ေအာက္တြင္ ဗီဒီယိုဖိုင္ ထည့္ထားပါသည္။
ျမင္ရတဲ့ ျမင္ကြင္းကေတာ့ စိတ္မေကာင္းစရာပါပဲ။
ဘာေၾကာင့္လဲဆိုေတာ့ ကမၻာအရပ္ရပ္မွာ အေရးေပၚကားနဲ႔ ေခၚေဆာင္ၾကရတဲ့ ကိုဗစ္ လူနာသည္ မ်ိဳးဟာ ျမန္မာနိုင္ငံမွာေတာ့ ကိုယ့္ေလွကိုယ္ထိုးၿပီး ေဆး႐ုံသြားရတဲ့ ကမၻာ့ပထမဆုံး လူနာျဖစ္ေနလို႔ပါပဲ။
ဒါဟာ အစိုးရက မစီစဥ္ေပးတာ မဟုတ္ပါဘူး။ အဓိကက အျမင္က်ဥ္းေျမာင္းၿပီး အတၱဆန္ၾကလို႔ျဖစ္ပါတယ္။ ကိုဗစ္လူနာ ေဆး႐ုံသြားမယ့္ လမ္းခရီးမွာ ရြာႏွစ္ရြာ ရွိပါတယ္။ အဲ့ဒီရြာေတြက လူနာကားကို ျဖတ္သန္းခြင့္မျပဳတာပါ။
ဘယ္သူကေတာ့ ဒီေရာဂါကူးစက္ခံခ်င္ပါ့မလဲ။ အခုလို ကူးစက္ခ်ိန္မွာ သူလည္း အားငယ္စိတ္ျဖစ္ေနမွာေပါ့။ ဒါကို နားလည္ေစခ်င္ပါတယ္။
ၿပီးေတာ့ ဒီေရာဂါက ေၾကာက္စရာမွန္ေပမယ့္ သူ႔ကိုျမင္တဲ့လူတိုင္း ကူးတာ မဟုတ္ပါဘူး။ ေရာဂါပိုး ရွိသူနဲ႔ ထိေတြ႕ဆက္ဆံမွ ၊ ကိုယ္ခံအား နည္းမွ အသက္ရႉလမ္းေၾကာင္း ပိုးဝင္ၿပီး ကူးတာပါ။
ဘယ္ရြာကမွ သူကို ျဖတ္သန္းမခံေပမယ့္ သူဟာ ဘယ္သူကိုမွ ဒုကၡမေပးခ်င္တာေၾကာင့္ ၊ လက္ရွိ မုန္တိုင္းျဖစ္ေနတဲ့ အခ်ိန္မွာ ေတာင္ PPE ဝတ္စုံကို ဝတ္ၿပီး ၊ တက္မကိုင္ ေလွာ္ရင္း ေဆး႐ုံကို ေရာက္ေအာင္ ခ်ီတက္ေနပါတယ္။
အခုလို ျမင္ရတာ ရင္ထဲမေကာင္းပါဘူး။ အျမန္ဆုံးက်န္းမာ ေပ်ာက္ကင္းပါေစလို႔ ဆႏၵျပဳလိုက္ပါတယ္။
ဗီဒီယိုဖိုင္ ၾကည့္ရန္ ႏွိပ္ပါ
Unicode
မြင်ရတဲ့ မြင်ကွင်းကတော့ စိတ်မကောင်းစရာပါပဲ။
ဘာကြောင့်လဲဆိုတော့ ကမ္ဘာအရပ်ရပ်မှာ အရေးပေါ်ကားနဲ့ ခေါ်ဆောင်ကြရတဲ့ ကိုဗစ် လူနာသည် မျိုးဟာ မြန်မာနိုင်ငံမှာတော့ ကိုယ့်လှေကိုယ်ထိုးပြီး ဆေးရုံသွားရတဲ့ ကမ္ဘာ့ပထမဆုံး လူနာဖြစ်နေလို့ပါပဲ။
ဒါဟာ အစိုးရက မစီစဉ်ပေးတာ မဟုတ်ပါဘူး။ အဓိကက အမြင်ကျဉ်းမြောင်းပြီး အတ္တဆန်ကြလို့ဖြစ်ပါတယ်။ ကိုဗစ်လူနာ ဆေးရုံသွားမယ့် လမ်းခရီးမှာ ရွာနှစ်ရွာ ရှိပါတယ်။ အဲ့ဒီရွာတွေက လူနာကားကို ဖြတ်သန်းခွင့်မပြုတာပါ။
ဘယ်သူကတော့ ဒီရောဂါကူးစက်ခံချင်ပါ့မလဲ။ အခုလို ကူးစက်ချိန်မှာ သူလည်း အားငယ်စိတ်ဖြစ်နေမှာပေါ့။ ဒါကို နားလည်စေချင်ပါတယ်။
ပြီးတော့ ဒီရောဂါက ကြောက်စရာမှန်ပေမယ့် သူ့ကိုမြင်တဲ့လူတိုင်း ကူးတာ မဟုတ်ပါဘူး။ ရောဂါပိုး ရှိသူနဲ့ ထိတွေ့ဆက်ဆံမှ ၊ ကိုယ်ခံအား နည်းမှ အသက်ရှူလမ်းကြောင်း ပိုးဝင်ပြီး ကူးတာပါ။
ဘယ်ရွာကမှ သူကို ဖြတ်သန်းမခံပေမယ့် သူဟာ ဘယ်သူကိုမှ ဒုက္ခမပေးချင်တာကြောင့် ၊ လက်ရှိ မုန်တိုင်းဖြစ်နေတဲ့ အချိန်မှာ တောင် PPE ဝတ်စုံကို ဝတ်ပြီး ၊ တက်မကိုင် လှော်ရင်း ဆေးရုံကို ရောက်အောင် ချီတက်နေပါတယ်။
အခုလို မြင်ရတာ ရင်ထဲမကောင်းပါဘူး။ အမြန်ဆုံးကျန်းမာ ပျောက်ကင်းပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။