Baydin

တစ်ပါတ်စာ ၇ရက်သားသမီးများ ဟောစာတမ်း – 21.5.2020 မှ 27.5.2020 အထိ

Written by Aung Lay

တနဂၤေႏြ

အလုပ္သစ္၊ စီးပြားသစ္မ်ား၊ ရပ္ေဝးခရီးစဥ္မ်ားအတြက္ စီစဥ္ေဆာင္႐ြက္ရန္ အခ်ိန္အခါေကာင္းျဖစ္သည္။ မိမိအထက္အရာရွိမ်ား မိမိကိုအုပ္ခ်ဳပ္သူမ်ားႏွင့္ သေဘာထားကြဲလြဲမႈရွိေနပါလိမ့္မည္။ လူမႈဆက္ဆံေရးမ်ားတြင္ အနစ္နာခံရမႈမ်ားျပားေနရပါလိမ့္မည္။အရာရာတြင္ စိတ္ျမန္လက္ျမန္ျပဳတတ္သူျဖစ္ေသာ္လည္း မိမိ၏ လုပ္ေဆာင္ ခ်က္မ်ားသည္ ယခုအခ်ိန္ ေႏွးေကြးေလးလံေနမည္။ ႀကဳံေတြ႕ပတ္သက္လာတတ္ပါေသာ မည္သည့္ကိစၥတြင္မဆို ထိပ္တိုက္ရင္ဆိုင္ေျဖရွင္းရန္လိုပါသည္။ အေတြးအေခၚ ေကာင္း၍ ေရွ႕ေရးအတြက္ႀကိဳတင္ႀကံဆ နည္းလမ္းရွာေဖြ ထား သူမ်ား အလြန္ေကာင္းပါလိမ့္မည္။ ႐ုတ္တရက္ ႀကဳံေတြ႕ရေသာ အေျခအေနမ်ားအေပၚတြင္ ႀကဳံသလိုရင္ဆိုင္ရ သူမ်ား အဖို႔ အခက္အခဲမ်ားရွိႏိုင္ပါတယ္။ အိမ္ေထာင္ဘက္၏ အလိုက္သိစြာအားေပးမႈ၊ နားလည္ေပးမႈမ်ားေၾကာင့္ စိတ္ခ်မ္းသာရပါလိမ့္မည္။ အႏုပညာလုပ္ငန္း၊ အႏုပညာသည္မ်ားႏွင့္ ရင္းရင္းႏွီးႏွီးပူးတြဲ၍ စီးပြားေရးကိစၥမ်ား ေဆာင္႐ြက္မႈ ျပဳရပါလိမ့္မည္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူရဲ႕ ျပႆနာေတြက မိမိကပါဝင္ကူေျဖရွင္းေပးေနရတတ္ပါ တယ္။ပညာေရးမွာေတာ့ အားရစရာေကာင္းတဲ့ အေနအထားပါပဲ။ က်န္းမာေရး ေဒါင္ေဒါင္ျမည္ေကာင္းေနတတ္ပါ တယ္။

အက်ိဳးေပးဂဏန္း ၁/၄/၃ ၊ အထူးေဟာ အနည္းငယ္အလုပ္မ်ား၍ ပင္ပန္းေနရတတ္ပါတယ္။ယၾတာ ကိတ္မုန႔္ႏွစ္ခ်ပ္ ကေလးတစ္ဦးကို ဝယ္ေကြၽးလိုက္ပါ။

တနလၤာ

ဒီကာလအတြင္းစီးပြားေရးလုပ္ငန္းမ်ား အရွိန္အဟုန္ေကာင္းျဖင့္ေအာင္ျမင္ေနတတ္သည္။အထူးသျဖင့္ မွ်မွ် တတျဖင့္ အုပ္စုလိုက္လုပ္ရေသာ စီးပြားေရးလုပ္ငန္းမ်ား အဆင္ေျပပါလိမ့္မည္။ ေမြးရပ္ေျမမ်ား၊မိမိက်င္လည္ခဲ့တဲ့ ေနရာမ်ားသို႔ သြားေရာက္လည္ပတ္ရတတ္သည္။ ရရွိရန္ရွိေသာေငြေၾကးမ်ားလည္း အလြယ္တကူျပန္၍ ရရွိပါလိမ့္မည္။ မိတ္ေဆြအေပါင္းအသင္းမ်ားၾကားတြင္ မ်က္ႏွာပြင့္ျခင္း၊ အေရးေပးခံရျခင္း၊ ဦးစားေပးခံရျခင္းမ်ား ျဖစ္ေပၚပါလိမ့္မည္။ သားသမီးရတနာရဖို႔ခက္ခဲေနသူမ်ားသမားေတာ္ေကာင္းနဲ႔ျပသင့္တဲ့ ကာလပါပဲ။အိမ္အတြက္ လိုအပ္ ေနေသာ ဇိမ္ခံအသုံးအေဆာင္ ပစၥည္းအခ်ိဳ႕ ဝင္လာပါလိမ့္မည္။ အိမ္၊ ေျမ ပိုင္ဆိုင္ခြင့္မ်ား၊ စာခ်ဳပ္ စာတမ္း မ်ား လက္ဝယ္ပိုင္ဆိုင္ခြင့္ရမည္။ အခ်စ္ေရးတြင္ ခ်စ္သူကအရာရာခြင့္လႊတ္နားလည္ေပးပါလိမ့္မယ္။ တတ္ ႏိုင္သမွ် ကုသိုလ္ ေကာင္းမႈမ်ား ျပဳလုပ္ေပးပါ။ ကုသိုလ္ေကာင္းမႈနဲ႔အတူကံေကာင္းျခင္း ေတြ တြဲပါလာပါလိမ့္မယ္။ လူငယ္ မ်ားကိုယ္ခႏၶာ က်န္းမာသန္စြမ္း၍ စိတ္သြားတိုင္းကိုယ္ပါ၍ စိတ္ခ်မ္းသာမႈမ်ား ခံစားရပါလိမ့္မည္။ အသက္ႀကီး သူမ်ား က်န္းမာေရး အနည္းငယ္ ညံ့ေနပါတယ္။ အငန္ေလွ်ာ့စားလိုက္ပါ။အိမ္ေထာင္ေရးအညံ့မရွိႏိုင္ပါဘူး။ ပညာ ေရးမွာေတာ့ ေက်ာင္းပညာထက္ အသိပညာဗဟုသုတေတြရလြယ္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၂/၅/၈ ၊ အထူးေဟာ ကံအေကာင္းေလးေတြမ်ားပါတယ္။ယၾတာ ငွက္ေပ်ာ္သီးမွည့္တစ္ဖီး ရဟန္းတစ္ပါးကိုေလာင္းလႉလိုက္ပါ။

