ရန္ကုန္တိုင္းအစိုးရက တရားစြဲထားသည့္ ေစာေဒးဗစ္လား ေမ ၂၀ ရက္တြင္ City Hotel Yangon မွ Quarantine ထြက္မည္ျဖစ္ၿပီး လုပ္ထုံးလုပ္နည္း အတိုင္း ဆက္လက္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ဗိုလ္တေထာင္ၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၁) တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ထူးက ေျပာၾကားသည္။“သူက ဒီေန႔ျပည့္မွာ (ေမ ၁၉) ဒါေပမဲ့ မနက္ဖန္ (ေမ ၂၀) မွ လုပ္ထုံးလုပ္နည္းအတိုင္း သြားမွာပါ၊ က်န္တာကို တိုင္းအစိုးရက ဘယ္လိုစီစဥ္မယ္မသိဘူး” ဟု ဦးေအာင္ထူးက ေျပာၾကားသည္။“ေဒးဗစ္လားက ဟိုတယ္ Quarantine ရွိေနေသးပါတယ္။ က်န္းမာေရးရက္ေလး မျပည့္ေသးလို႔ေနမယ္။ ဒါနဲ႔ပတ္သက္လို႔ ေထြအုပ္နဲ႔မဆိုင္ပါဘူး။
အဓိကကေတာ့ က်န္းမာေရးက သတ္မွတ္ထားတဲ့ Quarantine ဝင္တာပဲေလ။ လုပ္စရာရွိတဲ့အပိုင္းကေတာ့ က်န္းမာေရးဌာနတို႔ ရွင္းရမယ့္ ကိစၥေလးေတြ ရွိအုန္းမယ္နဲ႔တူတယ္။ အဲဒီမွာ ကြၽန္ေတာ္တို႔အဖြဲ႕ေတြကို ၾကည့္ခိုင္းထားပါတယ္” ဟု ဗိုလ္တေထာင္ၿမိဳ႕နယ္၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးစိန္ေသာင္းက ေျပာၾကားသည္။ရန္ကုန္တိုင္းအစိုးရက တရားစြဲဆိုထားသည့္ ေဒးဗစ္လားအား ေမ ၁၂ ရက္တြင္ မရမ္းကုန္းၿမိဳ႕မွ ရဲစခန္းက City Hotel Yangon သို႔ လာေရာက္ကာ စစ္ေဆးခ်က္မ်ား ယူခဲ့ၿပီး ေမ ၂၀ ရက္ တြင္ မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံး၌ ႐ုံးထုတ္မည္ျဖစ္ေၾကာင္း စုံစမ္းသိရသည္။
ရန္ကုန္တိုင္းအတြင္း COVID-19 ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ပတ္သက္၍ ၫႊန္ၾကားခ်က္မ်ားအား လိုက္နာရန္ ပ်က္ကြက္ခဲ့သည့္ သင္းအုပ္ဆရာအပါအဝင္ လူေလးဦးအား သက္ဆိုင္ရာၿမိဳ႕နယ္ ရဲစခန္းမ်ားတြင္ အမႈဖြင့္ထားေၾကာင္း ဧၿပီ ၁၄ ရက္တြင္ ရန္ကုန္တိုင္းေဒသႀကီး COVID-19 ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီက ေၾကညာထားသည္။အဆိုပါ ေလးေယာက္အား သဘာဝေဘးအႏၲရာယ္ ကာကြယ္ေရးဥပေဒပုဒ္မ ၂၅ ျဖင့္ အမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး COVID-19 ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီအတြင္းေရးမႉး (၂) ဦးမိုးဟိန္းက ေျပာၾကားထားသည္။
COVID-19 ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီ၏ အသိေပးေၾကညာခ်က္တြင္ COVID-19 ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ ပတ္သက္၍ ၫႊန္ၾကားခ်က္မ်ားအား လိုက္နာရန္ ပ်က္ကြက္ခဲ့သည့္ ဦးေစာကြယ္ဝါး (သင္းအုပ္ဆရာ)၊ အမႈေတာ္ေဆာင္ ဦးေစာေရဂန္ဒီ၊ ဦးေစာေဒဗစ္ (ခ) ဦးေစာေဒးဗစ္လား (တရားေဟာဆရာ)ႏွင့္ ဦးေဝထြန္း (နဝရတ္ေတးသံသြင္း) တို႔ေလးဦးအား ေရာဂါျဖစ္ပြားေစႏိုင္သည့္ လူစုလူေဝး ျပဳလုပ္ေဆာင္႐ြက္ခဲ့ျခင္းအေပၚ သဘာဝေဘးအႏၲရာယ္ဆိုင္ စီမံခန႔္ခြဲမႈဥပေဒအရ အင္းစိန္ၿမိဳ႕မ ရဲစခန္းႏွင့္ မရမ္းကုန္းၿမိဳ႕မ ရဲစခန္းတို႔တြင္ အမႈဖြင့္ထားေၾကာင္း ေဖာ္ျပထားသည္။
လူစုလူေဝးျပဳလုပ္ျခင္းေၾကာင့္ ေရာဂါပိုးေတြ႕ရွိခဲ့သည့္ ရန္ကုန္တိုင္းအတြင္း COVID-19 ေရာဂါပိုး ေတြ႕ရွိခဲ့သည့္ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္၊ အေနာက္ပိုင္းခ႐ိုင္ႏွင့္ ေျမာက္ပိုင္းခ႐ိုင္အတြင္းရွိ ေနရာမ်ားကို အသြားအလာ ကန႔္သတ္တားျမစ္ျခင္း ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမူဥပေဒ ပုဒ္မ ၂၅ သည္ မည္သူမဆို ဆန္းစစ္ခ်က္မျပဳလုပ္ဘဲ ေပါ့ဆစြာ ေဆာင္႐ြက္မႈ တစ္ခုခုေၾကာင့္ျဖစ္ေစ သဘာဝေဘးအႏၲရာယ္ ျဖစ္ေပၚလွ်င္ သို႔မဟုတ္ ျဖစ္ေပၚေစရန္ အေၾကာင္းရွိလွ်င္ ထိုသူကို သုံးႏွစ္ထက္ မပိုေသာ ေထာင္ဒဏ္ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္ေၾကာင္း ဥပေဒတြင္ ေဖာ္ျပထားသည္။
