ျမန္မာႏိုင္ငံ ကို ေရာက္ ရွိေန တဲ့ တရားေဟာ ဆရာေဒးဗစ္လား အဖို႔ ကေတာ့ ျပည္တြင္း မွာ နာမည္ဆိုး နဲ႔ ေက်ာ္ၾကားသြားခဲ့ၿပီ ျဖစ္ပါ တယ္ ။
ပိုး ကူးစက္ခံရသူ အသစ္တြ႕ ရွိေၾကာင္း သက္ဆိုင္ရာ မွ သတင္းထုတ္ျပန္သည့္အခါတိုင္း သူ႔နာမည္ က ဆိုရွယ္ မီဒီယာ မွာ trend တခု လို ထြက္ေပၚလာစၿမဲ ျဖစ္ပါတယ္ ။ေမလ အေစာပိုင္း မွာ ေဒးဗစ္လား ေဆး႐ုံမွျပန္ဆင္းလာ ပါတယ္၊ ဗိုင္းရပ္ပိုး ကင္းစင္သြားေပမ ယ့္ ႏိုင္ငံတြင္း ေရာဂါပိုး ကူးစက္ခံရေအာင္လုပ္ခဲ့တဲ့ ဝန္ထုပ္ဝန္ပိုးႀကီး ထမ္း႐ြက္လိုက္ ရတဲ့ ဒဏ္ ကေတာ့ မကင္းစင္ေသး ပါဘူး ၊
က်န္းမာေရးဝန္ႀကီးဌာန ရဲ႕ စည္းကမ္း အတိုင္း ဟိုတယ္ မွာ ၁၄ ရက္ သီးျခား ေစာင့္ၾကည့္ျခင္း ခံေနရၿပီး ေမလ ၁၉ ရက္ေန႔အထိ ေနရမယ္ လို႔ ၎ရွိေနတဲ့ ဟိုတယ္၏ နယ္ေျမခံအမတ္ျဖစ္သူ ေဒၚေမစိုးက ေျပာပါတယ္ ။ယခု အပတ္ထဲ သူ နဲ႔ ပတ္သက္ၿပီး ဆိုရွယ္မီဒီယာမွာ အုတ္ ေအာ္ေသာင္းနင္း ျဖစ္ခဲ့ျပန္ပါတယ္။ ဟိုတယ္ ကေန ေဒးဗစ္လား ထြက္သြားၿပီလို႔ ျပည္တြင္းသတင္းစာတေစာင္မွာ ေဖၚျပခဲ့လို႔ျဖစ္ပါတယ္။ ဒီသတင္း ကို ခ်က္ျခင္း ဟိုတယ္ကျငင္းဆိုခဲ့ၿပီး ရဲအဖြဲ႕ကလည္း လုံၿခဳံေရး တင္းက်ပ္စြာ ခ်ထားတယ္ လို ေထာက္ျပေျပာ ဆိုလာခဲ့ပါတယ္။
CBC သတင္းဌာနမွ ေဒးဗစ္လားနဲ႔ တိုက္႐ိုက္ဆက္ သြယ္ ေမးျမန္းခြင့္မရခဲ့ေ ပမယ့္ သူနဲ႔သိတဲ့ တိုရန္တိုက ျမန္မာ ခ်ပ္ခ်္ ေက်ာင္းမွ အရွင္ ေဆာ္လမြန္ ဂ်ိမ္းစ္ ကို ေမးျမန္းခြင့္ရခဲ့ပါတယ္။ ေဒးဗစ္လားသည္ “လူေကာင္း” တစ္ဦး ျဖစ္ၿပီး ခ်ပ္ခ်္ ရဲ႕ တရားေဟာ ဆရာေဟာင္းသာ ျဖစ္ တယ္ဆိုတာ ကို အေလးေပး ေျပာဆိုသြားပါတယ္ ။ခ ရစ္ယာန္ဘာသာ ကို အေလးအနက္ယုံၾကည္သူမ်ား အဖို႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရ ဖြယ္မရွိ” ဟု ရဲရဲဝံ့ဝံ့ ေျပာသြားခဲ့သည့္ ကေနဒါ တရားေဟာ ဆရာတေယာက္ သူကိုယ္တိုင္ကူးစက္ခံသြားရၿပီျဖစ္ သည္ဟု ဆို ပါတယ္။