အဂၤါ

ဒီကာလအတြင္းထင္ရွား၍သိသာေစေသာ ေျပာင္းလဲမႈမ်ား ႀကဳံရေစတတ္ပါသည္။ ေ႐ႊ၊ ေငြ၊ ေက်ာက္၊ အဖိုးတန္ပစၥည္းေရာင္းဝယ္သူမ်ား အက်ိဳးစီးပြားျဖစ္ ထြန္းလာပါလိမ့္မည္။ မိမိအေပၚတြင္ ယုံၾကည္အားကိုးလို သူမ်ားရွိေနပါလိမ့္မည္။ေရရွည္တိုးတတ္ေကာင္းမြန္ေစမည့္လုပ္ငန္းမ်ား စတင္၍လုပ္ကိုင္ျဖစ္ပါလိမ့္မည္။ မိမိ မေမွ်ာ္လင့္ခဲ့ေသာ အလုပ္ႏွင့္ေငြေၾကးမ်ားစြာ ရရွိပါလိမ့္မည္။ မိမိ၏စိတ္ထားမွန္စြာျဖင့္ အကူအညီေပးခဲ့ရမႈမ်ားအေပၚတြင္ ေစတနာထားခဲ့ျခင္းအတြက္ အက်ိဳးေပးခံစားခြင့္မ်ား ရရွိေစမည့္အခ်ိန္ျဖစ္ပါတယ္။သိပ္ ခက္တယ္လို႔ ထင္ထားေသာအရာမ်ားသည္လြယ္လင့္တကူၿပီးေျမာက္ေအာင္ျမင္ျခင္းရွိပါ လိမ့္မယ္။ ပညာေရး တြင္လည္း အစစအရာရာ အဆင္ေျပတိုးတတ္၍ သင္သမွ်စာ၊ ေမးသမွ် ပုစာၦတိုင္း ေအာင္ျမင္ထြန္း ေပါက္ပါ လိမ့္မည္။ မတင္မက်ျဖစ္ေနသည့္ စီးပြားေရးအေျခအေနမ်ိဳးႀကဳံရပါက ခ်က္ခ်င္း ရင္ဆိုင္၍ အသစ္တစ္ခုကိုစစဥ္း စားလိုက္ပါ။ခ်စ္သူက မတည္ၾကည္ဘဲ ခ်စ္သူ၏ႏႈတ္ဖ်ား မွ အမ်ိဳးမ်ိဳးေသာ စကားမ်ားကို မနားတမ္း ၾကားေနရမည္။ အိမ္ေထာင္သည္မ်ား မိသားစုဝင္မ်ားအတြက္ ပူပင္ရေသာ္လည္း ခ်စ္ခင္တရားေတြတိုးပြားပါလိမ့္မယ္။က်န္းမာေရး ကေတာ့ အညံ့အဆိုးေတြမ်ားေနတတ္ပါတယ္။ရာသီအကူးအေျပာင္း ဖ်ားတတ္နာတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၃/၆/၅ ၊ အထူးေဟာ လူအမ်ားရဲ႕ယုံၾကည္အားကိုးျခင္းကိုခံရတတ္ပါတယ္။ယၾတာ စံပယ္ပန္းေလးေတြ ဘုရားမွာေဝေနေအာင္လႉေပးပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္းအျမင္သစ္၊ အေတြးသစ္မ်ားျဖစ္ေပၚလာျခင္းႏွင့္အတူ မိတ္ေဆြသစ္မ်ားစြာ၏ ကူညီေစာင့္ ေရွာက္ျခင္း ခံရပါလိမ့္မည္။ ညီအစ္ကို၊ ေဆြမ်ိဳးသားခ်င္းမ်ား၏ အက်ိဳးေက်းဇူး ျပဳျခင္းကိုလည္း ခံစားရပါလိမ့္ မည္။ တစ္ပါးသူ၏အႀကီးမားဆုံး လိုအပ္ခ်က္အခက္အခဲတစ္ခုအား မိမိ၏အရည္အခ်င္းျဖင့္ ေျပလည္ေအာင္ ေျဖရွင္းႏိုင္မႈျပဳေပးရပါလိမ့္မည္။ အခက္အခဲျဖစ္ေနတာက အလုပ္ေတြမစႏိုင္ေသးတာမ်ိဳး၊လုပ္သေလာက္အက်ိဳး မရွိတာမ်ိဳးေတြအလြန္မွျဖစ္တတ္ပါတယ္။ ႀကဳံသမွ်ျပႆနာေတြကို သည္းခံနားလည္ေပးႏိုင္မႈေၾကာင့္ေတာ္႐ုံ အခက္အခဲေတြေျပလည္သြားတတ္ပါတယ္။သားသမီးကိုအလိုလိုက္ထားသူမ်ား အမိုက္ေစာ္ကားျခင္းကို ခံရတတ္ ပါတယ္။ မိမိလုံ႔လ၊ ဝီရိယစိုက္ထုတ္မႈေၾကာင့္ အိမ္၊ အခန္း၊ ေျမ၊ ယာဥ္တစ္မ်ိဳးမ်ိဳး ဝင္လာႏိုင္ပါသည္။ သို႔ေသာ္ ျပႆနာမရွင္းေသာ အေျခအေနမ်ားကလည္း ပူးတြဲ၍ ပါလာတတ္ပါတယ္။က်န္းမာေရး သင့္ပါသည္။အလြန္ဆုံး ႏွာေစး၊ေခ်ာင္းဆိုးေလာက္ပဲျဖစ္တတ္ပါတယ္။ အခ်စ္ေရးတြင္ ၾကားစကားေတြ၊အေႏွာက္အယွက္ ေတြေမ့ ထား ၿပီးမွ ေရွ႕ခရီးဆက္ ျဖစ္ေအာင္ႀကိဳးစားရန္ လိုအပ္ပါလိမ့္မည္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္နဲ႔ မ်က္ႏွာ ခ်င္းဆိုင္ရခ်ိန္နည္းေနတတ္ပါတယ္။ ပညာေရးမွာေတာ့ ဆရာအတုအေယာင္ေတြနဲ႔ ေတြ႕ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၄/၆/ဝ ၊ အထူးေဟာ ဝီရိယအားကို အထူးစိုက္ထုတ္မွအဆင္ေျပမည္။ယၾတာ ထမင္းဆီဆမ္းကို ေျမပဲေလးျဖဴးၿပီးဘုရားကပ္လႉလိုက္ပါ။

