ကျောင်းသား ကျောင်းသူတွေ ကို ကိုဗစ် သံသယလက္ခဏာ ရှိ၊မရှိ နေ့စဉ် စစ်ဆေးပြီးတင်ပြရမ ယ်

အကြောင်းအ မျိုးမျိုးကြောင့် ဖျားနာရင် ကျောင်း မလာဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ အခြေခံပညာကျောင်းတွေမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမရှိအောင် ကျောင်းသား/‌ကျောင်းသူ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးအခြေအနေကို နေ့စဉ်စစ်ဆေးပေးနေတယ်လို့ အခြေခံပညာဦးစီးဌာနကနေသိရပါတယ်။ ကျောင်းသား /‌ကျောင်းသူတွေ ၊ ဆရာ/ဆရာမတွေနဲ့ ပညာရေး ဝန်ထမ်းတွေကို ရောဂါသံသယလက္ခဏာရှိ၊မရှိ စစ်ဆေးပြီး သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွေကို တိုက်ရိုက်ပေးပို့တင်ပြရတာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

“အခုဖွင့်နေတဲ့ကျောင်းတွေအားလုံး ကိုယ့်ကျောင်းမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ တစ်ဦးချင်းအခြေအနေကို စိစစ်ပြီးတော့ သာမန်ဖျားနာတာလား ၊ သံသယဖြစ်တာလားဆိုတာ သိရအောင် ကျောင်းတွေကတော့ မြို့နယ်ကျန်းမာရေးဦးစီးဌာနကို တိုက်ရိုက်တင်ပြရပါတယ်။”လို့ ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။ လက်ရှိဖွင့်လှစ်ထားတဲ့ အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၄၀၀၀ နီးပါးမှာ ကျောင်းသားပေါင်း ၁၁ သိန်းတက်ရောက်နေပြီး ကျန်းမာရေးစစ်ဆေးမှုတွေအရ တစ်နေ့ကို ကျောင်းသားတစ်ဦး၊နှစ်ဦးခန့် ဖျားနာတာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“ ကျောင်းသား ၁၁ သိန်းမှာ တစ်ဦးမှမဖျားဘူးဆိုတာတော့ မရှိပါဘူး။တစ်ယောက်စ၊နှစ်ယောက်စတော့ ဖျားတာမျိုးတွေ ရှိပါတယ်။ မနေ့ကဆိုရင် ကိုယ်ပိုင်အထက်တန်းကျောင်းက ကလေးတစ်ဦးဖျားပါတယ်။ စစ်လိုက်တော့ သာမန်ဖျားတာမျိုးပဲရှိတယ်။ အခုချိန်ထိတော့ သံသယလက္ခဏာရှိတဲ့ ကျောင်းသားတစ်ဦးမှ မရှိသေးပါဘူး” လို့ ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။ လတ်တလော ကျောင်းဖွင့်ကာလ မိုးရာသီမှာဆိုရင် တုပ်ကွေးရောဂါတွေ ဖြစ်ပွားတတ်တာကြောင့် ကျောင်းသားကျောင်းသူတွေမှာ တုပ်ကွေးရောဂါဖြစ်ပွားတယ်ဆိုပါကလည်း ကျောင်းမလာဖို့လည်း ညွန်ကြားထားပြီးဖြစ်တယ်လို့ ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

“ ဒီရာသီက တုပ်ကွေးရာသီဆိုတော့ ကလေးတွေက တုပ်ကွေး ဖြစ်တတ်တယ်။ ။ဖျားတယ်ဆိုတာနဲ့ ကိုဗစ်ဆိုပြီး ကြောက်လန့်ကုန်မှာစိုးရိမ်လို့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဖျားတာနာတာရှိခဲ့ရင် ကျောင်းမလာဖို့ ညွန်ကြားထားတာပါ” လို့ ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။ ဒါ့အပြင်လက် ရှိဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေမှာ ရုတ်တရက် ဖျားနာ တာရှိခဲ့ရင် သီးခြားထားရှိကုသနိုင်အောင် ကျောင်းတိုင်းမှာ အရေးပေါ်ခန်း တစ်ခန်းစီ ပြင်ဆင်ထားရတာလည်းဖြစ်ပါတယ်။

ကျောင်းတွေမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွေ မရှိအောင် ရောဂါကာကွယ်ရေး စံချိန်စံညွန်းနဲ့ ပြည့်မီမှု အဆင့်သတ်မှတ်ချက် (A) အဆင့်ရထားတဲ့ ကျောင်းတွေကိုသာ ဖွင့်လှစ်ခွင့်ပြုထားတာပါ။ ပြန်ဖွင့်ခွင့်ရတဲ့ကျောင်းတွေအနေနဲ့လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးကြီးကြပ်တဲ့အဖွဲ့ဖွဲ့စည်းကာ နေ့စဉ် ဆောင်ရွက်မှုတွေကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွေကို တင်ပြရတာဖြစ်တယ်လို့လည်းသိရပါတယ်။

ဓူဝံ

Zawgyi

အေၾကာင္းအ မ်ိဳးမ်ိဳးေၾကာင့္ ဖ်ားနာရင္ ေက်ာင္း မလာဖို႔ ၫႊန္ၾကားထားၿပီးျဖစ္ပါတယ္။ အေျခခံပညာေက်ာင္းေတြမွာ ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈမရွိေအာင္ ေက်ာင္းသား/‌ေက်ာင္းသူ တစ္ဦးခ်င္းစီရဲ႕ က်န္းမာေရးအေျခအေနကို ေန႔စဥ္စစ္ေဆးေပးေနတယ္လို႔ အေျခခံပညာဦးစီးဌာနကေနသိရပါတယ္။ ေက်ာင္းသား /‌ေက်ာင္းသူေတြ ၊ ဆရာ/ဆရာမေတြနဲ႔ ပညာေရး ဝန္ထမ္းေတြကို ေရာဂါသံသယလကၡဏာရွိ၊မရွိ စစ္ေဆးၿပီး သက္ဆိုင္ရာ ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနေတြကို တိုက္႐ိုက္ေပးပို႔တင္ျပရတာျဖစ္တယ္လို႔ အေျခခံပညာဦးစီးဌာန ဒုတိယၫြန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

