Cele News

သူမကို ဆီလီကွန် ထည့်ထား တယ် ပြောတဲ့ သူတွေ ကို တုန့်ပြန် စကားဆိုလာတဲ့ နန်းမွေ့စံ

Written by Aung Lay

နန်းမွေစံ ကတော့ ဆက်ဆီ model တစ်ဦး အဖြစ် ယောက်ျားလေး ပရိသတ် အခိုင်အမာရရှိထားတာဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှနဲ့ ပုရိသတို့ရဲ့ စိတ်အာရုံကို ဖမ်းစားထားတဲ့ နန်းမွေစံက ခန္ဓာကိုယ်အလှအပအတွက် အသားအရည်ထိန်းသိမ်းတာ ၊ Gym ဆော့တာတွေ လုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မိန်းကလေး တစ်ယောက် မှာ ခန္ဓာကိုယ်လှဖို့ထက် စိတ်ထား လှဖို့ကလည်း အရေးကြီးတယ်လို့ သူမက ဆိုပါတယ်။

သူမကို ဆီလီကွန်ထည့်ထား တယ်ဆိုပြီး လူအချို့က ဝေဖန်ကြတဲ့အပေါ် နန်းမွေစံက အခုလို တုံ့ပြန်ပါတယ်။” ဒါကလည်း သူတို့ရွေးချယ်မှုနဲ့ သူတို့ပါပဲ။ မွေစံလည်း သိပ်မပြောချင်ဘူး။ မွေစံကတော့ အဲ့ဒါကို လုံးဝမလုပ်ထားဘူး။ အဲ့ဒါက အရမ်းလိုအပ်တဲ့အရာလည်း မဟုတ်ဘူး။ မွေစံအဲ့ဒါကိုလည်း ရှက်တယ်။ အဲ့ဒါကြီးဖို့ အတွက်နဲ့ အပင်ပန်းခံ ၊ ပိုက်ဆံတွေ အကုန်ခံပြီး မလုပ်ချင်ဘူး ” လို့ နန်းမွေစံက ဆိုပါတယ်။ ကိုယ်တိုင်က ဆရာဝန် တစ်ယောက်ဖြစ်တာကြောင့် ကျန်းမာရေးနဲ့အညီနေထိုင်စားသောက်ဖြစ်တဲ့အကြောင်းကိုလည်း နန်းမွေစံကပြောပါတယ်။

” အဓိကကတော့ အစားအသောက် ကိုဆင်ခြင်တယ်။ မွေစံက သတ်သတ်လွတ် စားတယ်။ ပြီးတော့ အဆီ အဆိမ့်တွေလျှော့စားတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖြစ်တယ်။ သတ်သတ်လွတ်ကတော့ အမြဲတမ်းလိုလိုစားဖြစ်ပါတယ် ” လို့ သူမက ဆိုပါတယ်။နန်းမွေစံ နဲ့ လတ်တလောမှာ ကြော်ငြာတွေ ရိုက်ကူးနေပြီး သူမရဲ့ ကိုယ်ပိုင် အင်္ကျီ brand ကိုလည်း ရောင်းချ နေတယ်လို့ သိရပါတယ်။

Source : Nan Mwe San

Zawgyi

နန္းေမြစံ ကေတာ့ ဆက္ဆီ model တစ္ဦး အျဖစ္ ေယာက္်ားေလး ပရိသတ္ အခိုင္အမာရရွိထားတာျဖစ္ပါတယ္။ ဆြဲေဆာင္မႈရွိတဲ့ ေကာက္ေၾကာင္းအလွနဲ႔ ပုရိသတို႔ရဲ႕ စိတ္အာ႐ုံကို ဖမ္းစားထားတဲ့ နန္းေမြစံက ခႏၶာကိုယ္အလွအပအတြက္ အသားအရည္ထိန္းသိမ္းတာ ၊ Gym ေဆာ့တာေတြ လုပ္ျဖစ္ေနတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ မိန္းကေလး တစ္ေယာက္ မွာ ခႏၶာကိုယ္လွဖို႔ထက္ စိတ္ထား လွဖို႔ကလည္း အေရးႀကီးတယ္လို႔ သူမက ဆိုပါတယ္။

သူမကို ဆီလီကြန္ထည့္ထား တယ္ဆိုၿပီး လူအခ်ိဳ႕က ေဝဖန္ၾကတဲ့အေပၚ နန္းေမြစံက အခုလို တုံ႔ျပန္ပါတယ္။” ဒါကလည္း သူတို႔ေ႐ြးခ်ယ္မႈနဲ႔ သူတို႔ပါပဲ။ ေမြစံလည္း သိပ္မေျပာခ်င္ဘူး။ ေမြစံကေတာ့ အဲ့ဒါကို လုံးဝမလုပ္ထားဘူး။ အဲ့ဒါက အရမ္းလိုအပ္တဲ့အရာလည္း မဟုတ္ဘူး။ ေမြစံအဲ့ဒါကိုလည္း ရွက္တယ္။ အဲ့ဒါႀကီးဖို႔ အတြက္နဲ႔ အပင္ပန္းခံ ၊ ပိုက္ဆံေတြ အကုန္ခံၿပီး မလုပ္ခ်င္ဘူး ” လို႔ နန္းေမြစံက ဆိုပါတယ္။ ကိုယ္တိုင္က ဆရာဝန္ တစ္ေယာက္ျဖစ္တာေၾကာင့္ က်န္းမာေရးနဲ႔အညီေနထိုင္စားေသာက္ျဖစ္တဲ့အေၾကာင္းကိုလည္း နန္းေမြစံကေျပာပါတယ္။

” အဓိကကေတာ့ အစားအေသာက္ ကိုဆင္ျခင္တယ္။ ေမြစံက သတ္သတ္လြတ္ စားတယ္။ ၿပီးေတာ့ အဆီ အဆိမ့္ေတြေလွ်ာ့စားတယ္။ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းလုပ္ျဖစ္တယ္။ သတ္သတ္လြတ္ကေတာ့ အၿမဲတမ္းလိုလိုစားျဖစ္ပါတယ္ ” လို႔ သူမက ဆိုပါတယ္။နန္းေမြစံ နဲ႔ လတ္တေလာမွာ ေၾကာ္ျငာေတြ ႐ိုက္ကူးေနၿပီး သူမရဲ႕ ကိုယ္ပိုင္ အက်ႌ brand ကိုလည္း ေရာင္းခ် ေနတယ္လို႔ သိရပါတယ္။

Source : Nan Mwe San

About the author

Aung Lay

Leave a Comment