ၾကာသပေတး

ဒီကာလအတြင္းလူမႈစီးပြားေရးအမ်ိဳးမ်ိဳးတိုးတတ္ႀကီးပြားမႈ ႀကဳံရတတ္ပါတယ္။ တစ္ခုညံ့တာက ဝင္ေငြနဲ႔ ထြက္ေငြ မမွ်ျဖစ္ေနရတတ္ပါတယ္။အိမ္တြင္းေရး၊ လူမႈေရးကိစၥမ်ားတြင္ စိတ္ကုန္ေနမိပါလိမ့္မည္။ စြန႔္စားရွာေဖြ သြားလာလို စိတ္မ်ား ထက္သန္ေနမိပါလိမ့္မည္။ ေပါင္းသင္းဆက္ဆံေရးေကာင္းမြန္ပါမည္။ စီးပြားၿပိဳင္ဘက္ မ်ား အေပၚတြင္ အသာစီးျဖင့္ အႏိုင္ရလိုစိတ္ျဖင့္ လုပ္ကိုင္ျခင္းမ်ိဳးေရွာင္ပါ။ အေတြးအေခၚပိုင္းတြင္ ရွင္းလင္းစြာ ေတြးေခၚႏိုင္မႈ အားနည္းေနတတ္သည္။ မိမိျဖစ္ခ်င္သည္ထက္ ျဖစ္သင့္သည္ကို အဓိကဦးစားေပး၍ ေဆာင္႐ြက္မႈ ျပဳသင့္ ပါတယ္။ သစ္လြင္ေသာအေတြးစိတ္ကူးမ်ားကိုအသုံးခ်ပါ။ စီးပြားေရးလုပ္ငန္းမ်ားတြင္ အတၱႏွင့္ပရကို မွ်တစြာေဆာင္႐ြက္သင့္တဲ့ကာလပါပဲ။လူအမ်ား၏စိတ္ဝင္စားမႈ၊ အထင္ႀကီးမႈခံရလိမ့္မည္။ ခႏၶာကိုယ္တြင္ မေတာ္ တဆထိခိုက္ဒဏ္ရာရေစတတ္ပါတယ္။ ဆိုင္ကယ္အေမာင္းမၾကမ္းပါနဲ႔။ ေခ်ာ္လဲႏိုင္တဲ့ေနရာေတြကိုသတိနဲ႔ယွဥ္ၿပီး သြားေစခ်င္ပါတယ္။ ခ်စ္သူအားအရာရာအျပစ္ျမင္၊ေဝဖန္ျပႆနာရွာေနျခင္းအားအထူးဆင္ျခင္ရပါလိမ့္ မည္။ ပညာေရး၊ သင္တန္း ကိစၥမ်ား၊ စာေမးပြဲ ကိစၥမ်ားအတြက္ စိတ္ခ်မ္းေျမ့မႈမ်ား ရရွိလာပါလိမ့္မည္။အိမ္ေထာင္ေရး စန္းပြင့္ေနတဲ့အတြက္ လိင္မတူသူေတြနဲ႔အေနအထိုင္ဆင္ျခင္လိုက္ပါ။

