အသံအားေကာင္းေကာင္းနဲ႔ ပရိသတ္ေတြရဲ႕ အားေပးမႈကို သီခ်င္းတစ္ပုဒ္ထဲနဲ႔ စြဲေဆာင္ႏိုင္ခဲ့တဲ့ အဆိုေတာ္ Lဆိုင္းဇီ က အၿမဲေပ်ာ္ေပ်ာ္ေနတက္သူျဖစ္သလို သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာလဲ သူရဲ႕ လႈပ္ရွားမႈပုံရိပ္ေတြနဲ႔အတူေပ်ာ္စရာေလးေတြကို သာေဝမွ်ေလ့ရွိပါတယ္။ သို႔ေပမယ့္ ယေန႔
မွာေတာ့ သူ႔ရဲ႕ ဆရာအတြက္ စိတ္မေကာင္းျဖစ္ရတဲ့အေၾကာင္းကို ႐ိုးရွင္းစြာ ေရးသားေဖာ္ျပခဲ့ပါတယ္။ အဲ့ဒါကေတာ့ ” ေတာ္႐ုံတန္႐ုံ ကြၽန္မ စာေရးၿပီး FB ေပၚ စာ ေရးမတင္တတ္ပါဘူး…ေတာ္႐ုံကိစၥဆို ေခါင္းထဲမွာ မထဲ့တတ္လို႔ပါ ဒီေန႔ေတာ့ ကြၽန္မေရးပါမယ္ ဒီေန႔ မနက္ ၉:၁၅ ကေတာ့
ကြၽန္မရဲ႕ဘဝမွာ ဝိညာဥ္နဲ႔ပတ္သက္ပီး ေသမေလာက္ခံစားရတဲ့ အခ်ိန္ျဖစ္ခဲ့ရပါတယ္😢 ဘုရားသခင္က အရာအားလုံးကိုသိျမင္ပီး ဘုရားဘုန္းအဖို႔ျဖစ္တယ္လို႔ပဲ မ်က္ရည္မ်ားနဲ႔အတူဝန္ခံခဲ့ရပါတယ္ 😭 ဒီေန႔ေခတ္မွာ ယုံၾကည္သူ အဂၤါခ်င္းဆိုတာ ဘယ္ဆီမ်ားေရာက္သြားသလဲလို႔ေတာင္
ေတြးမိပါတယ္ 😢ထပ္တူဝမ္းနဲရမယ့္အခ်ိနိမ်ိဳးမွာ ႀကိတ္ေပ်ာ္ေနတဲ့ သူေတြေတြ႕ရေတာ့ ရင္ထဲစို႔နစ့္ရေလာက္ေအာင္ပဲ အလြန္ဝမ္းနဲမိပါတယ္ 😢ဒီေန႔ေခတ္က မီဒီယာေခတ္ျဖစ္ေနေတာ့ ခရစ္ယာန္မီဒီယာေတြကေန စလိုက္တဲ့အရာေလး တစ္ခုကေန ခုေလာက္ထိျဖစ္သြားခဲ့တာပဲေလေနာ္
ဘယ္မွာလဲ အဂၤါခ်င္း? ဘယ္မွာလဲ ဘုရားေမတၱာ?တခ်ိဳ႔က ခရစ္ယာန္ျဖစ္ရတာေတာင္ ရွက္မိတယ္လို႔ေျပာတဲ့ အဖြဲ႕ေတြကရွိေသးတယ္ စိတ္မေကာင္းစရာပါပဲ😢 သမၼာက်မ္းစာထဲမွာေတာ့ ၁ ေပ ၄:၁၆ မွာ ခရစ္ယာန္ျဖစ္လို႔ ကဲ့ရဲ႕ျခင္း ရႈတ္ခ်ျခင္း ျငင္းပန္းႏွိပ္စက္ျခင္းခံရရင္ မရွက္ၾကပါနဲ႔
ထိုအမႈေၾကာင့္သင္ခံရလွ်င္ ဘုရားသခင္၏ ဂုဏ္ေက်းဇူးကိုခ်ီးမြမ္းပါလို႔ သြန္သင္ထားပါတယ္ ခုျဖစ္ေနတဲ့ကိစၥေတြမွာ သာသနာပသူေတြက ကဲ့ရဲ႕ရႈတ္ခ်ၾကတာကို အျပည့္ဝလက္ခံပါတယ္ သို႔ေသာ္ ယုံၾကည္သူခ်င္း ဦးေခါင္းခရစ္ေတာ္အထဲက ကိုယ္အဂၤါခ်င္းက ေပ်ာ္ေနတာေတြ ကဲ့ရဲ႕ေနတာ
ေတြကိုေတြ႕ရေတာ့ အတိုင္းမသိဝမ္းနဲမိပါတယ္ ဆရာေရ ဆရာ့အတြက္သမီးကေတာ့ဂုဏ္ယူမိပါတယ္ 👍 ဘုရားအမႈေတာ္မွာ 😇 ခုေလာက္ထိ သစၥာရွိစြာ အေစခံေနတာေတြ႕ရလို႔ ခုက်တဲ့မ်က္ရည္က ဆရာ့ကိုခုလိုျမင္ရလို႔ ဝမ္းနည္းတဲ့မ်က္ရည္နဲ႔အတူ ဂုဏ္ယူဝမ္းေျမာက္မိတဲ့မ်က္ရည္ပါ
