Cele News Video

ပရိသတ်တွေစောင့်မျှော်နေကြတဲ့ အက်စတာ Unseen သီချင်း MV ထွက်ရှိ

Written by Aung Lay

ပရိသတ်အချစ်တော် အက်စတာဒေါ့သ်ချင်းဆုန် ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားပြီး ပြိုင်ပွဲကြီးပြီးနောက်မှာ ဖျော်ဖြေရေးပွဲတွေကိုလည်း ဆက်တိုက်ကိုဖျော်ဖြေနေခဲ့ရတာဖြစ်ပါတယ်။မကြာသေးမီကမှ အက်စတာဟာ Unseen ဆိုတဲ့ သီချင်းသစ်လေးကို Music Video Teaser နဲ့အတူ ပရိသတ်တွေရှေ့မှောက်ကို ချပြခဲ့ပါသေးတယ်။

ယနေ့မှာတော့ ပရိသတ်တွေစိတ်ဝင်တစားစောင့်မျှော်နေတဲ့ အဆိုတော် အက်စတာရဲ့Unseen သီချင်း MV ထွက်ရှိလာပြီလည်း ဖြစ်ပါတယ်။အက်စတာရဲ့ ဒီအဆွေးသီချင်းအေးအေးလေးရဲ့ Music Video လေးကိုတော့ “ပုံပြောပြီးလှည့်စားနေမယ့်အစား တခါတည်းပြတ်ပြတ်သားသား ထားသွားလိုက်ပါ ” ဆိုပြီး အက်စတာရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ပရိသတ်ကြီးရေ ပရိသတ်တွေစောင့်မျှော်နေကြတဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးရဲ့ Winner ဆုရှင် အက်စတာဒေါ့သ်ချင်းဆုန်ရဲ့Unseen သီချင်း Music Videoကို ပြန်လည်ဝေမျှလိုက်ပါတယ်။

Source: Esther DCS

Zawgyi




 

Source: Esther DCS

About the author

Aung Lay

Leave a Comment