အက်ိဳးေပးဂဏန္း ၁/၅/၇ ၊ အထူးေဟာ မလိုအပ္ဘဲ ေငြအပိုမသုံးမိပါေစနဲ႔။ယၾတာ ႏွင္းဆီပန္းဘုရားကပ္လႉလိုက္ပါ။

ေသာၾကာ

ဒီကာလအတြင္းလုပ္ငန္းလုပ္ကိုင္ရာတြင္ ထူးျခားေသာအေတြးအေခၚေကာင္းမ်ားျဖင့္ လုပ္ကိုင္ႏိုင္စြမ္းရွိေန ပါတယ္။ ဝန္ထမ္းမ်ားရာထူးတိုးမည္။ ပိုမိုမ်ားျပားေသာ တာဝန္ထမ္းေဆာင္ရျခင္းမ်ိဳးမ်ား ရွိေနမည္။ လူမ်ိဳးျခား၊ ဘာသာျခားမ်ားထံမွအကူအညီမ်ားစြာ ရရွိေစပါလိမ့္မည္။ အတူေနသူအခ်င္းခ်င္း အဆင္မေျပမႈမ်ား ျဖစ္ေစရ တတ္ပါတယ္။ ဌာနဆိုင္ရာ အတြင္း အထက္လူႀကီးမ်ား၏ ယုံၾကည္အားထားမႈမ်ားရတတ္ပါတယ္။ သူတို႔ ယုံၾကည္တာေကာင္းေပမယ့္ မိမိအတြက္ေတာ့အလုပ္ေတြပိုလာတတ္ပါတယ္။ ခင္မင္ရင္းႏွီးေသာမိတ္ေဆြ မ်ား၏ ဆိုးျခင္း၊ ေကာင္းျခင္းသတင္းမ်ား ၾကားသိရပါလိမ့္မည္။ အေတြးအေခၚ၊ အယူအဆေကာင္းမ်ား၊ အႀကံဉာဏ္ ေကာင္းမ်ားျဖင့္ အမ်ားအက်ိဳးအတြက္ ကူညီေျဖရွင္းေပးရျခင္းမ်ား ျပဳလုပ္ ႏိုင္မည္။အလုပ္ရွာေနသူမ်ား ပတ္ဝန္း က်င္ေကာင္းမႈေၾကာင့္အလုပ္ေကာင္းေတြရလာတတ္ပါတယ္။ အစာအိမ္ေရာဂါအခံရွိသူမ်ား ဗိုက္နာ၊ ဗိုက္ေအာင့္ အနည္းငယ္ျဖစ္ေပၚျခင္းမွလြဲ၍ က်န္းမာေရး ေကာင္းမြန္ပါ လိမ့္မည္။ အခ်စ္ေရးတြင္ ခ်စ္သူကလဲ မိမိလိုပဲ အလုပ္မ်ားေနတတ္ပါတယ္။အိမ္ေထာင္ေရး အဆင္ေျပသာယာမႈေတြရွိလာတတ္ပါတယ္။ ပညာေရးမွာ ေတာ့ ဆရာသင္တာကို နားလည္ဖို႔ ခက္ခဲေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၁/၆/၉ ၊ အထူးေဟာ စီးပြားေကာင္းလာတတ္ပါတယ္။ယၾတာ အေၾကာ္ ၅ခုဘုရားကပ္လႉလိုက္ပါ။

စေန

ဒီကာလအတြင္းစီးပြားေရးမ်ား အသင့္အတင့္သာရွိေနပါတယ္။ အိမ္၊ ၿခံ၊ ေျမ ဝယ္ယူႏိုင္ရန္ အခက္အခဲရွိ ေစရတတ္ပါတယ္။ အေပၚယံဟန္ျပ ေကာင္းဟန္ျပဳဆက္ဆံတတ္ပါေသာ မိတ္ေဆြအတုမ်ားႏွင့္လည္း ဆုံရ တတ္ပါ တယ္။ အေရွ႕အရပ္၊ ေျမာက္အရပ္မွလာေသာ ညအိပ္ဧည့္သည္မ်ိဳး လက္ခံမယ္ဆိုသတိထားၿပီးလက္ခံပါ။ ညဥ့္အိပ္၊ ညဥ့္ေနအျပင္မထြက္သင့္ပါ။ စီးပြားၿပိဳင္ဘက္မ်ားအေပၚတြင္ မိမိကအသားစီးရေနတတ္ပါတယ္။ မိမိ၏လိုလားမႈ တစ္ခုအတြက္ ေပးဆပ္မႈႀကီးႀကီးမားမားေတြျဖစ္ရတတ္တာကိုလဲ တန္ရဲ႕လားလို႔ျပန္ေတြးေစခ်င္ပါတယ္။ အလုပ္ ႏွစ္ခုတစ္ၿပိဳင္နက္တည္းလုပ္ကိုင္ရမည္။ေလာင္းကစားကိုေတာ့လုံးဝမလုပ္သင့္တဲ့ေန႔ရက္ေတြပါပဲ။ခႏၶာကိုယ္ ေလးလံ ထိုင္းမႈိင္းျခင္း၊ခံတြင္းပ်က္ျခင္းႏွင့္ သြားေရာဂါမ်ား ျဖစ္ေပၚေနတတ္ပါတယ္။ အခ်စ္ေရးတြင္ ပတ္ဝန္းက်င္ ကိုလဲေမ့မထားသင့္တဲ့အခ်ိန္ပါပဲ။ အမ်ားအျမင္မသင့္ေတာ္တဲ့ အျပဳအမႈအေနအထိုင္ မ်ိဳး ေရွာင္လိုက္ပါ။ ၿမီးေကာင္ေပါက္အ႐ြယ္မ်ား အဆြယ္ေကာင္း၍ သာယာမိျခင္း ေၾကာင့္ အငယ္အေႏွာင္းစာရင္း ဝင္ျဖစ္ရျခင္းမ်ိဳး ႀကဳံရေစတတ္ပါတယ္။ အိမ္ေထာင္ေရးတြင္ သူမ်ားစကားကိုယုံခဲ့မိျခင္းအတြက္ အိမ္ေထာင္ဘက္ ႏွင့္ မေျပလည္ မႈမ်ား ႀကဳံရတတ္ပါတယ္။ ပညာေရးအေပၚမိမိကိုယ္တိုင္စိတ္ႏွစ္မရျဖစ္ေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၂/၃/၇ ၊ အထူးေဟာ အိမ္တြင္းေရးျပႆနာေလးေတြမ်ားေနရတတ္ပါတယ္။ယၾတာ ေဆးအလႉေလးေတြမ်ားမ်ားလုပ္ေပးပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) ၊ 0977 5555 695 ၊ 09 44 5555 695

