှော်စက်ထဲထည့်လျှော်သူ

Written by Aung Lay

ကိုဗစ်ပိုးက ပိုက်ဆံကနေကူးတယ်ဆိုလို့ ပိုက်ဆံတွေကို ရေနဲ့ဆေးတဲ့သူတွေရှိပါတယ်။ တောင်ကိုရီးယားနိုင်ငံက အန်ဆန်မြို့သားတစ်ယောက်ဟာ အလုပ်ကရတဲ့ ငွေ ဝမ် ၅၀၀၀၀ (အမေရိကန်ဒေါ်လာ ၄၂) ကို ကိုဗစ်ကူးမှာစိုးရိမ်ပြီး အဝတ်လျှော်စက်ထဲထည့် လျော်ရာကတစ်ဆင့် ပျက်စီးခဲ့ရပါတယ်။ ကိုရီးယားဘဏ်ဥပဒေအရ ငွေစက္ကူစုတ်ပြဲသွားရင် အသစ်ပြန်လဲပေးရမယ်လို့ ပြဌာန်းထားပါတယ်။

ဒါကြောင့် ဆုံးရှုံးသွားတဲ့ ငွေအတွက် ကိုရီးယားဘဏ်ကိုသွားပြီး အသစ်နဲ့သွားလဲခဲ့ပါတယ်။ ဘဏ်က ပျက်စီးသွားတဲ့ ငွေစက္ကူအတွက် ဝမ် ၂၃ သန်း ( ဒေါ်လာ ၁၄၀၀၀) အသစ်ပြန်လဲပေးခဲ့ရပါတယ်။”ငွေစက္ကူတွေလည်း သုံးမရလောက်အောင် ပျက်စီးသွားပါပြီ။ နံပါတ်တွေလည်း မပေါ်တော့ပါဘူး။ ရေတွက်ဖို့လည်း အခက်အခဲရှိပါတယ်။ ဒါကြောင့် မှန်းဆပြီး လျော်ပေးလိုက်ပါတယ်”လို့ ဘဏ်မှတာဝန်ရှိသူ ဆိုဂျီဝန်းကပြောပါတယ်

နောက်ပိုင်း ရေတွက်မရရင် ဘဏ်သတ်မှတ်ချက်အတိုင်းပဲလျော်တော့မယ်လို့ ဘဏ်ကပြောပါတယ်။ လွန်ခဲ့တဲ့တစ်ပတ်ကျော်ကလည်း ပိုက်ဆံတွေကို မိုက်ခရိုဝေ့ထဲထည့်ပြီး ပိုးသတ်လို့ ပျက်စီးတာတွေ ရှိခဲ့ဖူးတယ်လို့ ၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားဗဟိုဘဏ်ကတော့ ငွေစက္ကူတွေကို ရေနဲ့ဆေးတာတွေ၊ မိုက်ခရိုဝေ့ထဲထည့်တာတွေ မလုပ်ဖို့ ပန်ကြားထားပါတယ်။

Ref – KBS
Credit WE Media

Zawgyi

ကိုဗစ္ပိုးက ပိုက္ဆံကေနကူးတယ္ဆိုလို႔ ပိုက္ဆံေတြကို ေရနဲ႔ေဆးတဲ့သူေတြရွိပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံက အန္ဆန္ၿမိဳ႕သားတစ္ေယာက္ဟာ အလုပ္ကရတဲ့ ေငြ ဝမ္ ၅၀၀၀၀ (အေမရိကန္ေဒၚလာ ၄၂) ကို ကိုဗစ္ကူးမွာစိုးရိမ္ၿပီး အဝတ္ေလွ်ာ္စက္ထဲထည့္ ေလ်ာ္ရာကတစ္ဆင့္ ပ်က္စီးခဲ့ရပါတယ္။ ကိုရီးယားဘဏ္ဥပေဒအရ ေငြစကၠဴစုတ္ၿပဲသြားရင္ အသစ္ျပန္လဲေပးရမယ္လို႔ ျပဌာန္းထားပါတယ္။

ဒါေၾကာင့္ ဆုံးရႈံးသြားတဲ့ ေငြအတြက္ ကိုရီးယားဘဏ္ကိုသြားၿပီး အသစ္နဲ႔သြားလဲခဲ့ပါတယ္။ ဘဏ္က ပ်က္စီးသြားတဲ့ ေငြစကၠဴအတြက္ ဝမ္ ၂၃ သန္း ( ေဒၚလာ ၁၄၀၀၀) အသစ္ျပန္လဲေပးခဲ့ရပါတယ္။”ေငြစကၠဴေတြလည္း သုံးမရေလာက္ေအာင္ ပ်က္စီးသြားပါၿပီ။ နံပါတ္ေတြလည္း မေပၚေတာ့ပါဘူး။ ေရတြက္ဖို႔လည္း အခက္အခဲရွိပါတယ္။ ဒါေၾကာင့္ မွန္းဆၿပီး ေလ်ာ္ေပးလိုက္ပါတယ္”လို႔ ဘဏ္မွတာဝန္ရွိသူ ဆိုဂ်ီဝန္းကေျပာပါတယ္

ေနာက္ပိုင္း ေရတြက္မရရင္ ဘဏ္သတ္မွတ္ခ်က္အတိုင္းပဲေလ်ာ္ေတာ့မယ္လို႔ ဘဏ္ကေျပာပါတယ္။ လြန္ခဲ့တဲ့တစ္ပတ္ေက်ာ္ကလည္း ပိုက္ဆံေတြကို မိုက္ခ႐ိုေဝ့ထဲထည့္ၿပီး ပိုးသတ္လို႔ ပ်က္စီးတာေတြ ရွိခဲ့ဖူးတယ္လို႔ ၄င္းကဆက္လက္ေျပာၾကားခဲ့ပါတယ္။ ေတာင္ကိုရီးယားဗဟိုဘဏ္ကေတာ့ ေငြစကၠဴေတြကို ေရနဲ႔ေဆးတာေတြ၊ မိုက္ခ႐ိုေဝ့ထဲထည့္တာေတြ မလုပ္ဖို႔ ပန္ၾကားထားပါတယ္။

Ref – KBS
Credit WE Media

About the author

Aung Lay

Leave a Comment