ေဒးဗစ္လားဟာ ယခု အခါေတာ့ ဗိုင္းရပ္စ္ တိုက္ဖ်က္ေရးအတြက္ ႀကိဳးပမ္းေနတဲ့ ျမန္မာအစိုးရ၏ လူစုလူေဝး မလုပ္ရန္ တားျမစ္ခ်က္ကို အာခံတဲ့အတြက္ အက်ဥ္းေထာင္ အတြင္း စံျမန္းရဖို႔ျဖစ္လာခဲ့ ပါတယ္ ။ကေနဒါ တာဝန္ရွိသူမ်ားက ၎အား သံ႐ုံးနဲ႔ ဆိုင္တဲ့ အကူအညီမ်ား ေပးေနတယ္ လို႔ အတည္ျပဳခဲ့ၾကပါတယ္။ အသက္ ၄၃ ႏွစ္ ရွိၿပီျဖစ္ တဲ့ တရားေဟာဆရာ ေဒးဗစ္လားသည္ အြန္လိုင္း ခရစ္ယာန္ ဗီဒီယိုမ်ား ေပၚမွာ လူသိမ်ားလာသူျဖစ္ၿပီး ျမန္မာဘာသာနဲ႔ တိုက္႐ိုက္ လႊင့္ထုတ္တာေတြ လုပ္လာခဲ့ ပါတယ္။
သူ႔ကိုယ္ပိုင္ David Lah Ministry ေဖ့စ္ဘုတ္ အေကာ င့္မွာ တိုရန္တို တြင္ ေနထိုင္ေသာ ျမန္မာျပည္ ဖြား တရားေဟာဆရာလို႔ ေဖၚျပ ထားပါတယ္။ တိုရန္တိုမွာရွိတဲ့ North York ဘုရားေက်ာင္းနဲ႔ ဆက္ၿပီး ၂၀၁၁ ကတည္းက ေျပာေဟာ ပို႔ခ်လာတယ္လို႔ ဆိုပါတယ္။ မၾကာမီကဗီဒီယိုေဟာေျပာမႈေတြကပိုၿပီး အေသးစိတ္လာ႐ုံမက ေသြးဆူေအာင္ ေဟာေျပာတဲ့ အထိ ျဖစ္လာတာ ေတြ႕ရ ပါတယ္။ ဥေရာပ၊ အာရွနဲ႔ ၾသစေတးလ်အထိ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။
၂၀၁၄ မွာ Dream Ministry International Organization ကို တည္ေထာင္လာတဲ့အခါမွာေတာ့ ျမန္မာအာဏာပိုင္ေတြ သတိျပဳမိလာ ပါတယ္။ဧၿပီလ အေစာပိုင္းက ျပဳလုပ္ခဲ့တဲ့ ေဟာေျပာပြဲႏွစ္ခု ထဲက လူအမ်ား မ်က္ခုံးလႈပ္သြားေစတဲ့တစ္ခုနဲ႔ စပ္လ်င္းတဲ့ ရဲမွတ္တမ္းကို ကေနဒါရဲ႕ CBC သတင္းဌာနက ဖတ္ရႈ႕ခဲ့ရတယ္လို႔ဆိုပါတယ္။ အဲ့ တာကေတာ့ ဧၿပီ ၇ ရက္ေန႔ မရမ္းကုန္းမွာ လုပ္တဲ့ ပြဲ ျဖစ္ၿပီး ေန႔စြဲအရ ဆိုရင္ အစိုးရက လူစုလူေဝး မလုပ္ရလို႔တားျမစ္ထားတာ သုံးပတ္ေက်ာ္ ရွိေနပါၿပီ။
