အေျခခံပညာေ က်ာင္းမ်ားကို ဇူလိုင္လတြင္ ျပန္ဖြင့္မည္ျဖစ္ၿပီး တကၠသိုလ္ဝင္တန္းအပါအဝင္ ေအာင္စာရင္းမ်ားကို ဇြန္လမကုန္မီ ထုတ္ျပန္မည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာနမွ ညႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာသည္။
“ဗဟိုေကာ္မတီက ထုတ္ထားတယ္ေလ။ အဲဒီထဲမွာပါတယ္ေလ။ ဇူလိုင္လမွာ ေက်ာင္းေတြျပန္ဖြင့္ဖို႔ဆိုတာ။ အဲဒါဆို ေသခ်ာၿပီေလ။ ဗဟိုေကာ္မတီက ထုတ္တာဆိုေတာ့” ဟု ဦးကိုေလးဝင္းက ေျပာသည္။
ဇူလိုင္လအတြင္း စာသင္ေက်ာင္းမ်ား ျပန္ဖြင့္မည္ျဖစ္ေသာေၾကာင့္ ဆယ္တန္းအပါအဝင္ အေျခခံပညာ အတန္းအသီးသီး၏ ေအာင္စာရင္းမ်ားကို ဇြန္လမကုန္ခင္တြင္ ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း ယင္းက ဆက္လက္ေျပာသည္။ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားဗဟိုေကာ္မတီမွ အေျခခံေက်ာင္းမ်ားအား ဇူလိုင္လအတြင္း ဖြင့္
လွစ္ရန္ ရွိသျဖင့္ ေနျပည္ေတာ္ေကာင္စီ၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ား တြင္ Community Based Facility Quarantine ဖြင့္လွစ္ထားေသာ အေျခခံပညာေက်ာင္းမ်ားကို ပိုးသတ္ေဆးဖ်န္းကာ ဇြန္ ၁၅ ရက္ ေနာက္ဆုံးထား၍ ပညာေရးဝန္ႀကီးထံ ျပန္လႊဲေျပာင္းေပးရန္ ညႊန္ၾကားစာထုတ္ျပန္ထားေၾကာင္း သိရသည္။
ထို႔ေၾကာင့္ Community Based Facility Quarantine အျဖစ္ ဖြင့္လွစ္ထားေသာ အေျခခံေက်ာင္းမ်ားတြင္ လက္ရွိ Quarantine ဝင္ေနသူမ်ားမွလြဲ၍ ထပ္မံ Quarantine ဝင္ရန္ ေရာက္ရွိလာသူမ်ားကို သက္ဆိုင္ရာၿမိဳ႕နယ္အသီးသီးရွိ ဝန္ႀကီးဌာနပိုင္ အေဆာက္အဦမ်ားႏွင့္ အဆင့္ျမင့္ပညာ
ဦးစီးဌာနပိုင္ တကၠသိုလ္မ်ား၊ ေကာလိပ္ႏွင့္ ဒီဂရီေကာလိပ္မ်ားတြင္ ေနရာခ်ထားရန္ ညႊန္ၾကားထားသည္။ ယခုကာလအတြင္း ပညာေရးဝန္ႀကီးဌာနႏွင့္က်န္းမာေရးဝန္ႀကီးဌာနတို႔၏ ဆုံးျဖတ္ခ်က္ကိုသာ လိုက္နာ၍ လုပ္ေဆာင္ၾကရမည္ျဖစ္ပါတယ္။
ခိုင္မာေသာ သတင္းထုတ္ျပန္ခ်က္မ်ားကိုသာ ေစာင့္ၾကည့္ေပးရန္လိုအပ္ၿပီး သတင္းတုႏွင့္ လူမႈကြန္ရက္တြင္ ပ်ံ႕ေနသည့္အျခားေသာ သတင္းမ်ားအစား သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ အေျခခံပညာေက်ာင္းမ်ားတြင္ေသာ္လည္းေကာင္း၊
ပညာေရးမႉး႐ုံးမ်ား တြင္ေသာ္လည္းေကာင္း၊ ပညာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္မ်ားကို ေစာင့္ၾကည့္၍ေသာ္လည္းေကာင္း မိဘျပည္သူမ်ားသည္ သတင္းအေၾကာင္းအရာမ်ားကို သိရွိနိုင္ေၾကာင္း သတိေပးထုတ္ျပန္ထားသည္။
၀န္ႀကီးဌနရဲ့ ထုတ္ျပန္မႈနဲ႔ လူမႈကြန္ယက္ပ်ံ႕ေနတဲ့ သတင္းစကားအရ ယခုႏွစ္ထြက္မဲ့ေအာင္စာရင္းဟာ မစစ္ဘဲ ေအာင္ေပးမယ္လို႔လည္း သဲ့သဲ့ၾကားေနရပါတယ္ အဲ့လိုသာဆိုရင္ေတာ့ ကေလးေတြ အားလုံး ကံေကာင္းၿပီးေျပာရမွာပဲဗ်။
အားလုံးကံေကာင္းပါေစ ဆုေတာင္းရင္း ေအာင္စာရင္းအား ေစာင့္ေမၽွာ္ၾကည့္ရေအာင္ဗ်ာ..
