ေလးစားဂုဏ္ယူပါတယ္ ေဒါက္တာ ….
COVID-19 ေရွ႕တန္းသြားဝံ့သူ၊ႏွလုံးလွ သတၱိရွင္ ေရနံေခ်ာင္းသူ ဆရာဝန္မေလး ေဒါက္တာျဖဴစင္ေနမ်ိဳး၊
COVID-19 ဆိုတာနဲ႕ ဘာလဲဆိုတာ ၿမိဳ႕ထဲ ႐ြာထဲ နိုင္ငံထဲ သာမက တစ္ကမာၻလုံး သိတဲ့ ကမာၻကပ္ေရာဂါဆိုးႀကီးပါ။ လူေတြ သိန္းသန္းခ်ီ အလ်င္အျမန္ ကူးစက္ျပန႔္ပြားခံေနရၿပီး ေသဆူံးသူအေျမာက္အမ်ားရွိေနဆဲပါ။ နိုင္ငံအသီးသီးက ကာကြယ္ဖို႔ ထိန္းခ်ဳပ္ဖို႔ ကုသဖို႔ ႀကိဳးစားေနၾကတာပါ။
ဒီထဲမွာ အသက္အႏၲရာယ္အမ်ားဆုံးနဲ႕ ေရွ႕တန္းထြက္ရင္ဆိုင္ ေနၾကသူေတြက က်န္းမာေရးဝန္ထမ္းေတြပါ။
ျမန္မာနိုင္ငံရဲ႕ ကိုဗစ္လူနာအမွတ္(၁)ဟာ ေဝးလံေခါင္းဖ်ားတဲ့ ခ်င္းျပည္နယ္က ႐ြာကေလးတစ္႐ြာက စခဲ့ၿပီး ကုသဖို႔သြားမယ့္ ေစတနာ ဝန္ထမ္း က်န္းမာေရးသူရဲေကာင္းေတြ ခ်က္ခ်င္းေပၚလာခဲ့ပါတယ္။
အကူးစက္ခံသူေတြ၊ ေစာင့္ၾကည့္ရမဲ့သူေတြ မ်ားလာသလို အေသအေပ်ာက္လဲ ရွိလာခဲ့ပါတယ္။ ဒီအခ်ိန္မွာ နိုင္ငံတဝွမ္းက က်န္းမာေရးဝန္ထမ္းေတြဟာ က်ရာေနရာကေန တာဝန္ထမ္းေဆာင္ဖို႔မိမိတို႔ရဲ႕ ဆႏၵအရ အဆိုျပဳလာၾကပါတယ္။
ဒီအထဲမွာ ဇမၺဴသီရိၿမိဳ႕နယ္ ျပည္သူ႕က်န္းမာေရးဦးစီးဌာနက ဦးစီးအရာရွိ (လက္ေထာက္ဆရာဝန္) ေဒါက္တာျဖဴစင္ေနမ်ိဳး လဲ ပါပါတယ္။ ေဒါက္တာျဖဴစင္ေနမ်ိဳးဟာ ေရနံေခ်ာင္းသူ ျဖစ္ၿပီး ဖခင္က ဦးသတိုးေနမ်ိဳး၊ မိခင္က ေဒၚမီမီတင္ေလးပါ။ ေဈးအေရွ႕ဘက္က စိတၱသုခဆိုရင္ မသိသူ မရွိပါ။
အခု သူ႕ကို ရန္ကုန္ ေဝဘာဂီအထူးကုေဆး႐ုံႀကီးကို (၂၅/၄/၂၀၂၀) ကေန (၂၄/၅/၂၀၂၀)ထိ တြဲဖက္တာဝန္ေပးလိုက္ပါတယ္။ ကုသေရးပိုင္းမွာ ရန္ကုန္ ေဝဘာဂီ အထူးကုေဆး႐ုံဟာ အဓိကက်တဲ့ ေဆး႐ုံျဖစ္ၿပီး အထူးၾကပ္မတ္ကုသေပးေနရတဲ့ ေနရာတစ္ေနရာျဖစ္ေနပါတယ္။ အႏၲရာယ္အမ်ားဆုံးေနရာလဲ ျဖစ္ပါတယ္။
အမိန႔္ေၾကာ္ျငာစာမွာ “ေဖၚျပပါ ဆရာဝန္အား က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန အေနျဖင့္ ေလးစားဂုဏ္ယူစြာ မွတ္တမ္းတင္ပါေၾကာင္း”ေဖၚျပထားပါတယ္။
ဒီလို အသက္အႏၲရာယ္မမႈဘဲ လုပ္ေဆာင္ေနၾကသူအားလုံးကို ဝန္ႀကီးဌာနတစ္ခုထဲမကပါ နိုင္ငံသူ နိုင္ငံသားမ်ားသာမက လူသားအားလုံးက ေက်းဇူးတင္ ဂုဏ္ျပဳၾကတာပါ။
ေရနံေခ်ာင္းသားမ်ားကလဲ ေရနံေခ်ာင္းသူ ႏွလုံးလွ သတၱိရွင္ ဆရာဝန္မေလးအတြက္ ဝမ္းသာ ဂုဏ္ယူ ေနၾကရတာပါ။
ေရွ႕တန္းက ရင္ေကာ့ ရင္ဆိုင္ဖို႔ သြားတဲ့ သမီးဆရာဝန္ကို သူ႕အေမက စာတစ္ေၾကာင္းနဲ႕ မွာလိုက္တယ္။
“ကုသိုလ္ယူရင္း ေလ့လာသင္ယူခဲ့ပါ သမီးငယ္”တဲ့၊
Unicode
ရေနံချောင်းက သူရဲကောင်းဆရာဝန် မလေး တစ်ယောက်အကြောင်း
ယခု သတင်းကို ( Zarni Tike ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်
လေးစားဂုဏ်ယူပါတယ် ဒေါက်တာ ….
