Health

သွေးတိုးရောဂါရှင်တွေ လိုက်နာရန် နှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များ

Written by Aung Lay

သွေးတိုးရောဂါကို ထိန်းဖို့က ဆေးပုံမှန်သောက်ဖို့အပြင် ကိုယ်စားသောက်နေထိုင်တဲ့ “Life style”ကလည်း အများကြီး သက်ရောက်မှုရှိပါတယ်….။ သွေးကျဆေးတွေကတော့ လူတစ်ဦးတစ်ယောက်ချင်းစီအပေါ်မူတည်ပြီး ပေးရတာမို့ အခုကတော့ ဘယ်လိုစားသောက်နေထိုင်ရမယ်ဆိုတဲ့ အကြောင်းကို အဓိကထား တင်ဆက်ပေးမှာဖြစ်ပါတယ်…

အစားသောက်ပိုင်းမှာတော့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အစေ့အနှံ၊ အဖြူရောင် အသားတွေဖြစ်တဲ့ ကြက်သား၊ ငါး ၊ အဆီလျော့ထားတဲ့နို့ထွက်ပစ္စည်းတွေကို စားပေးရမှာဖြစ်ပါတယ်…။ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ အစားစာ (ဥပမာ – ငှက်ပျောသီး) တွေကို စားသုံးပေးရမှာဖြစ်ပါတယ်…။

ပြည့်ဝဆီပါတဲ့အစားစာတွေ၊ အမဲသား၊ ဝက်သား၊ ဆိတ်သား၊ အချိုအဆိမ့်၊ သကြားတွေကို လျော့စားရမှာဖြစ်ပါတယ်…။ ကဖင်းဓာတ်ပါတာတွေကိုလည်း အလွန်အကျွံမသောက်ပဲ၊ အငံဓာတ်လျော့ဖို့လိုအပ်တာဖြစ်ပါတယ်…။ ကိုယ်က ကိုယ်အလေးချိန်များနေတယ်၊

အဝလွန်တဲ့ထဲပါနေတယ်ဆိုရင် ဝိတ်လျော့ဖို့ လိုအပ်ပါတယ်….။ ကိုယ်အလေးချိန် တစ်ကီလိုဂရမ်ချတိုင်း သွေးပေါင်ချိန် ၁ မီလီလီတာမာကျူရီ ( 1 mmHg) ကျဆင်းသွားတာဖြစ်ပါတယ်…။ စိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ “stress hormone” တွေထွက်တာကြောင့် သွေးပေါင်တက်စေတာဖြစ်ပြီး ဒီ stress တွေကို သေချာထိန်းချုပ်နိုင်ဖို့က အင်မတန်အရေးကြီးပါတယ်

ကိုယ်လက်လှုပ်ရှားမှုတွေ မှန်မှန်လေး လုပ်ပေးတာက သွေးပေါင်ချိန်ကိုလည်း ကျစေပြီး စိတ်ဖိစီးမှုတွေ၊ တခြားကျန်းမာရေးပြဿနာတွေကိုလည်း လျော့ပါးစေပါတယ်နော်…။ ပြီးရင် အရက်လျော့သောက်ဖို့ လိုအပ်တာဖြစ်ပါတယ်…။ ကိုယ်က ကျန်းမာနေတယ်ဆိုရင်တောင်မှ အရက်က သွေးပေါင်ချိန်ကို တက်စေပါတယ်…။ ဒါကြောင့်မလို့ အရက်သောက်မယ်ဆိုရင် အမျိုးသမီးတွေမှာ တစ်နေ့ကို တစ်ပတ်နှုန်း၊ အမျိုးသားတွေမှာ နှစ်ပတ်နှုန်းလောက်က အသင့်တော်ဆုံးဖြစ်ပါတယ်…။

ဆေးလိပ်နဲ့ ဆေးရွက်ကြီးတွေက သွေးကြောတွေကို ထိခိုက်စေပြီး သွေးကြောထဲမှာ သွေးခဲလေးတွေ ဖြစ်ပေါ်လာစေပါတယ်…။ ဒါကြောင့် ဆေးလိပ်သောက်တယ်ဆိုရင် ဆေးလိပ်ဖြတ်ဖို့ တိုက်တွန်းချင်ပါတယ်..။ စာဖတ်ပရိသတ်ကြီး ကျန်းမာသက်ရှည်တဲ့ဘဝကို အပူပန်ကင်းကင်းနေနိုင်ဖို့

အတွက် သွေးတိုးလို ကူးစက်ခြင်းကြောင့်မဟုတ်တဲ့ ရောဂါတွေကို ကြောက်ဖို့မလိုဘဲ စနစ်တကျနေထိုင် လိုက်နာစားသောက်ဖို့သာ လိုအပ်ကြောင်းကို ဒေါက်တာစိမ့်ရဲ့ “သွေးတိုးရောဂါရှင်တွေလိုက်နာရန်” ဆိုတဲ့ ကျန်းမာရေး ဆောင်းပါးမှာရေးသားထားတဲ့အတိုင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်……

Source ဒေါက်တာစိမ့်စမ်းဖြူ

Zawgyi

ေသြးတိုးေရာဂါကို ထိန္းဖို႔က ေဆးပုံမွန္ေသာက္ဖို႔အျပင္ ကိုယ္စားေသာက္ေနထိုင္တဲ့ “Life style”ကလည္း အမ်ားႀကီး သက္ေရာက္မႈရွိပါတယ္….။ ေသြးက်ေဆးေတြကေတာ့ လူတစ္ဦးတစ္ေယာက္ခ်င္းစီအေပၚမူတည္ၿပီး ေပးရတာမို႔ အခုကေတာ့ ဘယ္လိုစားေသာက္ေနထိုင္ရမယ္ဆိုတဲ့ အေၾကာင္းကို အဓိကထား တင္ဆက္ေပးမွာျဖစ္ပါတယ္…

