ကို႐ိုနာ ေရာဂါမကူးစက္ေအာင္ ဘုရားသခင္ရဲ႕ ေကာင္းခ်ီးျဖင့္ “မန္း” ေပးတဲ့ ကင္မ႐ြန္းႏိုင္ငံက သင္းအုပ္ဆရာျဖစ္သူ အန္ဒီဖာဟာ ၿပီးခဲ့တဲ့စေနေန႔ကပဲ ကိုဗစ္ ၁၉ ကူးစက္ခံရၿပီး ေသဆုံးခဲ့တယ္လို႔ သိရွိရပါတယ္။
သတင္းမီဒီယာမ်ားရဲ႕ ေဖာ္ျပခ်က္အရ အန္ဒီဖာဟာ ၾသဇာႀကီးတဲ့ သင္းအုပ္ဆရာတစ္ဦးျဖစ္ၿပီး မေသဆုံးခင္ တစ္ပတ္ခန္႔ကသူ႔ရဲ႕ လက္နဲ႔တပည့္ေတြရဲ႕ ဦးေခါင္းကိုကိုင္ၿပီး ကိုဗစ္ ၁၉ မကူးစက္ေအာင္ မန္းမႈန္ေပးခဲ့တယ္လို႔ သိရွိရပါတယ္။
အခုေတာ့ သူဟာ ကိုဗစ္ ၁၉ နဲ႔ ေသဆုံးခဲ့ၿပီျဖစ္ပါတယ္။ သူဟာဆိုရင္ မေသဆုံးခင္ကတည္းက ေရာဂါကူးစက္ခံထားရမွန္း သိေပမယ့္ ဘုရားသခင္ရဲ႕ေကာင္းခ်ီးျဖင့္ ျပန္လည္ေကာင္းမြန္လာမယ္ဆိုတဲ့ ယုံၾကည္မႈလြန္ကဲတာေၾကာင့္ ေဆးကုသမႈ ခံယူတာေနာက္က်ခဲ့တာျဖစ္တယ္လို႔ တာဝန္ခံကုသေပးတဲ့ ေဒါက္တာက စိတ္မေကာင္းစြာျဖင့္ ေျပာဆိုခဲ့ပါတယ္။
သူ႔ရဲ႕ ႐ုပ္အေလာင္းကိုေတာ့ ေဆး႐ုံမွာ စနစ္တက်သၿဂိဳလ္ဖို႔ ေဆာင္႐ြက္ခဲ့ေပမယ့္ သူ႔ကိုယုံၾကည္ကိုးကြယ္သူေတြရဲ႕ ျပင္းျပတဲ့ဆႏၵအရ သူ႔ရဲ႕ေနအိမ္ေရွ႕မွာပဲ သၿဂိဳလ္ခဲ့ရတယ္လို႔ သိရပါတယ္။
ေနာက္ဆုံး ေဆးစစ္ခ်က္ေတြ အရ သူမေသဆုံးခင္က ေရာဂါမကူးစက္ေအာင္ ဦးေခါင္းကိုင္ “မန္း” ေပးခဲ့သူေတြမွာလည္း ေရာဂါကူးစက္ခံထားရေၾကာင့္ စစ္ေဆးေတြ႕ရွိရတယ္လို႔ ဆိုပါတယ္။
ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ
Unicode
ကိုရိုနာ ရောဂါမကူးစက်အောင် ဘုရားသခင်ရဲ့ ကောင်းချီးဖြင့် “မန်း” ပေးတဲ့ ကင်မရွန်းနိုင်ငံက သင်းအုပ်ဆရာဖြစ်သူ အန်ဒီဖာဟာ ပြီးခဲ့တဲ့စနေနေ့ကပဲ ကိုဗစ် ၁၉ ကူးစက်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။
သတင်းမီဒီယာများရဲ့ ဖော်ပြချက်အရ အန်ဒီဖာဟာ သြဇာကြီးတဲ့ သင်းအုပ်ဆရာတစ်ဦးဖြစ်ပြီး မသေဆုံးခင် တစ်ပတ်ခန့်ကသူ့ရဲ့ လက်နဲ့တပည့်တွေရဲ့ ဦးခေါင်းကိုကိုင်ပြီး ကိုဗစ် ၁၉ မကူးစက်အောင် မန်းမှုန်ပေးခဲ့တယ်လို့ သိရှိရပါတယ်။
အခုတော့ သူဟာ ကိုဗစ် ၁၉ နဲ့ သေဆုံးခဲ့ပြီဖြစ်ပါတယ်။ သူဟာဆိုရင် မသေဆုံးခင်ကတည်းက ရောဂါကူးစက်ခံထားရမှန်း သိပေမယ့် ဘုရားသခင်ရဲ့ကောင်းချီးဖြင့် ပြန်လည်ကောင်းမွန်လာမယ်ဆိုတဲ့ ယုံကြည်မှုလွန်ကဲတာကြောင့် ဆေးကုသမှု ခံယူတာနောက်ကျခဲ့တာဖြစ်တယ်လို့ တာဝန်ခံကုသပေးတဲ့ ဒေါက်တာက စိတ်မကောင်းစွာဖြင့် ပြောဆိုခဲ့ပါတယ်။
သူ့ရဲ့ ရုပ်အလောင်းကိုတော့ ဆေးရုံမှာ စနစ်တကျသဂြိုလ်ဖို့ ဆောင်ရွက်ခဲ့ပေမယ့် သူ့ကိုယုံကြည်ကိုးကွယ်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒအရ သူ့ရဲ့နေအိမ်ရှေ့မှာပဲ သဂြိုလ်ခဲ့ရတယ်လို့ သိရပါတယ်။
နောက်ဆုံး ဆေးစစ်ချက်တွေ အရ သူမသေဆုံးခင်က ရောဂါမကူးစက်အောင် ဦးခေါင်းကိုင် “မန်း” ပေးခဲ့သူတွေမှာလည်း ရောဂါကူးစက်ခံထားရကြောင့် စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။
နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