ကိုဗစ္-၁၉ ကူးစက္မႈ စတင္ခဲ့တယ္ လို႔အစိုးရက အတည္ျပဳၿပီးေနာက္ ႏွစ္ပတ္အၾကာ လည္း ျဖစ္ပါတယ္ ။ဧၿပီ ၁၃ ေန႔စြဲနဲ႔ မွတ္တမ္း မွာ ေဒးဗစ္လားနဲ႔ စတူဒီယို ပိုင္ရွင္ျဖစ္သူက အစိုးရရဲ ႕ သဘာဝေဘး စီမံခန႔္ခြဲမႈ ဥပေဒကို ခ်ိဳးေဖာက္ခဲ့ၾကလို႔ျပစ္မႈထင္ရွားရင္ ေထာင္ဒဏ္သုံး ႏွစ္အထိ ခ်မွတ္ႏိုင္တဲ့ ပုဒ္မနဲ႔ တရားစြဲထားတာ ေတြ႕ရပါတယ္ ။အလားတူ ပြဲမ်ိဳးလုပ္ခဲ့တဲ့ ေဒးဗစ္လားရဲ႕အေပါင္းအပါ ႏွစ္ဦးကိုလည္း စြဲခ်က္တင္ထားပါတယ္။
ဗုဒၶဘာသာ အမ်ားစုေနထိုင္ရာ ျမန္မာတြင္ ၆% မွ်သာ ရွိတဲ့ ခရစ္ယာန္ဘာသာဝင္အခ်ိဳ႕ အၾကားမွာ သတိထားမိစရာျဖစ္လာပါတယ္။ ခရစ္ယာန္ဘာသာသည္သာ ကို႐ိုနာဗိုင္းရပ္စ္ရန္မွ ကယ္တင္ေပးႏိုင္သ ည္ဟု ေဟာေျပာလာခဲ့ ပါတယ္။ ဘုရားသခင္ ရဲ႕ ႏႈတ္ခါးပတ္ ေတာ္ ေတြကို ၾကားနာလို႔ရွိရင္ ဗိုင္းရပ္သည္ အသင္တို႔ထံေရာက္မလာဘူးဆိုတာ ေယရႈခရစ္ရဲ႕ နာမေတာ္နဲ႔ ဒီေနရာက ေၾကျငာတယ္လို႔ ေျပာ သြားခဲ့တာကို မတ္လကုန္ပိုင္းမွာ ျပဳလုပ္တဲ့ပြဲရဲ႕ ဗီဒီယိုဖိုင္မွာ ေတြ႕လိုက္ရပါတယ္။
ဧၿပီလတြင္ ျပဳလုပ္ေသာပြဲတြင္ သမၼာက်မ္းစာအုပ္ ကို လက္က ေဝွ႔ရမ္းၿပီး ေယရႈ႕ရဲ႕ အဆုံးအမ လက္ခံက်င့္သုံးတဲ့ ခ်ပ္ခ်္ မွန္သမွ် ေရာဂါမ ကူးစက္ေစရဘူးလို႔ အာမခံတယ္ဆိုၿပီး ေျပာခဲ့ျပန္ ပါတယ္။ရဲအဖြဲ႕မွ ၎အား အမႈဖြင့္ဖို႔ လႈပ္ရွားလာတဲ့ အခ်ိန္မွာ ေတာ့ သူ ကိုယ္တိုင္ေပ့ါ စတစ္ျဖစ္ၿပီး ေဆး႐ုံ ေရာက္ ေနၿပီျဖစ္တဲ့အတြက္ သူ ေဟာေျပာခ်က္မ်ားသည္ ကေမာက္ကမ စကားမ်ားသာ ျဖစ္တယ္ ဆိုတာ သိသာထင္ရွားသြားခဲ့ရပါတယ္။
CBC သတင္းဌာနက ဧၿပီ ၁၃ ေန႔စြဲနဲ႔ ရရွိခဲ့တဲ့ ေတာင္ ဥကၠလာပ ရဲအဖြဲ႕၏တင္ျပလႊာ တြင္ ေဒးဗစ္လား ေနတဲ့ ရပ္ကြက္အတြင္း ကူးစက္ခံ ရတဲ့အတြက္ေလာ့ေဒါင္းခ်ထားေၾကာင္း နဲ႔ သူ႔ကို ေဆး႐ုံ ေခၚသြားတဲ့ အေရးေပၚ လူနာတင္ယာဥ္ ကားနံပတ္ပါ ေဖၚျပထားတာ ေတြ႕ရပါတ ယ္။ အဆိုပါ တင္ျပလႊာမွာပဲ သူ႔ေၾကာင့္ နာမည္ေက်ာ္ေရာ့ခ္ဂီတ အဆိုေတာ္မ်ိဳးႀကီး အပါအဝင္ လူ ႏွစ္ဆယ္ခန႔္ ကူးစက္သြားၿပီဆိုတာ လည္း ေဖၚျပထားျပန္ပါတယ္။