Unicode

တနင်္ဂနွေ

အလုပ်သစ်၊ စီးပွားသစ်များ၊ ရပ်ဝေးခရီးစဉ်များအတွက် စီစဉ်ဆောင်ရွက်ရန် အချိန်အခါကောင်းဖြစ်သည်။ မိမိအထက်အရာရှိများ မိမိကိုအုပ်ချုပ်သူများနှင့် သဘောထားကွဲလွဲမှုရှိနေပါလိမ့်မည်။ လူမှုဆက်ဆံရေးများတွင် အနစ်နာခံရမှုများပြားနေရပါလိမ့်မည်။အရာရာတွင် စိတ်မြန်လက်မြန်ပြုတတ်သူဖြစ်သော်လည်း မိမိ၏ လုပ်ဆောင် ချက်များသည် ယခုအချိန် နှေးကွေးလေးလံနေမည်။ ကြုံတွေ့ပတ်သက်လာတတ်ပါသော မည်သည့်ကိစ္စတွင်မဆို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရန်လိုပါသည်။ အတွေးအခေါ် ကောင်း၍ ရှေ့ရေးအတွက်ကြိုတင်ကြံဆ နည်းလမ်းရှာဖွေ ထား သူများ အလွန်ကောင်းပါလိမ့်မည်။ ရုတ်တရက် ကြုံတွေ့ရသော အခြေအနေများအပေါ်တွင် ကြုံသလိုရင်ဆိုင်ရ သူများ အဖို့ အခက်အခဲများရှိနိုင်ပါတယ်။ အိမ်ထောင်ဘက်၏ အလိုက်သိစွာအားပေးမှု၊ နားလည်ပေးမှုများကြောင့် စိတ်ချမ်းသာရပါလိမ့်မည်။ အနုပညာလုပ်ငန်း၊ အနုပညာသည်များနှင့် ရင်းရင်းနှီးနှီးပူးတွဲ၍ စီးပွားရေးကိစ္စများ ဆောင်ရွက်မှု ပြုရပါလိမ့်မည်။ အချစ်ရေးမှာတော့ ချစ်သူရဲ့ ပြဿနာတွေက မိမိကပါဝင်ကူဖြေရှင်းပေးနေရတတ်ပါ တယ်။ပညာရေးမှာတော့ အားရစရာကောင်းတဲ့ အနေအထားပါပဲ။ ကျန်းမာရေး ဒေါင်ဒေါင်မြည်ကောင်းနေတတ်ပါ တယ်။

အကျိုးပေးဂဏန်း ၁/၄/၃ ၊ အထူးဟော အနည်းငယ်အလုပ်များ၍ ပင်ပန်းနေရတတ်ပါတယ်။ယတြာ ကိတ်မုန့်နှစ်ချပ် ကလေးတစ်ဦးကို ဝယ်ကျွေးလိုက်ပါ။