ခပ္သိမ္းေသာအရာသည္ ကိုယ္ေတာ့္အထဲက ကိုယ္ေတာ့္အားျဖင့္ ကိုယ္ေတာ့္အဘို႔အလို႔ငွာသာျဖစ္သည္ ကမာၻအဆက္ဆက္ ဘုန္းႀကီး၍ မဂၤလာရွိပါေစ အာမင္ 🙏😇”လို႔ ဆိုကာ မည္သူတစ္ဦးတစ္ေယာက္ကိုမွ မထိခိုက္ဘဲ သူစိတ္မေကာင္းေၾကာင္းကိုဘဲ ေရးသားခဲ့ပါတယ္။ ယေန႔မွာ
ေတာ့ Covid 19 ကပ္ေရာဂါေၾကာင့္ လူစုလူေဝးမလုပ္ဖို႔နဲ႔ အသြားအလာ စတင္ကန္႔သတ္ခဲ့ခ်ိန္မွာ ဘာသာေရးဆုေတာင္းပြဲ ျပဳလုပ္ခဲ့တဲ့ တရားေဟာဆရာေဒးဗစ္လားကို ယေန႔ေမလ ၂၀ ရက္ေန႔မွာ ပထမဆုံးအႀကိမ္ ႐ုံးထုတ္ခဲ့ပါတယ္။ သူဟာ အဆိုပါတရားမွ ကပ္ေရာဂါဆိုးကို ကိုယ္တိုင္
ကူးစပ္ခံခဲ့ရ႐ုံမကဘဲ ပြဲကိုလာေရာက္ခဲ့တဲ့ ႏိုင္ငံေက်ာ္အဆိုေတာ္ေတြ အပါအ၀င္ လူ ၈၀ ဦးခန္႔ ကူးစက္ခံခဲ့ရပါတယ္။ ဒါ့ေၾကာင့္ တရားေဟာဆရာ ေဒးဗစ္လား ကိုသဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဥပေဒပုဒ္မ ၂၅ အရ တရားစြဲဆိုခဲ့တာျဖစ္ၿပီး ယေန႔မွာေတာ့ ပထမဆုံးအႀကိမ္ ႐ုံးထုတ္ကာ ရမန္၂ပတ္ယူၿပီး အင္းစိန္ေထာင္ကိုပို႔ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။
Unicode
အသံအားကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို သီချင်းတစ်ပုဒ်ထဲနဲ့ စွဲဆောင်နိုင်ခဲ့တဲ့ အဆိုတော် Lဆိုင်းဇီ က အမြဲပျော်ပျော်နေတက်သူဖြစ်သလို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာလဲ သူရဲ့ လှုပ်ရှားမှုပုံရိပ်တွေနဲ့အတူပျော်စရာလေးတွေကို သာဝေမျှလေ့ရှိပါတယ်။ သို့ပေမယ့် ယနေ့
မှာတော့ သူ့ရဲ့ ဆရာအတွက် စိတ်မကောင်းဖြစ်ရတဲ့အကြောင်းကို ရိုးရှင်းစွာ ရေးသားဖော်ပြခဲ့ပါတယ်။ အဲ့ဒါကတော့ ” တော်ရုံတန်ရုံ ကျွန်မ စာရေးပြီး FB ပေါ် စာ ရေးမတင်တတ်ပါဘူး…တော်ရုံကိစ္စဆို ခေါင်းထဲမှာ မထဲ့တတ်လို့ပါ ဒီနေ့တော့ ကျွန်မရေးပါမယ် ဒီနေ့ မနက် ၉:၁၅ ကတော့
ကျွန်မရဲ့ဘဝမှာ ဝိညာဉ်နဲ့ပတ်သက်ပီး သေမလောက်ခံစားရတဲ့ အချိန်ဖြစ်ခဲ့ရပါတယ်😢 ဘုရားသခင်က အရာအားလုံးကိုသိမြင်ပီး ဘုရားဘုန်းအဖို့ဖြစ်တယ်လို့ပဲ မျက်ရည်များနဲ့အတူဝန်ခံခဲ့ရပါတယ် 😭 ဒီနေ့ခေတ်မှာ ယုံကြည်သူ အင်္ဂါချင်းဆိုတာ ဘယ်ဆီများရောက်သွားသလဲလို့တောင်
