Cele News

မင်္ဂလာပွဲ ကျင်းပဖို့ အင်္ကျီတွေ ချုပ်နေ တယ်ဆိုပြီး သတင်းတွေထွက်နေ တဲ့ အပေါ် ပြန် လည် ဖြေရှင်းခဲ့တဲ့ အေးမြတ်သူ

Written by Aung Lay

မင်္ဂလာပွဲ ကျင်းပဖို့ အင်္ကျီတွေ ချုပ်နေ တယ်ဆိုပြီး သတင်းတွေထွက်နေ တဲ့ အပေါ် ပြန် လည် ဖြေရှင်းခဲ့တဲ့ အေးမြတ်သူ

အေးမြတ် သူကတော့ ချစ်စရာကောင်းလွန်းပြီး ပွင့်လင်းတဲ့သူလေးဖြစ်တာမို့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေ တခဲနက်ချစ်ခင်အားပေးကြသူလေးပဲ ဖြစ်ပါတယ်..။အောင်မြင်မှုတွေအခိုင်အမာနဲ့ လျှောက်လှမ်းလာတဲ့ အနုပညာလမ်းကြောင်းမှာတော့ မမြတ်လေးတစ်ယောက် ပီပြင်ပိုင်နိုင်တဲ့ သူမရဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်ကားတွေများစွာ ရိုက်ကူးထားသလို

ပါးချိုင့်အပြုံးချိုချိုလေးတွေနဲ့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ နေထိုင်မှုပုံရိပ်လေးတွေက တကယ်ကို အချစ်ပိုစရာလေးပါပဲ..။ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ပရိသတ်တွေနဲ့ မိသားစုကိုသာ အဖော်ပြုနေတဲ့ အပျိုကြီး မမြတ်လေးကတော့ ချစ်သူရှိတဲ့အကြောင်းလေးကို အသိပေးပြောပြထားပေမယ့် အိမ်ထောင်မပြုသေးတာမို့ သူမရဲ့မင်္ဂလာသတင်းလေးကိုလည်း ပရိသတ်တွေက

စိတ်ဝင်တစားစောင့်ကြည့်နေကြတာပါနော်..။ အခုတစ်ခါမှာတော့ မမြတ်လေးတစ်ယောက် သူမရဲ့မင်္ဂလာပွဲအတွက် အင်္ကျီတွေချုပ်ပြီး ပြင်ဆင်နေပြီဆိုပြီး ပရိသတ်တွေကြား ထွက်ပေါ်နေတဲ့ သတင်းတွေဟာ ကောလဟာလတွေဖြစ်တဲ့အကြောင်း ရယ်ရယ်မောမောလေးနဲ့ ပြောပြလာပါတယ်နော်..။ အနုပညာရှင်တွေထဲက မင်္ဂလာသတင်းထွက်ပြီဆို သူမလို့ထင်နေကြတဲ့ အကြောင်းလေးနဲ့ “လျှောက်စနေကြတာဖြစ်မှာပါ..

သတင်းထွက်တာ ကြိုက်ပါတယ် ယတြာကျေတာပေါ့ လက်ရှိ အချစ်ရေးကတော့ သာသာယာယာပါပဲ ပျော်ရွှင်နေပါတယ် အခုက မင်္ဂလာဆောင်လို့ မရသေးဘူး Covid ကြီး ဖြစ်နေလို့..” ဆိုပြီး မမြတ်လေးက ချစ်စဖွယ်လေး ပြောပြထားတာပါ..။ လတ်တလောအချစ်ရေးလေးနဲ့ ပတ်သက်ပြီး ပြောပြထားသေးတဲ့ မမြတ်လေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Zawgyi

မဂၤလာပြဲ က်င္းပဖို႔ အက်ႌေတြ ခ်ဳပ္ေန တယ္ဆိုၿပီး သတင္းေတြထြက္ေန တဲ့ အေပၚ ျပန္ လည္ ေျဖရွင္းခဲ့တဲ့ ေအးျမတ္သူ