COVID-19 အသက်အန္တရာယ်မမှု ရှေ့တန်းသွားဝံ့သူ၊နှလုံးလှ သတ္တိရှင် ရေနံချောင်းသူ ဆရာဝန်မလေး ဒေါက်တာဖြူစင်နေမျိုး၊
COVID-19 ဆိုတာနဲ့ ဘာလဲဆိုတာ မြို့ထဲ ရွာထဲ နိုင်ငံထဲ သာမက တစ်ကမ္ဘာလုံး သိတဲ့ ကမ္ဘာကပ်ရောဂါဆိုးကြီးပါ။ လူတွေ သိန်းသန်းချီ အလျင်အမြန် ကူးစက်ပြန့်ပွားခံနေရပြီး သေဆူံးသူအမြောက်အများရှိနေဆဲပါ။ နိုင်ငံအသီးသီးက ကာကွယ်ဖို့ ထိန်းချုပ်ဖို့ ကုသဖို့ ကြိုးစားနေကြတာပါ။
ဒီထဲမှာ အသက်အန္တရာယ်အများဆုံးနဲ့ ရှေ့တန်းထွက်ရင်ဆိုင် နေကြသူတွေက ကျန်းမာရေးဝန်ထမ်းတွေပါ။
မြန်မာနိုင်ငံရဲ့ ကိုဗစ်လူနာအမှတ်(၁)ဟာ ဝေးလံခေါင်းဖျားတဲ့ ချင်းပြည်နယ်က ရွာကလေးတစ်ရွာက စခဲ့ပြီး ကုသဖို့သွားမယ့် စေတနာ ဝန်ထမ်း ကျန်းမာရေးသူရဲကောင်းတွေ ချက်ချင်းပေါ်လာခဲ့ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ ကူးစက်ခံသူတွေ၊ စောင့်ကြည့်ရမဲ့သူတွေ များလာသလို အသေအပျောက်လဲ ရှိလာခဲ့ပါတယ်။ ဒီအချိန်မှာ နိုင်ငံတဝှမ်းက ကျန်းမာရေးဝန်ထမ်းတွေဟာ ကျရာနေရာကနေ တာဝန်ထမ်းဆောင်ဖို့မိမိတို့ရဲ့ ဆန္ဒအရ အဆိုပြုလာကြပါတယ်။
ဒီအထဲမှာ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးစီးအရာရှိ (လက်ထောက်ဆရာဝန်) ဒေါက်တာဖြူစင်နေမျိုး လဲ ပါပါတယ်။ ဒေါက်တာဖြူစင်နေမျိုးဟာ ရေနံချောင်းသူ ဖြစ်ပြီး ဖခင်က ဦးသတိုးနေမျိုး၊ မိခင်က ဒေါ်မီမီတင်လေးပါ။ ဈေးအရှေ့ဘက်က စိတ္တသုခဆိုရင် မသိသူ မရှိပါ။
အခု သူ့ကို ရန်ကုန် ဝေဘာဂီအထူးကုဆေးရုံကြီးကို (၂၅/၄/၂၀၂၀) ကနေ (၂၄/၅/၂၀၂၀)ထိ တွဲဖက်တာဝန်ပေးလိုက်ပါတယ်။ ကုသရေးပိုင်းမှာ ရန်ကုန် ဝေဘာဂီ အထူးကုဆေးရုံဟာ အဓိကကျတဲ့ ဆေးရုံဖြစ်ပြီး အထူးကြပ်မတ်ကုသပေးနေရတဲ့ နေရာတစ်နေရာဖြစ်နေပါတယ်။ အန္တရာယ်အများဆုံးနေရာလဲ ဖြစ်ပါတယ်။
အမိန့်ကြော်ငြာစာမှာ “ဖေါ်ပြပါ ဆရာဝန်အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် လေးစားဂုဏ်ယူစွာ မှတ်တမ်းတင်ပါကြောင်း”ဖေါ်ပြထားပါတယ်။
ဒီလို အသက်အန္တရာယ်မမှုဘဲ လုပ်ဆောင်နေကြသူအားလုံးကို ဝန်ကြီးဌာနတစ်ခုထဲမကပါ နိုင်ငံသူ နိုင်ငံသားများသာမက လူသားအားလုံးက ကျေးဇူးတင် ဂုဏ်ပြုကြတာပါ။
ရေနံချောင်းသူ ရေနံချောင်းသားများကလဲ ရေနံချောင်းသူ နှလုံးလှ သတ္တိရှင် ဆရာဝန်မလေးအတွက် ဝမ်းသာ ဂုဏ်ယူ နေကြရတာပါ။
ရှေ့တန်းက ရင်ကော့ ရင်ဆိုင်ဖို့ သွားတဲ့ သမီးဆရာဝန်ကို သူ့အမေက စာတစ်ကြောင်းနဲ့ မှာလိုက်တယ်။
“ကုသိုလ်ယူရင်း လေ့လာသင်ယူခဲ့ပါ သမီးငယ်”တဲ့။