Case-185 လူနာကိုလာေရာက္ပို့ ေဆာင္ခဲ့တဲ့ကား မွာ ၿမိတ္ၿမိဳ့ သို႔ လည္း၀င္ေရာက္ ခဲ့တဲ့ အတြက္ ယာဥ္ေမာင္းႏွင့္ ထိေတြ႕နိုင္ သည့္ ေနရာ မ်ား ကိုလိုက္လံစုံစမ္းေန
တနသၤာရီတိုင္းေဒသႀကီးတြင္ ပထမဆုံး အတည္ျပဳလူနာအျဖစ္ သတ္မွတ္ခဲ့ ရသည့္ Case -185 လူနာမွာ မေလးရွားနိုင္ငံ မွ ရန္ကုန္ၿမိဳ့သို႔ ေရာက္လာတာျဖစ္ၿပီး ရန္ကုန္မွတဆင့္ထား၀ယ္ၿမိဳ့သို့ ေအာင္ေက်ာ္မိုးကားလိုင္း( ျပည္ၿမိဳ့ ) ခရီးသည္တင္ ကားျဖင့္ ေရာက္လာျခင္းျဖစ္ေၾကာင္း သိရ ပါတယ္။
ထား၀ယ္ၿမိဳ့သို့ ေရာက္ ရွိစဥ္ အတည္ျပဳလူနာ အျဖစ္ ေၾကျငာခဲ့ရၿပီး ယာဥ္လိုင္းမွ ကားမွာ ရန္ကုန္ၿမိဳ့သို႔ ျပန္လည္ထြက္ခြာသြားစဥ္ လမ္းခရီးတြင္ ၿမိတ္ၿမိဳ့သို့ေမာင္းႏွင္ေနတဲ့ သီဟမင္း ယာဥ္လိုင္း မွ ကားမွာပ်က္ေနတာကို ေတြ႕ခဲ့ရေၾကာင္း သီဟမင္းယာဥ္လိုင္း မွ အကူအညီေတာင္းခံတဲ့ အတြက္ ကုန္ပစၥည္းမ်ားကို ျပန္လည္ တင္ေဆာင္ေပးကာ ေအာင္ေက်ာ္မိုး ကားလိုင္း မွာၿမိတ္ၿမိဳ့သို႔ ျပန္လည္ေမာင္းႏွင္ လာေၾကာင္း သိရပါတယ္။
ၿမိတ္ၿမိဳ့အေဝးေျပးကား၀င္း ရွိ သီဟမင္းကား ဂိတ္တြင္ ကုန္စိမ္းမ်ား ျပန္လည္ခ်ၿပီးရန္ကုန္ၿမိဳ႕သို႔ ခ်က္ခ်င္းထြက္ခြာသြားၿပီး ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္မွာ Case-185 လူနာလိုက္ ပါလာတဲ့ ကားတြင္ ျဖစ္ေနတဲ့အတြက္ ရန္ကုန္ၿမိဳ့ တြင္ ၂၁ ရက္ Quarantine ၀င္ေန ေၾကာင္းသိ ရပါတယ္။
သို့ရာ တြင္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္တို့ ထိေတြ႕ခဲ့တဲ့ ကားဂိတ္ ၊ထမင္းဆိုင္ ၊ လက္ဘက္ရည္ဆိုင္မ်ားႏွင့္ တျခားေနရာ မ်ားလည္း ျဖစ္နိုင္တဲ့ အတြက္ တာ၀န္ရွိ သူမ်ား က လတ္တေလာ အေျခအေန တြင္ လိုက္လံစုံစမ္းေနေၾကာင္း သိရပါတယ္။
ထား၀ယ္ၿမိဳ့မွာ ပိုးေတြ႕ရွိခဲ့တဲ့လူနာ နဲ႔ ထိေတြ႕ခဲ့တဲ့ မိသားစု၀င္ ၇ ဦး ကို Quarantine ထားရွိၿပီး swab ရယူ စစ္ေဆးမည္ ဟု သိရပါတယ္။
ျမတ္ထြဋ္ (ၿမိတ္)
Unicode
Case-185 လူနာကိုလာရောက်ပို့ ဆောင်ခဲ့တဲ့ကား မှာ မြိတ်မြို့ သို့ လည်းဝင်ရောက် ခဲ့တဲ့ အတွက် ယာဉ်မောင်းနှင့် ထိတွေ့နိုင် သည့် နေရာ များ ကိုလိုက်လံစုံစမ်းနေ
တနင်္သာရီတိုင်းဒေသကြီးတွင် ပထမဆုံး အတည်ပြုလူနာအဖြစ် သတ်မှတ်ခဲ့ ရသည့် Case -185 လူနာမှာ မလေးရှားနိုင်ငံ မှ ရန်ကုန်မြို့သို့ ရောက်လာတာဖြစ်ပြီး ရန်ကုန်မှတဆင့်ထားဝယ်မြို့သို့ အောင်ကျော်မိုးကားလိုင်း( ပြည်မြို့ ) ခရီးသည်တင် ကားဖြင့် ရောက်လာခြင်းဖြစ်ကြောင်း သိရ ပါတယ်။
ထားဝယ်မြို့သို့ ရောက် ရှိစဉ် အတည်ပြုလူနာ အဖြစ် ကြေငြာခဲ့ရပြီး ယာဉ်လိုင်းမှ ကားမှာ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားစဉ် လမ်းခရီးတွင် မြိတ်မြို့သို့မောင်းနှင်နေတဲ့ သီဟမင်း ယာဉ်လိုင်း မှ ကားမှာပျက်နေတာကို တွေ့ခဲ့ရကြောင်း သီဟမင်းယာဉ်လိုင်း မှ အကူအညီတောင်းခံတဲ့ အတွက် ကုန်ပစ္စည်းများကို ပြန်လည် တင်ဆောင်ပေးကာ အောင်ကျော်မိုး ကားလိုင်း မှာမြိတ်မြို့သို့ ပြန်လည်မောင်းနှင် လာကြောင်း သိရပါတယ်။
မြိတ်မြို့အဝေးပြေးကားဝင်း ရှိ သီဟမင်းကား ဂိတ်တွင် ကုန်စိမ်းများ ပြန်လည်ချပြီးရန်ကုန်မြို့သို့ ချက်ချင်းထွက်ခွာသွားပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်မှာ Case-185 လူနာလိုက် ပါလာတဲ့ ကားတွင် ဖြစ်နေတဲ့အတွက် ရန်ကုန်မြို့ တွင် ၂၁ ရက် Quarantine ဝင်နေ ကြောင်းသိ ရပါတယ်။
သို့ရာ တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ထိတွေ့ခဲ့တဲ့ ကားဂိတ် ၊ထမင်းဆိုင် ၊ လက်ဘက်ရည်ဆိုင်များနှင့် တခြားနေရာ များလည်း ဖြစ်နိုင်တဲ့ အတွက် တာဝန်ရှိ သူများ က လတ်တလော အခြေအနေ တွင် လိုက်လံစုံစမ်းနေကြောင်း သိရပါတယ်။
ထားဝယ်မြို့မှာ ပိုးတွေ့ရှိခဲ့တဲ့လူနာ နဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင် ၇ ဦး ကို Quarantine ထားရှိပြီး swab ရယူ စစ်ဆေးမည် ဟု သိရပါတယ်။
မြတ်ထွဋ် (မြိတ်)