“အခုဖြင့္ေနတဲ့ေက်ာင္းေတြအားလုံး ကိုယ့္ေက်ာင္းမွာရွိတဲ့ ေက်ာင္းသား ေက်ာင္းသူေတြရဲ႕ တစ္ဦးခ်င္းအေျခအေနကို စိစစ္ၿပီးေတာ့ သာမန္ဖ်ားနာတာလား ၊ သံသယျဖစ္တာလားဆိုတာ သိရေအာင္ ေက်ာင္းေတြကေတာ့ ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနကို တိုက္႐ိုက္တင္ျပရပါတယ္။”လို႔ ေဒါက္တာတင္ေမာင္ဝင္းက ဆိုပါတယ္။ လက္ရွိဖြင့္လွစ္ထားတဲ့ အေျခခံပညာ အထက္တန္းေက်ာင္းေပါင္း ၄၀၀၀ နီးပါးမွာ ေက်ာင္းသားေပါင္း ၁၁ သိန္းတက္ေရာက္ေနၿပီး က်န္းမာေရးစစ္ေဆးမႈေတြအရ တစ္ေန႔ကို ေက်ာင္းသားတစ္ဦး၊ႏွစ္ဦးခန႔္ ဖ်ားနာတာမ်ိဳးေတြလည္း ရွိေနတယ္လို႔ သိရပါတယ္။

“ ေက်ာင္းသား ၁၁ သိန္းမွာ တစ္ဦးမွမဖ်ားဘူးဆိုတာေတာ့ မရွိပါဘူး။တစ္ေယာက္စ၊ႏွစ္ေယာက္စေတာ့ ဖ်ားတာမ်ိဳးေတြ ရွိပါတယ္။ မေန႔ကဆိုရင္ ကိုယ္ပိုင္အထက္တန္းေက်ာင္းက ကေလးတစ္ဦးဖ်ားပါတယ္။ စစ္လိုက္ေတာ့ သာမန္ဖ်ားတာမ်ိဳးပဲရွိတယ္။ အခုခ်ိန္ထိေတာ့ သံသယလကၡဏာရွိတဲ့ ေက်ာင္းသားတစ္ဦးမွ မရွိေသးပါဘူး” လို႔ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။ လတ္တေလာ ေက်ာင္းဖြင့္ကာလ မိုးရာသီမွာဆိုရင္ တုပ္ေကြးေရာဂါေတြ ျဖစ္ပြားတတ္တာေၾကာင့္ ေက်ာင္းသားေက်ာင္းသူေတြမွာ တုပ္ေကြးေရာဂါျဖစ္ပြားတယ္ဆိုပါကလည္း ေက်ာင္းမလာဖို႔လည္း ၫြန္ၾကားထားၿပီးျဖစ္တယ္လို႔ ေဒါက္တာတင္ေမာင္ဝင္းက ေျပာပါတယ္။

“ ဒီရာသီက တုပ္ေကြးရာသီဆိုေတာ့ ကေလးေတြက တုပ္ေကြး ျဖစ္တတ္တယ္။ ။ဖ်ားတယ္ဆိုတာနဲ႔ ကိုဗစ္ဆိုၿပီး ေၾကာက္လန႔္ကုန္မွာစိုးရိမ္လို႔ ဘယ္လိုအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ ဖ်ားတာနာတာရွိခဲ့ရင္ ေက်ာင္းမလာဖို႔ ၫြန္ၾကားထားတာပါ” လို႔ ေဒါက္တာတင္ေမာင္ဝင္းက ဆိုပါတယ္။ ဒါ့အျပင္လက္ ရွိဖြင့္လွစ္ထားတဲ့ အေျခခံပညာေက်ာင္းေတြမွာ ႐ုတ္တရက္ ဖ်ားနာ တာရွိခဲ့ရင္ သီးျခားထားရွိကုသႏိုင္ေအာင္ ေက်ာင္းတိုင္းမွာ အေရးေပၚခန္း တစ္ခန္းစီ ျပင္ဆင္ထားရတာလည္းျဖစ္ပါတယ္။

ေက်ာင္းေတြမွာ ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈေတြ မရွိေအာင္ ေရာဂါကာကြယ္ေရး စံခ်ိန္စံၫြန္းနဲ႔ ျပည့္မီမႈ အဆင့္သတ္မွတ္ခ်က္ (A) အဆင့္ရထားတဲ့ ေက်ာင္းေတြကိုသာ ဖြင့္လွစ္ခြင့္ျပဳထားတာပါ။ ျပန္ဖြင့္ခြင့္ရတဲ့ေက်ာင္းေတြအေနနဲ႔လည္း ကိုဗစ္-၁၉ ေရာဂါကာကြယ္ေရးႀကီးၾကပ္တဲ့အဖြဲ႕ဖြဲ႕စည္းကာ ေန႔စဥ္ ေဆာင္႐ြက္မႈေတြကို ၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနေတြကို တင္ျပရတာျဖစ္တယ္လို႔လည္းသိရပါတယ္။

ဓူဝံ

Be the first to comment

Leave a Reply

Your email address will not be published.


*