Unicode
ဒိန်းဒေါင်ကတော့ ဇာတ်ပို့သရုပ်ဆောင်လည်းဖြစ်လို့ ဗီဒီယိုဇာတ်ကားတွေ၊ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးပါတယ်နော်။ဒိန်းဒေါင်ရဲ့ ဟာသလေးတွေကို ပရိသတ်တွေကလည်း သဘောကျကြလို့
ယနေ့အချိန်ထိတိုင် တစ်ခဲနက်အားပေးနေကြတာဖြစ်ပါတယ်။ဒိန်းဒေါင်က ခင်လှိုင်နဲ့လည်း အတွဲညီပြီး အနုပညာအလုပ်တွေကို အတူတူလုပ်ဆောင်ခဲ့ကြပါတယ်။ ဒိန်းဒေါင်က ကိုယ်ပိုင်မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီး
အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသစွာနဲ့ မိသားစုကိုစောင့်ရှောက်နေတာဖြစ်ပါတယ်။ဒိန်းဒေါင်ရဲ့ အနုအရည်အသွေးတွေကို ပရိသတ်တွေကလည်းလက်ခံအားပေးကြလို့ အနုပညာလောကမှာ နေရာတစ်နေရာကနေရပ်တည်နေတာပါနော်။ ဒိန်းဒေါင် စိတ်သဘောထားလည်းပြည့်ဝပြီး
မာန်မာနကင်းမဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒိန်းဒေါင်က အလှူအတန်းတွေဆိုရင်လည်း တတ်နိုင်သလောက်ကို မကြာခဏလှူဒါန်းနေတာဖြစ်ပါတယ်။ယခုcovid19ကာလမှာဆိုရင်လည်း လိုအပ်တဲ့သူတွေကို တတ်နိုင်သလောက်ကူညီပေးနေတာပါနော်။
အခုဆိုရင်လည်း ဒိန်းဒေါင်က”ဆန်3ပြည် ဆီ55ကျပ်သား ငွေ3000ကျပ် အိမ်ခြေ100ကျော်တို့အားလှူဒါန်းပြီးပါပြီအလှူရှင်များကူညီပေးကြသောပရဟိတညီကိုမောင်နှမများအားလုံးသာဓုပါ”ဆိုပြီး အလှူပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်။