တနင်္လာ

ဒီကာလအတွင်းစီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ကောင်းဖြင့်အောင်မြင်နေတတ်သည်။အထူးသဖြင့် မျှမျှ တတဖြင့် အုပ်စုလိုက်လုပ်ရသော စီးပွားရေးလုပ်ငန်းများ အဆင်ပြေပါလိမ့်မည်။ မွေးရပ်မြေများ၊မိမိကျင်လည်ခဲ့တဲ့ နေရာများသို့ သွားရောက်လည်ပတ်ရတတ်သည်။ ရရှိရန်ရှိသောငွေကြေးများလည်း အလွယ်တကူပြန်၍ ရရှိပါလိမ့်မည်။ မိတ်ဆွေအပေါင်းအသင်းများကြားတွင် မျက်နှာပွင့်ခြင်း၊ အရေးပေးခံရခြင်း၊ ဦးစားပေးခံရခြင်းများ ဖြစ်ပေါ်ပါလိမ့်မည်။ သားသမီးရတနာရဖို့ခက်ခဲနေသူများသမားတော်ကောင်းနဲ့ပြသင့်တဲ့ ကာလပါပဲ။အိမ်အတွက် လိုအပ် နေသော ဇိမ်ခံအသုံးအဆောင် ပစ္စည်းအချို့ ဝင်လာပါလိမ့်မည်။ အိမ်၊ မြေ ပိုင်ဆိုင်ခွင့်များ၊ စာချုပ် စာတမ်း များ လက်ဝယ်ပိုင်ဆိုင်ခွင့်ရမည်။ အချစ်ရေးတွင် ချစ်သူကအရာရာခွင့်လွှတ်နားလည်ပေးပါလိမ့်မယ်။ တတ် နိုင်သမျှ ကုသိုလ် ကောင်းမှုများ ပြုလုပ်ပေးပါ။ ကုသိုလ်ကောင်းမှုနဲ့အတူကံကောင်းခြင်း တွေ တွဲပါလာပါလိမ့်မယ်။ လူငယ် များကိုယ်ခန္ဓာ ကျန်းမာသန်စွမ်း၍ စိတ်သွားတိုင်းကိုယ်ပါ၍ စိတ်ချမ်းသာမှုများ ခံစားရပါလိမ့်မည်။ အသက်ကြီး သူများ ကျန်းမာရေး အနည်းငယ် ညံ့နေပါတယ်။ အငန်လျှော့စားလိုက်ပါ။အိမ်ထောင်ရေးအညံ့မရှိနိုင်ပါဘူး။ ပညာ ရေးမှာတော့ ကျောင်းပညာထက် အသိပညာဗဟုသုတတွေရလွယ်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၂/၅/၈ ၊ အထူးဟော ကံအကောင်းလေးတွေများပါတယ်။ယတြာ ငှက်ပျော်သီးမှည့်တစ်ဖီး ရဟန်းတစ်ပါးကိုလောင်းလှူလိုက်ပါ။

အင်္ဂါ

ဒီကာလအတွင်းထင်ရှား၍သိသာစေသော ပြောင်းလဲမှုများ ကြုံရစေတတ်ပါသည်။ ရွှေ၊ ငွေ၊ ကျောက်၊ အဖိုးတန်ပစ္စည်းရောင်းဝယ်သူများ အကျိုးစီးပွားဖြစ် ထွန်းလာပါလိမ့်မည်။ မိမိအပေါ်တွင် ယုံကြည်အားကိုးလို သူများရှိနေပါလိမ့်မည်။ရေရှည်တိုးတတ်ကောင်းမွန်စေမည့်လုပ်ငန်းများ စတင်၍လုပ်ကိုင်ဖြစ်ပါလိမ့်မည်။ မိမိ မမျှော်လင့်ခဲ့သော အလုပ်နှင့်ငွေကြေးများစွာ ရရှိပါလိမ့်မည်။ မိမိ၏စိတ်ထားမှန်စွာဖြင့် အကူအညီပေးခဲ့ရမှုများအပေါ်တွင် စေတနာထားခဲ့ခြင်းအတွက် အကျိုးပေးခံစားခွင့်များ ရရှိစေမည့်အချိန်ဖြစ်ပါတယ်။သိပ် ခက်တယ်လို့ ထင်ထားသောအရာများသည်လွယ်လင့်တကူပြီးမြောက်အောင်မြင်ခြင်းရှိပါ လိမ့်မယ်။ ပညာရေး တွင်လည်း အစစအရာရာ အဆင်ပြေတိုးတတ်၍ သင်သမျှစာ၊ မေးသမျှ ပုစ္ဆာတိုင်း အောင်မြင်ထွန်း ပေါက်ပါ လိမ့်မည်။ မတင်မကျဖြစ်နေသည့် စီးပွားရေးအခြေအနေမျိုးကြုံရပါက ချက်ချင်း ရင်ဆိုင်၍ အသစ်တစ်ခုကိုစစဉ်း စားလိုက်ပါ။ချစ်သူက မတည်ကြည်ဘဲ ချစ်သူ၏နှုတ်ဖျား မှ အမျိုးမျိုးသော စကားများကို မနားတမ်း ကြားနေရမည်။ အိမ်ထောင်သည်များ မိသားစုဝင်များအတွက် ပူပင်ရသော်လည်း ချစ်ခင်တရားတွေတိုးပွားပါလိမ့်မယ်။ကျန်းမာရေး ကတော့ အညံ့အဆိုးတွေများနေတတ်ပါတယ်။ရာသီအကူးအပြောင်း ဖျားတတ်နာတတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၆/၅ ၊ အထူးဟော လူအများရဲ့ယုံကြည်အားကိုးခြင်းကိုခံရတတ်ပါတယ်။ယတြာ စံပယ်ပန်းလေးတွေ ဘုရားမှာဝေနေအောင်လှူပေးပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းအမြင်သစ်၊ အတွေးသစ်များဖြစ်ပေါ်လာခြင်းနှင့်အတူ မိတ်ဆွေသစ်များစွာ၏ ကူညီစောင့် ရှောက်ခြင်း ခံရပါလိမ့်မည်။ ညီအစ်ကို၊ ဆွေမျိုးသားချင်းများ၏ အကျိုးကျေးဇူး ပြုခြင်းကိုလည်း ခံစားရပါလိမ့် မည်။ တစ်ပါးသူ၏အကြီးမားဆုံး လိုအပ်ချက်အခက်အခဲတစ်ခုအား မိမိ၏အရည်အချင်းဖြင့် ပြေလည်အောင် ဖြေရှင်းနိုင်မှုပြုပေးရပါလိမ့်မည်။ အခက်အခဲဖြစ်နေတာက အလုပ်တွေမစနိုင်သေးတာမျိုး၊လုပ်သလောက်အကျိုး မရှိတာမျိုးတွေအလွန်မှဖြစ်တတ်ပါတယ်။ ကြုံသမျှပြဿနာတွေကို သည်းခံနားလည်ပေးနိုင်မှုကြောင့်တော်ရုံ အခက်အခဲတွေပြေလည်သွားတတ်ပါတယ်။သားသမီးကိုအလိုလိုက်ထားသူများ အမိုက်စော်ကားခြင်းကို ခံရတတ် ပါတယ်။ မိမိလုံ့လ၊ ဝီရိယစိုက်ထုတ်မှုကြောင့် အိမ်၊ အခန်း၊ မြေ၊ ယာဉ်တစ်မျိုးမျိုး ဝင်လာနိုင်ပါသည်။ သို့သော် ပြဿနာမရှင်းသော အခြေအနေများကလည်း ပူးတွဲ၍ ပါလာတတ်ပါတယ်။ကျန်းမာရေး သင့်ပါသည်။အလွန်ဆုံး နှာစေး၊ချောင်းဆိုးလောက်ပဲဖြစ်တတ်ပါတယ်။ အချစ်ရေးတွင် ကြားစကားတွေ၊အနှောက်အယှက် တွေမေ့ ထား ပြီးမှ ရှေ့ခရီးဆက် ဖြစ်အောင်ကြိုးစားရန် လိုအပ်ပါလိမ့်မည်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်နဲ့ မျက်နှာ ချင်းဆိုင်ရချိန်နည်းနေတတ်ပါတယ်။ ပညာရေးမှာတော့ ဆရာအတုအယောင်တွေနဲ့ တွေ့ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၄/၆/ဝ ၊ အထူးဟော ဝီရိယအားကို အထူးစိုက်ထုတ်မှအဆင်ပြေမည်။ယတြာ ထမင်းဆီဆမ်းကို မြေပဲလေးဖြူးပြီးဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

