အသက္မျပည့္ေသးသည့္ အိမ္အကူ မိန္းကေလးအေပၚ လိင္ပိုင္းဆိုင္ရာ ခ်ိဳးေဖာက္မွု က်ဴးလြန္ခဲ့သည့္အျပင္ မိန္းကေလး၏ မအဂၤါကို အက္စစ္ႏွင့္ပက္ခဲ့သည့္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းရာဇာ၊ ဇနီးျဖစ္သူမဖူးငုံပြင့္ႏွင့္ အမွုတြဲမ်ားကို ေမလ (၇) ရက္တြင္ ေျမာက္ဥကၠလာပၿမိဳ့နယ္ တရား႐ုံး၌ ပထမဆုံးအႀကိမ္ ႐ုံးထုတ္သည္။
မင္းရာဇာ၊ ဇနီး မဖူးငုံပြင့္၊ မဖူးငုံပြင့္၏ဖခင္ ဦးေမာင္ေမာင္ေအးႏွင့္ မင္းရာဇာ၏ မန္ေနဂ်ာျဖစ္သူ ကိုရခိုင္ေလးတို့ (၄) ဦးအား အျပင္းအထန္ နာက်င္ေစမွု ပုဒ္မ ၃၂၅၊ အျပင္းအထန္ ပူေလာင္ေစမွု ပုဒ္မ ၃၂၄၊ လက္ေရာက္က်ဴးလြန္မွု ပုဒ္မ ၃၅၄၊ အားေပးကူညီမွု ပုဒ္မ ၁၁၄၊ အဓမၼျပဳက်င့္မွု ပုဒ္မ ၃၇၆ တို့ျဖင့္ အသီးသီး တရားစြဲဆိုထား ခဲ့သည္။
ျဖစ္စဥ္မွာ သ႐ုပ္ေဆာင္ မင္းရာဇာသည္ အသက္မျပည့္ေသးသည့္အိမ္အကူ မိန္းကေလးအေပၚ ႏွစ္နဲ႔ခ်ီၿပီး ကာမပိုင္းဆိုင္ရာ က်ဳးလြန္ ေဖာက္ဖ်က္ခဲ့သည့္အျပင္ ၎၏လုပ္ရပ္ကို သိရွိသြားေသာဇနီးသည္၏ ဖိအားေပးမွုေၾကာင့္ အိမ္အကူ မိန္းကေလး၏ လိင္အဂၤါကို အက္စစ္ျဖင့္ ပက္သည္အထိ ရက္စက္မွုကို က်ဴးလြန္ခဲ့သည့္ အမွုျဖစ္သည္။
ေမလ (၇) ရက္႐ုံးခ်ိန္းတြင္ ဦးေမာင္ေမာင္ေအးအား ေငြက်ပ္(၁၀) သိန္းျဖင့္ အာမခံေပးလိုက္ေၾကာင္း တရားခံမိန္းကေလးဘက္မွ လိုက္ပါေဆာင္ရြက္ေပးသူ တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္း ေအာင္က ေျပာသည္။အဆိုပါ ႐ုံးခ်ိန္းသို့ တက္ႂကြလွုပ္ရွားသူမ်ားျဖစ္သည့္ မေကြးဆရာေတာ္ ဦးပါေမာကၡ၊ ေဒၚေနာ္အုံးလွႏွင့္ တရားမၽွတမွုေဖာ္ေဆာင္ေရးအဖြဲ႕တို့က လာေရာက္ဝန္းရံခဲ့ၾကသည္။
Unicode
အသက်မပြည့်သေးသည့် အိမ်အကူ မိန်းကလေးအပေါ် လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှု ကျူးလွန်ခဲ့သည့်အပြင် မိန်းကလေး၏ မအင်္ဂါကို အက်စစ်နှင့်ပက်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာ၊ ဇနီးဖြစ်သူမဖူးငုံပွင့်နှင့် အမှုတွဲများကို မေလ (၇) ရက်တွင် မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်သည်။
မင်းရာဇာ၊ ဇနီး မဖူးငုံပွင့်၊ မဖူးငုံပွင့်၏ဖခင် ဦးမောင်မောင်အေးနှင့် မင်းရာဇာ၏ မန်နေဂျာဖြစ်သူ ကိုရခိုင်လေးတို့ (၄) ဦးအား အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၅၊ အပြင်းအထန် ပူလောင်စေမှု ပုဒ်မ ၃၂၄၊ လက်ရောက်ကျူးလွန်မှု ပုဒ်မ ၃၅၄၊ အားပေးကူညီမှု ပုဒ်မ ၁၁၄၊ အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆ တို့ဖြင့် အသီးသီး တရားစွဲဆိုထား ခဲ့သည်။
ဖြစ်စဉ်မှာ သရုပ်ဆောင် မင်းရာဇာသည် အသက်မပြည့်သေးသည့်အိမ်အကူ မိန်းကလေးအပေါ် နှစ်နဲ့ချီပြီး ကာမပိုင်းဆိုင်ရာ ကျုးလွန် ဖောက်ဖျက်ခဲ့သည့်အပြင် ၎င်း၏လုပ်ရပ်ကို သိရှိသွားသောဇနီးသည်၏ ဖိအားပေးမှုကြောင့် အိမ်အကူ မိန်းကလေး၏ လိင်အင်္ဂါကို အက်စစ်ဖြင့် ပက်သည်အထိ ရက်စက်မှုကို ကျူးလွန်ခဲ့သည့် အမှုဖြစ်သည်။
မေလ (၇) ရက်ရုံးချိန်းတွင် ဦးမောင်မောင်အေးအား ငွေကျပ်(၁၀) သိန်းဖြင့် အာမခံပေးလိုက်ကြောင်း တရားခံမိန်းကလေးဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်း အောင်က ပြောသည်။အဆိုပါ ရုံးချိန်းသို့ တက်ကြွလှုပ်ရှားသူများဖြစ်သည့် မကွေးဆရာတော် ဦးပါမောက္ခ၊ ဒေါ်နော်အုံးလှနှင့် တရားမျှတမှုဖော်ဆောင်ရေးအဖွဲ့တို့က လာရောက်ဝန်းရံခဲ့ကြသည်။