ေအးျမတ္ သူကေတာ့ ခ်စ္စရာေကာင္းလြန္းၿပီး ပြင့္လင္းတဲ့သူေလးျဖစ္တာမို႔ အႏုပညာေလာကထဲကို စတင္ဝင္ေရာက္ခဲ့တဲ့ ဆယ္စုႏွစ္ေတြကတည္းက ပရိသတ္ေတြ တခဲနက္ခ်စ္ခင္အားေပးၾကသူေလးပဲ ျဖစ္ပါတယ္..။ေအာင္ျမင္မႈေတြအခိုင္အမာနဲ႔ ေလွ်ာက္လွမ္းလာတဲ့ အႏုပညာလမ္းေၾကာင္းမွာေတာ့ မျမတ္ေလးတစ္ေယာက္ ပီျပင္ပိုင္ႏိုင္တဲ့ သူမရဲ႕ သ႐ုပ္ေဆာင္ေကာင္းမႈေတြေၾကာင့္ ဇာတ္ကားေတြမ်ားစြာ ႐ိုက္ကူးထားသလို

ပါးခ်ိဳင့္အၿပဳံးခ်ိဳခ်ိဳေလးေတြနဲ႔ ခ်စ္စရာေကာင္းၿပီး ပြင့္လင္းတဲ့ ေနထိုင္မႈပုံရိပ္ေလးေတြက တကယ္ကို အခ်စ္ပိုစရာေလးပါပဲ..။ အႏုပညာအလုပ္ေတြကို ဆက္တိုက္လုပ္ေဆာင္ေနၿပီး ပရိသတ္ေတြနဲ႔ မိသားစုကိုသာ အေဖာ္ျပဳေနတဲ့ အပ်ိဳႀကီး မျမတ္ေလးကေတာ့ ခ်စ္သူရွိတဲ့အေၾကာင္းေလးကို အသိေပးေျပာျပထားေပမယ့္ အိမ္ေထာင္မျပဳေသးတာမို႔ သူမရဲ႕မဂၤလာသတင္းေလးကိုလည္း ပရိသတ္ေတြက

စိတ္ဝင္တစားေစာင့္ၾကည့္ေနၾကတာပါေနာ္..။ အခုတစ္ခါမွာေတာ့ မျမတ္ေလးတစ္ေယာက္ သူမရဲ႕မဂၤလာပြဲအတြက္ အက်ႌေတြခ်ဳပ္ၿပီး ျပင္ဆင္ေနၿပီဆိုၿပီး ပရိသတ္ေတြၾကား ထြက္ေပၚေနတဲ့ သတင္းေတြဟာ ေကာလဟာလေတြျဖစ္တဲ့အေၾကာင္း ရယ္ရယ္ေမာေမာေလးနဲ႔ ေျပာျပလာပါတယ္ေနာ္..။ အႏုပညာရွင္ေတြထဲက မဂၤလာသတင္းထြက္ၿပီဆို သူမလို႔ထင္ေနၾကတဲ့ အေၾကာင္းေလးနဲ႔ “ေလွ်ာက္စေနၾကတာျဖစ္မွာပါ..

သတင္းထြက္တာ ႀကိဳက္ပါတယ္ ယၾတာေက်တာေပါ့ လက္ရွိ အခ်စ္ေရးကေတာ့ သာသာယာယာပါပဲ ေပ်ာ္႐ႊင္ေနပါတယ္ အခုက မဂၤလာေဆာင္လို႔ မရေသးဘူး Covid ႀကီး ျဖစ္ေနလို႔..” ဆိုၿပီး မျမတ္ေလးက ခ်စ္စဖြယ္ေလး ေျပာျပထားတာပါ..။ လတ္တေလာအခ်စ္ေရးေလးနဲ႔ ပတ္သက္ၿပီး ေျပာျပထားေသးတဲ့ မျမတ္ေလးရဲ႕ ခ်စ္စရာဗီဒီယိုဖိုင္ေလးကိုလည္း ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝတင္ဆက္ေပးလိုက္ပါတယ္ေနာ္..။

About the author

Aung Lay

Leave a Comment