တွေးမိပါတယ် 😢ထပ်တူဝမ်းနဲရမယ့်အချိနိမျိုးမှာ ကြိတ်ပျော်နေတဲ့ သူတွေတွေ့ရတော့ ရင်ထဲစို့နစ့်ရလောက်အောင်ပဲ အလွန်ဝမ်းနဲမိပါတယ် 😢ဒီနေ့ခေတ်က မီဒီယာခေတ်ဖြစ်နေတော့ ခရစ်ယာန်မီဒီယာတွေကနေ စလိုက်တဲ့အရာလေး တစ်ခုကနေ ခုလောက်ထိဖြစ်သွားခဲ့တာပဲလေနော်
ဘယ်မှာလဲ အင်္ဂါချင်း? ဘယ်မှာလဲ ဘုရားမေတ္တာ?တချို့က ခရစ်ယာန်ဖြစ်ရတာတောင် ရှက်မိတယ်လို့ပြောတဲ့ အဖွဲ့တွေကရှိသေးတယ် စိတ်မကောင်းစရာပါပဲ😢 သမ္မာကျမ်းစာထဲမှာတော့ ၁ ပေ ၄:၁၆ မှာ ခရစ်ယာန်ဖြစ်လို့ ကဲ့ရဲ့ခြင်း ရှုတ်ချခြင်း ငြင်းပန်းနှိပ်စက်ခြင်းခံရရင် မရှက်ကြပါနဲ့
ထိုအမှုကြောင့်သင်ခံရလျှင် ဘုရားသခင်၏ ဂုဏ်ကျေးဇူးကိုချီးမွမ်းပါလို့ သွန်သင်ထားပါတယ် ခုဖြစ်နေတဲ့ကိစ္စတွေမှာ သာသနာပသူတွေက ကဲ့ရဲ့ရှုတ်ချကြတာကို အပြည့်ဝလက်ခံပါတယ် သို့သော် ယုံကြည်သူချင်း ဦးခေါင်းခရစ်တော်အထဲက ကိုယ်အင်္ဂါချင်းက ပျော်နေတာတွေ ကဲ့ရဲ့နေတာ
တွေကိုတွေ့ရတော့ အတိုင်းမသိဝမ်းနဲမိပါတယ် ဆရာရေ ဆရာ့အတွက်သမီးကတော့ဂုဏ်ယူမိပါတယ် 👍 ဘုရားအမှုတော်မှာ 😇 ခုလောက်ထိ သစ္စာရှိစွာ အစေခံနေတာတွေ့ရလို့ ခုကျတဲ့မျက်ရည်က ဆရာ့ကိုခုလိုမြင်ရလို့ ဝမ်းနည်းတဲ့မျက်ရည်နဲ့အတူ ဂုဏ်ယူဝမ်းမြောက်မိတဲ့မျက်ရည်ပါ
ခပ်သိမ်းသောအရာသည် ကိုယ်တော့်အထဲက ကိုယ်တော့်အားဖြင့် ကိုယ်တော့်အဘို့အလို့ငှာသာဖြစ်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီး၍ မင်္ဂလာရှိပါစေ အာမင် 🙏😇”လို့ ဆိုကာ မည်သူတစ်ဦးတစ်ယောက်ကိုမှ မထိခိုက်ဘဲ သူစိတ်မကောင်းကြောင်းကိုဘဲ ရေးသားခဲ့ပါတယ်။ ယနေ့မှာ
တော့ Covid 19 ကပ်ရောဂါကြောင့် လူစုလူဝေးမလုပ်ဖို့နဲ့ အသွားအလာ စတင်ကန့်သတ်ခဲ့ချိန်မှာ ဘာသာရေးဆုတောင်းပွဲ ပြုလုပ်ခဲ့တဲ့ တရားဟောဆရာဒေးဗစ်လားကို ယနေ့မေလ ၂၀ ရက်နေ့မှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ သူဟာ အဆိုပါတရားမှ ကပ်ရောဂါဆိုးကို ကိုယ်တိုင်
ကူးစပ်ခံခဲ့ရရုံမကဘဲ ပွဲကိုလာရောက်ခဲ့တဲ့ နိုင်ငံကျော်အဆိုတော်တွေ အပါအဝင် လူ ၈၀ ဦးခန့် ကူးစက်ခံခဲ့ရပါတယ်။ ဒါ့ကြောင့် တရားဟောဆရာ ဒေးဗစ်လား ကိုသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အရ တရားစွဲဆိုခဲ့တာဖြစ်ပြီး ယနေ့မှာတော့ ပထမဆုံးအကြိမ် ရုံးထုတ်ကာ ရမန်၂ပတ်ယူပြီး အင်းစိန်ထောင်ကိုပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။