Cele News

ယုန်လေးရဲ့ သီချင်းဗီဒီယိုဖိုင် Share ခဲ့တဲ့ သူ့ရဲ့ရည်ရွယ်ချက်ကို ရဲဝင့်ပွင့်လင်းစွာ ပြောပြခဲ့တဲ့ မိုးယံဇွန်

Written by Aung Lay

ယုန်လေးရဲ့ သီချင်းဗီဒီယိုဖိုင် Share ခဲ့တဲ့ သူ့ရဲ့ရည်ရွယ်ချက်ကို ရဲဝင့်ပွင့်လင်းစွာ ပြောပြခဲ့တဲ့ မိုးယံဇွန်

ပရိသတ်ကြီးရေ မိုးယံဇွန်ကတော့ လက်ရှိမှာဂယက်ထကာ အမြင်ကွဲပြားနေတဲ့ ယုန်လေးရဲ့ ” ငါတို့အားလုံးရဲ့မြေ ” သီချင်း Music Videoလေးကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ Sharingပြုလုပ်ခဲ့တဲ့အကြောင်းကို ပွင့်လင်းစွာ ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။” သီချင်းကြိုက်လို့share တာစည်းလုံးခြင်းဆိုတဲ့ စာသားအဓိပ္ပါယ်ကိုနှစ်သက်လို့ share တာMV တင်ဆက်ပုံနဲ့မဆိုင်ပါဘူးဒီမိုကရေစီလေ လွတ်လပ်စွာသဘောထားကွဲလွဲ ပိုင်ခွင့်ရှိတယ်

ကြိုက်သည်ဖြစ်စေမကြိုက်သည် ဖြစ်စေ စိတ်ကြိုက်ခေါင်းစဉ်တပ်ပီးShare လို့ရတယ် မနက်ကတည်းကသီချင်းကြိုက်လို့ share လိုက်တယ်။မဆီမဆိုင် comment ဝင်ပီးလာရေးတယ်အာရုံမနှောက်ချင်လို့ တခုချင်းစီလိုက်ဖျက်ပီး

public comment off လိုက်တယ်Followers တွေပြန် on ပေးပါဆိုလို့ပြန် on လိုက် လဲ အဓိပ္ပါယ်မဲ့ မဆီမဆိုင်တွေထပ်လာမန့်တယ် အဲလောက်ပြောဆို ချင်ရင် ကွကိုယ်Share ပီး ကိုယ့်acc မှာရေးချင်ရာရေးပီးShare လေ ဒါမှမဟုတ် မူရင်းတင်တဲ့နေရာမှာပြောချင်သွားရေးပြောကြပါ🤗တော်ရုံတန်ရုံပဲ ကောင်းတယ်မဆီမဆိုင် လာတော့မရိုင်းနဲ့အကုသိုလ် မများချင်ဘူး ။”ဆိုတဲ့စာလေးကို တင်လာခဲ့တာပါ။

ယုန်လေးရဲ့ Music Videoကို အားပေးတဲ့သူတွေရှိသလို ဝေဖန်တဲ့သူတွေလည်း အများအပြားရှိနေတာကြောင့် မိုးယံဇွန်ကတော့ သူ့ရဲ့ခံစားချက်ကိုပြောပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်
Source: Moe Yann Zun

Zawgyi





Source: Moe Yann Zun

About the author

Aung Lay

Leave a Comment