ရွေးကောက်ပွဲဝင်မည့် NLD ကိုယ်စားလှယ်လောင်းများ FACEBOOK အသုံးပြု၍ မဲဆွယ်မှုများ ပြုလုပ်နိုင်ရန် သင်တန်းတက်ရမည်

လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပ မည့် ရွေးကောက်ပွဲအတွင်း ဝင်ရောက်အရွေးချယ် ခံရမည့် NLD ကိုယ်စား လှယ်လောင်းများ အနေဖြင့် Facebook အသုံးပြု၍ မဲဆွယ်မှုများပြုလုပ်နိုင်ရန်သင်တန်း တက်ရမည်ဖြစ်ကြောင်း သိရသည်။

“facebook မသုံးမဖြစ် သုံးရမယ်ဆိုတာ ကိုတော့ နှုတ်နဲ့ တော့ ညွှန်ကြားတာပေါ့နော်။ကျွန်တော်တို့က နောက်ပိုင်းမှာ ကင်ပိန်းကို အွန်လိုင်းကနေသွားရတော့မှာကိုး၊ဘာလို့လဲဆိုတော့ ကိုဗစိကာလ ဘယ်လို ခွင့်ပြုချက်ရှိမှန်းမသိလို့။ ကင်ပိန်းလုပ်ဖို့က အရင်လိုအခြေအနေရချင်မှ ရမှာလေနော်။facebook သုံးတဲ့နေရာမှာတော့ ကျွန်တော်တို့က သင် တန်းတွေပေးပြီးတော့ သုံးမှာလေ။စည်းမျဉ်းစည်းကမ်းတွေနဲ့၊PR ပေါ့နော်။အဓိက အနေနဲ့က PR နဲ့ ပတ်သက် ပြီး တော့ အမှားအယွင်းမရှိရအောင် ဒါတွေကိုတော့ သင်တန်းပေးအုံးမှာ။သင်တန်းကတော့ သြဂုတ်လ ရက် ၂၀ ပတ် ဝန်းကျင်ဆိုရင် ပေးတော့ မှာ”ဟု ဗိုလ်တထောင်မြို့နယ်မှ ဝင်ရောက် အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း ဦးတိုး ဝင်းက ပြည်မြန်မာကို ပြောသည်။

လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဗဟိုပြန်ကြားရေးနှင့် ဗဟိုသုတေသန(၂)ခုပေါင်းပြီး Online အဖွဲ့ (၁)ခု ပြုလုပ် ထားပြီး တိုင်းနှင့်ပြည်နယ်ပြန်ကြားရေး Page ထောင်ထားသည့် မြို့နယ်များကို သင်တန်းပေးသွားမည်ဖြစ်ကြောင်း လည်း သိရသည်။

ပြည်မြန်မာ

Zawgyi





ပြည်မြန်မာ

Be the first to comment

Leave a Reply

Your email address will not be published.


*