Unicode
ရန်ကုန်တိုင်းအစိုးရက တရားစွဲထားသည့် စောဒေးဗစ်လား မေ ၂၀ ရက်တွင် City Hotel Yangon မှ Quarantine ထွက်မည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်း အတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးက ပြောကြားသည်။“သူက ဒီနေ့ပြည့်မှာ (မေ ၁၉) ဒါပေမဲ့ မနက်ဖန် (မေ ၂၀) မှ လုပ်ထုံးလုပ်နည်းအတိုင်း သွားမှာပါ၊ ကျန်တာကို တိုင်းအစိုးရက ဘယ်လိုစီစဉ်မယ်မသိဘူး” ဟု ဦးအောင်ထူးက ပြောကြားသည်။“ဒေးဗစ်လားက ဟိုတယ် Quarantine ရှိနေသေးပါတယ်။ ကျန်းမာရေးရက်လေး မပြည့်သေးလို့နေမယ်။ ဒါနဲ့ပတ်သက်လို့ ထွေအုပ်နဲ့မဆိုင်ပါဘူး။
အဓိကကတော့ ကျန်းမာရေးက သတ်မှတ်ထားတဲ့ Quarantine ဝင်တာပဲလေ။ လုပ်စရာရှိတဲ့အပိုင်းကတော့ ကျန်းမာရေးဌာနတို့ ရှင်းရမယ့် ကိစ္စလေးတွေ ရှိအုန်းမယ်နဲ့တူတယ်။ အဲဒီမှာ ကျွန်တော်တို့အဖွဲ့တွေကို ကြည့်ခိုင်းထားပါတယ်” ဟု ဗိုလ်တထောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်သောင်းက ပြောကြားသည်။ရန်ကုန်တိုင်းအစိုးရက တရားစွဲဆိုထားသည့် ဒေးဗစ်လားအား မေ ၁၂ ရက်တွင် မရမ်းကုန်းမြို့မှ ရဲစခန်းက City Hotel Yangon သို့ လာရောက်ကာ စစ်ဆေးချက်များ ယူခဲ့ပြီး မေ ၂၀ ရက် တွင် မရမ်းကုန်းမြို့နယ် တရားရုံး၌ ရုံးထုတ်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။
ရန်ကုန်တိုင်းအတွင်း COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်ခဲ့သည့် သင်းအုပ်ဆရာအပါအဝင် လူလေးဦးအား သက်ဆိုင်ရာမြို့နယ် ရဲစခန်းများတွင် အမှုဖွင့်ထားကြောင်း ဧပြီ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကြေညာထားသည်။အဆိုပါ လေးယောက်အား သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး (၂) ဦးမိုးဟိန်းက ပြောကြားထားသည်။
COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ အသိပေးကြေညာချက်တွင် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်ခဲ့သည့် ဦးစောကွယ်ဝါး (သင်းအုပ်ဆရာ)၊ အမှုတော်ဆောင် ဦးစောရေဂန်ဒီ၊ ဦးစောဒေဗစ် (ခ) ဦးစောဒေးဗစ်လား (တရားဟောဆရာ)နှင့် ဦးဝေထွန်း (နဝရတ်တေးသံသွင်း) တို့လေးဦးအား ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေး ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းအပေါ် သဘာဝဘေးအန္တရာယ်ဆိုင် စီမံခန့်ခွဲမှုဥပဒေအရ အင်းစိန်မြို့မ ရဲစခန်းနှင့် မရမ်းကုန်းမြို့မ ရဲစခန်းတို့တွင် အမှုဖွင့်ထားကြောင်း ဖော်ပြထားသည်။
လူစုလူဝေးပြုလုပ်ခြင်းကြောင့် ရောဂါပိုးတွေ့ရှိခဲ့သည့် ရန်ကုန်တိုင်းအတွင်း COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်အတွင်းရှိ နေရာများကို အသွားအလာ ကန့်သတ်တားမြစ်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဥပဒေ ပုဒ်မ ၂၅ သည် မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လျှင် သို့မဟုတ် ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။