ဒီကာလအတွင်းလူမှုစီးပွားရေးအမျိုးမျိုးတိုးတတ်ကြီးပွားမှု ကြုံရတတ်ပါတယ်။ တစ်ခုညံ့တာက ဝင်ငွေနဲ့ ထွက်ငွေ မမျှဖြစ်နေရတတ်ပါတယ်။အိမ်တွင်းရေး၊ လူမှုရေးကိစ္စများတွင် စိတ်ကုန်နေမိပါလိမ့်မည်။ စွန့်စားရှာဖွေ သွားလာလို စိတ်များ ထက်သန်နေမိပါလိမ့်မည်။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပါမည်။ စီးပွားပြိုင်ဘက် များ အပေါ်တွင် အသာစီးဖြင့် အနိုင်ရလိုစိတ်ဖြင့် လုပ်ကိုင်ခြင်းမျိုးရှောင်ပါ။ အတွေးအခေါ်ပိုင်းတွင် ရှင်းလင်းစွာ တွေးခေါ်နိုင်မှု အားနည်းနေတတ်သည်။ မိမိဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကို အဓိကဦးစားပေး၍ ဆောင်ရွက်မှု ပြုသင့် ပါတယ်။ သစ်လွင်သောအတွေးစိတ်ကူးများကိုအသုံးချပါ။ စီးပွားရေးလုပ်ငန်းများတွင် အတ္တနှင့်ပရကို မျှတစွာဆောင်ရွက်သင့်တဲ့ကာလပါပဲ။လူအများ၏စိတ်ဝင်စားမှု၊ အထင်ကြီးမှုခံရလိမ့်မည်။ ခန္ဓာကိုယ်တွင် မတော် တဆထိခိုက်ဒဏ်ရာရစေတတ်ပါတယ်။ ဆိုင်ကယ်အမောင်းမကြမ်းပါနဲ့။ ချော်လဲနိုင်တဲ့နေရာတွေကိုသတိနဲ့ယှဉ်ပြီး သွားစေချင်ပါတယ်။ ချစ်သူအားအရာရာအပြစ်မြင်၊ဝေဖန်ပြဿနာရှာနေခြင်းအားအထူးဆင်ခြင်ရပါလိမ့် မည်။ ပညာရေး၊ သင်တန်း ကိစ္စများ၊ စာမေးပွဲ ကိစ္စများအတွက် စိတ်ချမ်းမြေ့မှုများ ရရှိလာပါလိမ့်မည်။အိမ်ထောင်ရေး စန်းပွင့်နေတဲ့အတွက် လိင်မတူသူတွေနဲ့အနေအထိုင်ဆင်ခြင်လိုက်ပါ။

အကျိုးပေးဂဏန်း ၁/၅/၇ ၊ အထူးဟော မလိုအပ်ဘဲ ငွေအပိုမသုံးမိပါစေနဲ့။ယတြာ နှင်းဆီပန်းဘုရားကပ်လှူလိုက်ပါ။

