မိန်းကလေး ပရိသတ်တွေက အဝင်း လို့ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ မိုရီဆာကီဝင်းက မြန်မာပြည်ဖွား ဂျပန် အဆိုတော် တစ်ဦး ဖြစ်ပါတယ်။ မိုရီဆာကီဝင်းက ဂျပန်နိုင်ငံမှာ အောင်မြင်ပြီးသား အနုပညာရှင် ဖြစ်ပေမယ့် မြန်မာ ပရိသတ်တွေ ကတော့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီး နဲ့ ပိုမိုသတိထားမိလာတာ ဖြစ်ပါတယ်။ မိုရီဆာကီဝင်းက သူ့ ရဲ့ PRIZMAX အဖွဲ့ပျက်သွား ပေမယ့်လည်း ဂျပန်နိုင်ငံမှာ သီချင်းတွေ ဆိုနေသလို မြန်မာနိုင်ငံမှာလည်း အနုပညာ လုပ်ငန်းတွေကို အချိန်ပေး လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ မိုရီဆာကီဝင်း နဲ့ ပက်သတ်ပြီး ဂျပန်မီဒီယာတွေမှာ ဂယက်ထ နေတဲ့ သတင်းက မိုရီဆာကီဝင်း နဲ့ ဂျပန်သူလေး Miyazawa Emma တို့ရဲ့ အချစ်ရေးသတင်းပဲ ဖြစ်ပါတယ်။ မိုရီဆာကီဝင်းနဲ့ Miyazawa တို့က လေးလေးနက်နက် ပက်သတ်နေကြပြီး ဒီအတိုင်းသာဆက်ပြီး အဆင်ပြေနေကြမယ်ဆိုရင် လက်ထပ်နိုင်တာမျိုးထိ ဖြစ်လာနိုင်တယ်လို့ သူတို့နှစ်ယောက်စလုံးနဲ့ ဆက်စက် သူတွေက ပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။ မိုရီဆာကီဝင်းနဲ့ သတင်းထွက်နေတဲ့ Miyazawa ဆိုသူလေး ကတော့ သူမရဲ့ အဖိုးက ဂျပန်ဝန်ကြီးချုပ်ဟောင်း (ကွယ်လွန်) တစ်ယောက်ဖြစ်ပြီး အသိုင်းအဝိုင်းကြီး မှ ဆင်းသက်လာသူဖြစ်ပါတယ်။ Miyazawa က အင်တာနေရှင်နယ် ကျောင်းကနေ ဘွဲ့ရသူဖြစ်ပြီး ကမ္ဘာ့နာမည်ကြီး ကောလိပ်တွေမှာလည်း ပညာတော်သင်တက်ရောက်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
မိုရီဆာကီဝင်းရဲ့ Entertainment ဖြစ်တဲ့ (Stardust prodution) က official comfirm မလုပ်သေး ပေမယ့် ဂျပန်မီဒီယာတွေမှာတော့ တစ်ပြည်သား မိုရီဆာကီဝင်းနဲ့ ဂျပန်မလေး Miyazawa အကြောင်းကတော့ ပရိသတ်တွေစိတ်ဝင်စားတဲ့ သတင်းတစ်ပုဒ်ဖြစ်လို့နေတာပဲ ဖြစ်ပါတယ်။ Miyazawa ရဲ့ အဘိုးဖြစ်သူက တချိန်က ဂျပန်ဝန်ကြီးချုပ်ဟောင်းမို့ နိုင်ငံရေးမှာလည်း ကြီးမားတဲ့ ဝင်ဆန့်နိုင်တဲ့ ပမာဏ ရှိနေသမလို မိုရီဆာကီဝင်းကလည်း မြန်မာရဲ့ ခရီးသွားလုပ်ငန်းချစ်ကြည်ရေးသံတမန်ဖြစ်တာမို့ ဂျပန်မြန်မာ ချစ်ကြည်မှု ပိုမိုခိုင်မာစေနိုင်တယ်လို့ ပြောဆိုမူတွေလည်းရှိပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Morisaki Win _ Myanmar _ မိုရီဆာကီဝင်း’s fb
Credit – Cele Connections
Zawgyi
