Video ၾကားသိရသမ်ွ

အိမ်နောက်ဘေးမှာတွေ့ တဲ့ မိကျောင်း ကို မကြောက်မလန့် အတင်းပွေ့ဖက်ထား တဲ့ မိန်းကလေး ( ရုပ်/သံ)

Written by Aung Lay

မလေးရှားနိုင်ငံမှာနေထိုင်တဲ့ မိန်းမငယ်လေးဟာ သူမနေအိမ်မှာတွေ့ရှိခဲ့တဲ့မိကျောင်းနဲ့ ပွေ့ဖက်ပြီး ဓာတ်ပုံရိုက်ကူးခဲ့လို့ လူအမြောက်အများရဲ့အပြစ်တင်ဝေဖန်ခြင်းကိုခံခဲ့ရပါတယ် ။

Azy Nadia Aziz အမည်ရှိတဲ့ အသက် 22အရွယ်မိန်းကလေးဟာ အဆိုပါမိကျောင်းကိုပြီးခဲ့တဲ့အပတ်က Kota Bharu မြို့မှာရှိတဲ့ သူမနေအိမ်ရဲ့ အိမ်နောက်ဖေးမှာ တွေ့ရှိခဲ့တာပါ ။ Video ထဲမှာတော့ Aziz ဟာ အဆိုပါမိကျောင်းကြီးကို သူမရဲ့ပေါင်ပေါ်တင်ပြီး အရုပ်လိုပွတ်သပ်ပေးနေခဲ့တာပါ

မိကျောင်းဟာ 1.5 meters ခန့်အရှည်ရှိတယ်လို့ ယူဆရပြီး ၊ သူမနေထိုင်တဲ့ ဒေသရဲ့ အနီးဝန်းကျင်မြစ်ချောင်းကနေ ရောက်ရှိလာခြင်းဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ် ။

Aziz ကတော့ ” မိကျောင်းကို မလှုပ်မရွ နဲ့ လုံးဝကိုရန်လိုစိတ်မရှိတဲ့ အနေအထားနဲ့ကျွန်မတွေ့ခဲ့လို့ဖမ်းပြီး အိမ်ထဲကိုခေါ်လာခဲ့တာပါ ၊ ပြီးတော့ မိကျောင်းနဲ့ ဓာတ်ပုံတွေ ၊ video တွေရိုက်တယ် ၊

အဲ့ညမှာပဲ ကျွန်မသူ့ကိုမြစ်ချောင်းထဲ ပြန်လွတ်ပေးခဲ့တာပါ ” ဆိုပြီး ပြောပြခဲ့ပါတယ် ။ သို့ပေမဲ့လည်း မိကျောင်းဟာ Aziz လက်ပေါ်မှာ အလွန်ယဉ်ပါးလွန်းနေခဲ့တဲ့ အတွက် လူအတော်အများက ဝေဖန်ခဲ့ကြပါတော့တယ် ။

သူမကတော့ ” ကျွန်မကို အပြစ်တင်ဝေဖန်နေတာ ရပ်ပါတော့ ၊ ကျွန်မ မိကျောင်းကို အိမ်မွေးအကောင် အဖြစ် မမွေးထား ပါဘူး ၊ ကျွန်မ ခဏလေး ဖမ်းထား ယုံလေးပါ ” ဆိုပြီး Aziz ကပြန်လည်ဖြေရှင်းခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

Zawgyi

မေလးရွားႏိုင္ငံမွာေနထိုင္တဲ့ မိန္းမငယ္ေလးဟာ သူမေနအိမ္မွာေတြ႕ရွိခဲ့တဲ့မိေက်ာင္းနဲ႔ ေပြ႕ဖက္ၿပီး ဓာတ္ပုံ႐ိုက္ကူးခဲ့လို႔ လူအေျမာက္အမ်ားရဲ႕အျပစ္တင္ေဝဖန္ျခင္းကိုခံခဲ့ရပါတယ္ ။

Azy Nadia Aziz အမည္ရွိတဲ့ အသက္ 22အ႐ြယ္မိန္းကေလးဟာ အဆိုပါမိေက်ာင္းကိုၿပီးခဲ့တဲ့အပတ္က Kota Bharu ၿမိဳ႕မွာရွိတဲ့ သူမေနအိမ္ရဲ႕ အိမ္ေနာက္ေဖးမွာ ေတြ႕ရွိခဲ့တာပါ ။ Video ထဲမွာေတာ့ Aziz ဟာ အဆိုပါမိေက်ာင္းႀကီးကို သူမရဲ႕ေပါင္ေပၚတင္ၿပီး အ႐ုပ္လိုပြတ္သပ္ေပးေနခဲ့တာပါ

မိေက်ာင္းဟာ 1.5 meters ခန႔္အရွည္ရွိတယ္လို႔ ယူဆရၿပီး ၊ သူမေနထိုင္တဲ့ ေဒသရဲ႕ အနီးဝန္းက်င္ျမစ္ေခ်ာင္းကေန ေရာက္ရွိလာျခင္းျဖစ္တယ္လို႔ ယူဆခဲ့ၾကပါတယ္ ။

Aziz ကေတာ့ ” မိေက်ာင္းကို မလႈပ္မ႐ြ နဲ႔ လုံးဝကိုရန္လိုစိတ္မရွိတဲ့ အေနအထားနဲ႔ကြၽန္မေတြ႕ခဲ့လို႔ဖမ္းၿပီး အိမ္ထဲကိုေခၚလာခဲ့တာပါ ၊ ၿပီးေတာ့ မိေက်ာင္းနဲ႔ ဓာတ္ပုံေတြ ၊ video ေတြ႐ိုက္တယ္ ၊

အဲ့ညမွာပဲ ကြၽန္မသူ႔ကိုျမစ္ေခ်ာင္းထဲ ျပန္လြတ္ေပးခဲ့တာပါ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း မိေက်ာင္းဟာ Aziz လက္ေပၚမွာ အလြန္ယဥ္ပါးလြန္းေနခဲ့တဲ့ အတြက္ လူအေတာ္အမ်ားက ေဝဖန္ခဲ့ၾကပါေတာ့တယ္ ။

သူမကေတာ့ ” ကြၽန္မကို အျပစ္တင္ေဝဖန္ေနတာ ရပ္ပါေတာ့ ၊ ကြၽန္မ မိေက်ာင္းကို အိမ္ေမြးအေကာင္ အျဖစ္ မေမြးထား ပါဘူး ၊ ကြၽန္မ ခဏေလး ဖမ္းထား ယုံေလးပါ ” ဆိုၿပီး Aziz ကျပန္လည္ေျဖရွင္းခဲ့ရပါတယ္ ။

 

Jasmine (Mckzone Daily)

About the author

Aung Lay

Leave a Comment