သောကြာ

ဒီကာလအတွင်းလုပ်ငန်းလုပ်ကိုင်ရာတွင် ထူးခြားသောအတွေးအခေါ်ကောင်းများဖြင့် လုပ်ကိုင်နိုင်စွမ်းရှိနေ ပါတယ်။ ဝန်ထမ်းများရာထူးတိုးမည်။ ပိုမိုများပြားသော တာဝန်ထမ်းဆောင်ရခြင်းမျိုးများ ရှိနေမည်။ လူမျိုးခြား၊ ဘာသာခြားများထံမှအကူအညီများစွာ ရရှိစေပါလိမ့်မည်။ အတူနေသူအချင်းချင်း အဆင်မပြေမှုများ ဖြစ်စေရ တတ်ပါတယ်။ ဌာနဆိုင်ရာ အတွင်း အထက်လူကြီးများ၏ ယုံကြည်အားထားမှုများရတတ်ပါတယ်။ သူတို့ ယုံကြည်တာကောင်းပေမယ့် မိမိအတွက်တော့အလုပ်တွေပိုလာတတ်ပါတယ်။ ခင်မင်ရင်းနှီးသောမိတ်ဆွေ များ၏ ဆိုးခြင်း၊ ကောင်းခြင်းသတင်းများ ကြားသိရပါလိမ့်မည်။ အတွေးအခေါ်၊ အယူအဆကောင်းများ၊ အကြံဉာဏ် ကောင်းများဖြင့် အများအကျိုးအတွက် ကူညီဖြေရှင်းပေးရခြင်းများ ပြုလုပ် နိုင်မည်။အလုပ်ရှာနေသူများ ပတ်ဝန်း ကျင်ကောင်းမှုကြောင့်အလုပ်ကောင်းတွေရလာတတ်ပါတယ်။ အစာအိမ်ရောဂါအခံရှိသူများ ဗိုက်နာ၊ ဗိုက်အောင့် အနည်းငယ်ဖြစ်ပေါ်ခြင်းမှလွဲ၍ ကျန်းမာရေး ကောင်းမွန်ပါ လိမ့်မည်။ အချစ်ရေးတွင် ချစ်သူကလဲ မိမိလိုပဲ အလုပ်များနေတတ်ပါတယ်။အိမ်ထောင်ရေး အဆင်ပြေသာယာမှုတွေရှိလာတတ်ပါတယ်။ ပညာရေးမှာ တော့ ဆရာသင်တာကို နားလည်ဖို့ ခက်ခဲနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၆/၉ ၊ အထူးဟော စီးပွားကောင်းလာတတ်ပါတယ်။ယတြာ အကြော် ၅ခုဘုရားကပ်လှူလိုက်ပါ။

စနေ

ဒီကာလအတွင်းစီးပွားရေးများ အသင့်အတင့်သာရှိနေပါတယ်။ အိမ်၊ ခြံ၊ မြေ ဝယ်ယူနိုင်ရန် အခက်အခဲရှိ စေရတတ်ပါတယ်။ အပေါ်ယံဟန်ပြ ကောင်းဟန်ပြုဆက်ဆံတတ်ပါသော မိတ်ဆွေအတုများနှင့်လည်း ဆုံရ တတ်ပါ တယ်။ အရှေ့အရပ်၊ မြောက်အရပ်မှလာသော ညအိပ်ဧည့်သည်မျိုး လက်ခံမယ်ဆိုသတိထားပြီးလက်ခံပါ။ ညဉ့်အိပ်၊ ညဉ့်နေအပြင်မထွက်သင့်ပါ။ စီးပွားပြိုင်ဘက်များအပေါ်တွင် မိမိကအသားစီးရနေတတ်ပါတယ်။ မိမိ၏လိုလားမှု တစ်ခုအတွက် ပေးဆပ်မှုကြီးကြီးမားမားတွေဖြစ်ရတတ်တာကိုလဲ တန်ရဲ့လားလို့ပြန်တွေးစေချင်ပါတယ်။ အလုပ် နှစ်ခုတစ်ပြိုင်နက်တည်းလုပ်ကိုင်ရမည်။လောင်းကစားကိုတော့လုံးဝမလုပ်သင့်တဲ့နေ့ရက်တွေပါပဲ။ခန္ဓာကိုယ် လေးလံ ထိုင်းမှိုင်းခြင်း၊ခံတွင်းပျက်ခြင်းနှင့် သွားရောဂါများ ဖြစ်ပေါ်နေတတ်ပါတယ်။ အချစ်ရေးတွင် ပတ်ဝန်းကျင် ကိုလဲမေ့မထားသင့်တဲ့အချိန်ပါပဲ။ အများအမြင်မသင့်တော်တဲ့ အပြုအမှုအနေအထိုင် မျိုး ရှောင်လိုက်ပါ။ မြီးကောင်ပေါက်အရွယ်များ အဆွယ်ကောင်း၍ သာယာမိခြင်း ကြောင့် အငယ်အနှောင်းစာရင်း ဝင်ဖြစ်ရခြင်းမျိုး ကြုံရစေတတ်ပါတယ်။ အိမ်ထောင်ရေးတွင် သူများစကားကိုယုံခဲ့မိခြင်းအတွက် အိမ်ထောင်ဘက် နှင့် မပြေလည် မှုများ ကြုံရတတ်ပါတယ်။ ပညာရေးအပေါ်မိမိကိုယ်တိုင်စိတ်နှစ်မရဖြစ်နေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၃/၇ ၊ အထူးဟော အိမ်တွင်းရေးပြဿနာလေးတွေများနေရတတ်ပါတယ်။ယတြာ ဆေးအလှူလေးတွေများများလုပ်ပေးပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) ၊ 0977 5555 695 ၊ 09 44 5555 695

About the author

Aung Lay

Leave a Comment