မိန္းကေလး ပရိသတ္ေတြက အဝင္း လို႔ ခ်စ္စႏိုးနဲ႔ ေခၚၾကတဲ့ မိုရီဆာကီဝင္းက ျမန္မာျပည္ဖြား ဂ်ပန္ အဆိုေတာ္ တစ္ဦး ျဖစ္ပါတယ္။ မိုရီဆာကီဝင္းက ဂ်ပန္ႏိုင္ငံမွာ ေအာင္ျမင္ၿပီးသား အႏုပညာရွင္ ျဖစ္ေပမယ့္ ျမန္မာ ပရိသတ္ေတြ ကေတာ့ “ဇာတိေျမ” ႐ုပ္ရွင္ဇာတ္ကားႀကီး နဲ႔ ပိုမိုသတိထားမိလာတာ ျဖစ္ပါတယ္။ မိုရီဆာကီဝင္းက သူ႔ ရဲ႕ PRIZMAX အဖြဲ႕ပ်က္သြား ေပမယ့္လည္း ဂ်ပန္ႏိုင္ငံမွာ သီခ်င္းေတြ ဆိုေနသလို ျမန္မာႏိုင္ငံမွာလည္း အႏုပညာ လုပ္ငန္းေတြကို အခ်ိန္ေပး လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။
ဒီကေန႔မွာေတာ့ မိုရီဆာကီဝင္း နဲ႔ ပက္သတ္ၿပီး ဂ်ပန္မီဒီယာေတြမွာ ဂယက္ထ ေနတဲ့ သတင္းက မိုရီဆာကီဝင္း နဲ႔ ဂ်ပန္သူေလး Miyazawa Emma တို႔ရဲ႕ အခ်စ္ေရးသတင္းပဲ ျဖစ္ပါတယ္။ မိုရီဆာကီဝင္းနဲ႔ Miyazawa တို႔က ေလးေလးနက္နက္ ပက္သတ္ေနၾကၿပီး ဒီအတိုင္းသာဆက္ၿပီး အဆင္ေျပေနၾကမယ္ဆိုရင္ လက္ထပ္ႏိုင္တာမ်ိဳးထိ ျဖစ္လာႏိုင္တယ္လို႔ သူတို႔ႏွစ္ေယာက္စလုံးနဲ႔ ဆက္စက္ သူေတြက ေျပာဆိုေနၾကတာပဲ ျဖစ္ပါတယ္။ မိုရီဆာကီဝင္းနဲ႔ သတင္းထြက္ေနတဲ့ Miyazawa ဆိုသူေလး ကေတာ့ သူမရဲ႕ အဖိုးက ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း (ကြယ္လြန္) တစ္ေယာက္ျဖစ္ၿပီး အသိုင္းအဝိုင္းႀကီး မွ ဆင္းသက္လာသူျဖစ္ပါတယ္။ Miyazawa က အင္တာေနရွင္နယ္ ေက်ာင္းကေန ဘြဲ႕ရသူျဖစ္ၿပီး ကမာၻ႔နာမည္ႀကီး ေကာလိပ္ေတြမွာလည္း ပညာေတာ္သင္တက္ေရာက္ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။
မိုရီဆာကီဝင္းရဲ႕ Entertainment ျဖစ္တဲ့ (Stardust prodution) က official comfirm မလုပ္ေသး ေပမယ့္ ဂ်ပန္မီဒီယာေတြမွာေတာ့ တစ္ျပည္သား မိုရီဆာကီဝင္းနဲ႔ ဂ်ပန္မေလး Miyazawa အေၾကာင္းကေတာ့ ပရိသတ္ေတြစိတ္ဝင္စားတဲ့ သတင္းတစ္ပုဒ္ျဖစ္လို႔ေနတာပဲ ျဖစ္ပါတယ္။ Miyazawa ရဲ႕ အဘိုးျဖစ္သူက တခ်ိန္က ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္းမို႔ ႏိုင္ငံေရးမွာလည္း ႀကီးမားတဲ့ ဝင္ဆန႔္ႏိုင္တဲ့ ပမာဏ ရွိေနသမလို မိုရီဆာကီဝင္းကလည္း ျမန္မာရဲ႕ ခရီးသြားလုပ္ငန္းခ်စ္ၾကည္ေရးသံတမန္ျဖစ္တာမို႔ ဂ်ပန္ျမန္မာ ခ်စ္ၾကည္မႈ ပိုမိုခိုင္မာေစႏိုင္တယ္လို႔ ေျပာဆိုမူေတြလည္းရွိပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။
Source: Morisaki Win _ Myanmar _ မိုရီဆာကီဝင္း’s fb
Credit – Cele Connections