Unicode
အခြေခံပညာေ ကျာင်းများကို ဇူလိုင်လတွင် ပြန်ဖွင့်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအပါအဝင် အောင်စာရင်းများကို ဇွန်လမကုန်မီ ထုတ်ပြန်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။
“ဗဟိုကော်မတီက ထုတ်ထားတယ်လေ။ အဲဒီထဲမှာပါတယ်လေ။ ဇူလိုင်လမှာ ကျောင်းတွေပြန်ဖွင့်ဖို့ဆိုတာ။ အဲဒါဆို သေချာပြီလေ။ ဗဟိုကော်မတီက ထုတ်တာဆိုတော့” ဟု ဦးကိုလေးဝင်းက ပြောသည်။
ဇူလိုင်လအတွင်း စာသင်ကျောင်းများ ပြန်ဖွင့်မည်ဖြစ်သောကြောင့် ဆယ်တန်းအပါအဝင် အခြေခံပညာ အတန်းအသီးသီး၏ အောင်စာရင်းများကို ဇွန်လမကုန်ခင်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားဗဟိုကော်မတီမှ အခြေခံကျောင်းများအား ဇူလိုင်လအတွင်း ဖွင့်
လှစ်ရန် ရှိသဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ တွင် Community Based Facility Quarantine ဖွင့်လှစ်ထားသော အခြေခံပညာကျောင်းများကို ပိုးသတ်ဆေးဖျန်းကာ ဇွန် ၁၅ ရက် နောက်ဆုံးထား၍ ပညာရေးဝန်ကြီးထံ ပြန်လွှဲပြောင်းပေးရန် ညွှန်ကြားစာထုတ်ပြန်ထားကြောင်း သိရသည်။
ထို့ကြောင့် Community Based Facility Quarantine အဖြစ် ဖွင့်လှစ်ထားသော အခြေခံကျောင်းများတွင် လက်ရှိ Quarantine ဝင်နေသူများမှလွဲ၍ ထပ်မံ Quarantine ဝင်ရန် ရောက်ရှိလာသူများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ ဝန်ကြီးဌာနပိုင် အဆောက်အဦများနှင့် အဆင့်မြင့်ပညာ
ဦးစီးဌာနပိုင် တက္ကသိုလ်များ၊ ကောလိပ်နှင့် ဒီဂရီကောလိပ်များတွင် နေရာချထားရန် ညွှန်ကြားထားသည်။ ယခုကာလအတွင်း ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာနတို့၏ ဆုံးဖြတ်ချက်ကိုသာ လိုက်နာ၍ လုပ်ဆောင်ကြရမည်ဖြစ်ပါတယ်။
ခိုင်မာသော သတင်းထုတ်ပြန်ချက်များကိုသာ စောင့်ကြည့်ပေးရန်လိုအပ်ပြီး သတင်းတုနှင့် လူမှုကွန်ရက်တွင် ပျံ့နေသည့်အခြားသော သတင်းများအစား သက်ဆိုင်ရာမြို့နယ်အလိုက် အခြေခံပညာကျောင်းများတွင်သော်လည်းကောင်း၊
ပညာရေးမှူးရုံးများ တွင်သော်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို စောင့်ကြည့်၍သော်လည်းကောင်း မိဘပြည်သူများသည် သတင်းအကြောင်းအရာများကို သိရှိနိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။
ဝန်ကြီးဌနရဲ့ ထုတ်ပြန်မှုနဲ့ လူမှုကွန်ယက်ပျံ့နေတဲ့ သတင်းစကားအရ ယခုနှစ်ထွက်မဲ့အောင်စာရင်းဟာ မစစ်ဘဲ အောင်ပေးမယ်လို့လည်း သဲ့သဲ့ကြားနေရပါတယ် အဲ့လိုသာဆိုရင်တော့ ကလေးတွေ အားလုံး ကံကောင်းပြီးပြောရမှာပဲဗျ။
အားလုံးကံကောင်းပါစေ ဆုတောင်းရင်း အောင်စာရင်းအား စောင့်မျှော်ကြည့်ရအောင်ဗျာ..