အစားေသာက္ပိုင္းမွာေတာ့ ဟင္းသီးဟင္း႐ြက္၊ သစ္သီးဝလံ၊ အေစ့အႏွံ၊ အျဖဴေရာင္ အသားေတြျဖစ္တဲ့ ၾကက္သား၊ ငါး ၊ အဆီေလ်ာ့ထားတဲ့ႏို႔ထြက္ပစၥည္းေတြကို စားေပးရမွာျဖစ္ပါတယ္…။ ပိုတက္ဆီယမ္ဓာတ္ ႂကြယ္ဝတဲ့ အစားစာ (ဥပမာ – ငွက္ေပ်ာသီး) ေတြကို စားသုံးေပးရမွာျဖစ္ပါတယ္…။

ျပည့္ဝဆီပါတဲ့အစားစာေတြ၊ အမဲသား၊ ဝက္သား၊ ဆိတ္သား၊ အခ်ိဳအဆိမ့္၊ သၾကားေတြကို ေလ်ာ့စားရမွာျဖစ္ပါတယ္…။ ကဖင္းဓာတ္ပါတာေတြကိုလည္း အလြန္အကြၽံမေသာက္ပဲ၊ အငံဓာတ္ေလ်ာ့ဖို႔လိုအပ္တာျဖစ္ပါတယ္…။ ကိုယ္က ကိုယ္အေလးခ်ိန္မ်ားေနတယ္၊

အဝလြန္တဲ့ထဲပါေနတယ္ဆိုရင္ ဝိတ္ေလ်ာ့ဖို႔ လိုအပ္ပါတယ္….။ ကိုယ္အေလးခ်ိန္ တစ္ကီလိုဂရမ္ခ်တိုင္း ေသြးေပါင္ခ်ိန္ ၁ မီလီလီတာမာက်ဴရီ ( 1 mmHg) က်ဆင္းသြားတာျဖစ္ပါတယ္…။ စိတ္ဖိစီးမႈေတြျဖစ္လာတဲ့အခါ “stress hormone” ေတြထြက္တာေၾကာင့္ ေသြးေပါင္တက္ေစတာျဖစ္ၿပီး ဒီ stress ေတြကို ေသခ်ာထိန္းခ်ဳပ္ႏိုင္ဖို႔က အင္မတန္အေရးႀကီးပါတယ္

ကိုယ္လက္လႈပ္ရွားမႈေတြ မွန္မွန္ေလး လုပ္ေပးတာက ေသြးေပါင္ခ်ိန္ကိုလည္း က်ေစၿပီး စိတ္ဖိစီးမႈေတြ၊ တျခားက်န္းမာေရးျပႆနာေတြကိုလည္း ေလ်ာ့ပါးေစပါတယ္ေနာ္…။ ၿပီးရင္ အရက္ေလ်ာ့ေသာက္ဖို႔ လိုအပ္တာျဖစ္ပါတယ္…။ ကိုယ္က က်န္းမာေနတယ္ဆိုရင္ေတာင္မွ အရက္က ေသြးေပါင္ခ်ိန္ကို တက္ေစပါတယ္…။ ဒါေၾကာင့္မလို႔ အရက္ေသာက္မယ္ဆိုရင္ အမ်ိဳးသမီးေတြမွာ တစ္ေန႔ကို တစ္ပတ္ႏႈန္း၊ အမ်ိဳးသားေတြမွာ ႏွစ္ပတ္ႏႈန္းေလာက္က အသင့္ေတာ္ဆုံးျဖစ္ပါတယ္…။

ေဆးလိပ္နဲ႔ ေဆး႐ြက္ႀကီးေတြက ေသြးေၾကာေတြကို ထိခိုက္ေစၿပီး ေသြးေၾကာထဲမွာ ေသြးခဲေလးေတြ ျဖစ္ေပၚလာေစပါတယ္…။ ဒါေၾကာင့္ ေဆးလိပ္ေသာက္တယ္ဆိုရင္ ေဆးလိပ္ျဖတ္ဖို႔ တိုက္တြန္းခ်င္ပါတယ္..။ စာဖတ္ပရိသတ္ႀကီး က်န္းမာသက္ရွည္တဲ့ဘဝကို အပူပန္ကင္းကင္းေနႏိုင္ဖို႔

အတြက္ ေသြးတိုးလို ကူးစက္ျခင္းေၾကာင့္မဟုတ္တဲ့ ေရာဂါေတြကို ေၾကာက္ဖို႔မလိုဘဲ စနစ္တက်ေနထိုင္ လိုက္နာစားေသာက္ဖို႔သာ လိုအပ္ေၾကာင္းကို ေဒါက္တာစိမ့္ရဲ႕ “ေသြးတိုးေရာဂါရွင္ေတြလိုက္နာရန္” ဆိုတဲ့ က်န္းမာေရး ေဆာင္းပါးမွာေရးသားထားတဲ့အတိုင္း ျပန္လည္မွ်ေဝေပးလိုက္ပါတယ္……။

Source ေဒါက္တာစိမ့္စမ္းျဖဴ

About the author

Aung Lay

Leave a Comment