News

မန္တလေးလူငယ်သင်တန်းကျောင်းမှ ဒုတိယမြောက်သေဆုံးသူ မောင်ခိုင်ဇော်ထွန်း၏ နာရေးပြုလုပ်

Written by Aung Lay

မန္တလေးလူငယ်သင်တန်းကျောင်းမှ ဒုတိယမြောက်သေဆုံးသူ မောင်ခိုင်ဇော်ထွန်း၏ နာရေးပြုလုပ်

ဧရာဝတီ၊ သြဂုတ် ၆ ရက်၊ ၂၀၂၀ ခုနှစ်

မန္တလေးမြို့ရှိ လူငယ်သင်တန်းကျောင်းမှ ထွက်ပြေးခဲ့သော လူငယ်များထဲမှ ၁ ဦး အပါအဝင်ဖြစ်ပြီး သြဂုတ် ၅ ရက်နေ့က သေဆုံးခဲ့သူ မောင်ခိုင်ဇော်ထွန်းကို မန္တလေးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံမှ သယ်ဆောင်ကာ အေးရိပ်ငြိမ်သုဿန်သို့ ယနေ့ ပို့ဆောင် သဂြိုလ်ခဲ့သည်။

လွန်ခဲ့သည့် နှစ်အတွင်းက မုံရွာမြို့တွင် လုယက်မှုဖြင့် ဖမ်းဆီးခံရသော လူငယ် ၇ ဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ရာ အသက်မပြည့်သေးသည့်အတွက် ယခုနှစ် ဇူလိုင်လတွင် ၂၆ ရက်နေ့တွင် မန္တလေးမြို့လူငယ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့သည်။

၎င်းတို့ ၇ ဦး အနက် ၅ ဦးမှာ ရောက်ရှိပြီး ၅ ရက်အကြာ ဇူလိုင် ၃၁ တွင် သင်တန်းကျောင်းမှ ထွက်ပြေးသဖြင့် ကျောင်းတာဝန်ရှိသူများက လိုက်လံဖမ်းဆီးခဲ့ရာမှ ဒဏ်ရာများရရှိခဲ့ကာ မောင်ပြည့်ဖြိုးမောင် အမည်ရှိ လူငယ် ၁ ဦး သေဆုံးခဲ့ပြီး သြဂုတ် ၅ရက်နေ့တွင် မောင်ခိုင်ဇော်ထွန်း ထပ်မံ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ထွက်ပြေးရာတွင် ပါဝင်သည့် ကလေး ၂ ဦးမှာလည်း ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး ကျန်ကလေးများ၏ အခြေအနေကို မသိရသေးဘဲ မိသားစုဝင်များနှင့်လည်း မတွေ့ရသေးကြောင်း ကာယကံရှင်များက ပြောကြသည်။

သတင်းနှင့် ဓာတ်ပုံ- ဇော်ဇော်/ဧရာဝတီ
Credit-ဧရာဝတီ

Zawgyi

မႏၲေလးလူငယ္သင္တန္းေက်ာင္းမွ ဒုတိယေျမာက္ေသဆုံးသူ ေမာင္ခိုင္ေဇာ္ထြန္း၏ နာေရးျပဳလုပ္

ဧရာဝတီ၊ ၾသဂုတ္ ၆ ရက္၊ ၂၀၂၀ ခုႏွစ္

မႏၲေလးၿမိဳ႕ရွိ လူငယ္သင္တန္းေက်ာင္းမွ ထြက္ေျပးခဲ့ေသာ လူငယ္မ်ားထဲမွ ၁ ဦး အပါအဝင္ျဖစ္ၿပီး ၾသဂုတ္ ၅ ရက္ေန႔က ေသဆုံးခဲ့သူ ေမာင္ခိုင္ေဇာ္ထြန္းကို မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးရင္ခြဲ႐ုံမွ သယ္ေဆာင္ကာ ေအးရိပ္ၿငိမ္သုႆန္သို႔ ယေန႔ ပို႔ေဆာင္ သၿဂိဳလ္ခဲ့သည္။

လြန္ခဲ့သည့္ ႏွစ္အတြင္းက မုံ႐ြာၿမိဳ႕တြင္ လုယက္မႈျဖင့္ ဖမ္းဆီးခံရေသာ လူငယ္ ၇ ဦးကို ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္ခဲ့ရာ အသက္မျပည့္ေသးသည့္အတြက္ ယခုႏွစ္ ဇူလိုင္လတြင္ ၂၆ ရက္ေန႔တြင္ မႏၲေလးၿမိဳ႕လူငယ္သင္တန္းေက်ာင္းသို႔ ပို႔ေဆာင္ခဲ့သည္။

၎တို႔ ၇ ဦး အနက္ ၅ ဦးမွာ ေရာက္ရွိၿပီး ၅ ရက္အၾကာ ဇူလိုင္ ၃၁ တြင္ သင္တန္းေက်ာင္းမွ ထြက္ေျပးသျဖင့္ ေက်ာင္းတာဝန္ရွိသူမ်ားက လိုက္လံဖမ္းဆီးခဲ့ရာမွ ဒဏ္ရာမ်ားရရွိခဲ့ကာ ေမာင္ျပည့္ၿဖိဳးေမာင္ အမည္ရွိ လူငယ္ ၁ ဦး ေသဆုံးခဲ့ၿပီး ၾသဂုတ္ ၅ရက္ေန႔တြင္ ေမာင္ခိုင္ေဇာ္ထြန္း ထပ္မံ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း မိသားစုဝင္မ်ားထံမွ သိရသည္။

ထြက္ေျပးရာတြင္ ပါဝင္သည့္ ကေလး ၂ ဦးမွာလည္း ေဆး႐ုံတြင္ ေဆးကုသမႈ ခံယူေနရၿပီး က်န္ကေလးမ်ား၏ အေျခအေနကို မသိရေသးဘဲ မိသားစုဝင္မ်ားႏွင့္လည္း မေတြ႕ရေသးေၾကာင္း ကာယကံရွင္မ်ားက ေျပာၾကသည္။

သတင္းႏွင့္ ဓာတ္ပုံ- ေဇာ္ေဇာ္/ဧရာဝတီ
Credit-ဧရာဝတီ

About the author

Aung Lay

Leave a Comment