ေဒးဗစ္လားသည္ ခရစ္ယာန္ ဘာသာဝင္တဦးျဖစ္တဲ့ ႏိုင္ငံ၏ ဒုသမၼတပါ သူ၏ အရႈပ္ထဲ ဆြဲေခၚသြားခဲ့ျပန္ ပါတယ္။ ေဖေဖၚဝါရီလအတြင္း ေနျပည္ေတာ္မွာ လုပ္ တဲ့ အခမ္းအနားတခု မွာ ဒုသမၼတ ဗန္ထီးယူအား ၎ႏွင့္ အတူ ေတြ႕လိုက္ရတဲ့ ဓါတ္ပုံေတြ ဆိုရွယ္မီဒီယာ မွာ ပ်ံ႕ႏွံ႔လာခဲ့ ပါတယ္။ ထို႔အတြက္ ဦးဗန္ထီးယူးအပါအဝင္ ဆက္စပ္သူ လူ ၃၀ ခန႔္အား အလ်င္အျမန္ ေဆးစစ္ခဲ့ရာမွာ ပိုးကင္းစင္ေၾကာင္း အေျဖထြက္လာခဲ့ပါတယ္။
ေဒးဗစ္လားသည္ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ တစ္ခု ေလာက္က သူတို႔North York ဘုရားေက်ာင္းနဲ႔ အဆက္ အသြယ္ ျဖတ္ၿပီး new direction ရွာမယ္ဆိုကာ ထြက္သြားၿပီးကတည္းက မဆုံျဖစ္ေတာ့ဖူးလို႔ ဂ်ိမ္းစ္ က ေျပာျပခဲ့ပါတယ္။သူရဲ႕ ဧဝံေဂလိ လက္ေဆာင္မြန္ေၾကာင့္ ဘုရား သခင္က ဆင့္ေခၚေနၿပီလို႔ ေဒးဗစ္လားက ေျပာသြားခဲ့ေၾကာင္း Canada Broadcasting Corporation (CBC) က သတင္းေရးသား ခဲ့ပါတယ္။
ေမလ ၁၆ ရက္ေန႔တြင္ အြန္လိုင္းမွ တဆင့္ ျပဳလုပ္ ခဲ့ေသာ သတင္းစာ ရွင္းလင္းပြဲတြင္ ရန္ကုန္တိုင္း အစိုးရမွ ဥပေဒ ႏွင့္ အညီ ေဆာင္႐ြက္ သြားမည္ ျဖစ္ေၾကာင္း သမၼတ႐ုံးေျပာခြင့္ရ ဦးေဇာ္ေဌးက ေျပာေၾကာင္းႏွင့္ ၎ ၏ ဘာသာေရးပြဲမွ တဆင့္ ေရာဂါ ျဖစ္ပြားသူ ၆၀ ေက်ာ္ ႏွင့္ ထိေတြ႕သူ ၂၇၀ ရွိတယ္လို႔က်န္းမာေရးဝန္ႀကီးဌာနမွ သတင္းထုတ္ျပန္ ထားေၾကာင္း စံေတာ္ခ်ိန္ သတင္းမွာလည္း ေဖၚျပထားပါတယ္။
REF: The Ladies News
Unicode
မြန်မာနိုင်ငံ ကို ရောက် ရှိနေ တဲ့ တရားဟော ဆရာဒေးဗစ်လား အဖို့ ကတော့ ပြည်တွင်း မှာ နာမည်ဆိုး နဲ့ ကျော်ကြားသွားခဲ့ပြီ ဖြစ်ပါတယ် ။
ပိုး ကူးစက်ခံရသူ အသစ်တွ့ ရှိကြောင်း သက်ဆိုင်ရာ မှ သတင်းထုတ်ပြန်သည့်အခါတိုင်း သူ့နာမည် က ဆိုရှယ် မီဒီယာ မှာ trend တခု လို ထွက်ပေါ်လာစမြဲ ဖြစ်ပါတယ် ။မေလ အစောပိုင်း မှာ ဒေးဗစ်လား ဆေးရုံမှပြန်ဆင်းလာ ပါတယ်၊ ဗိုင်းရပ်ပိုး ကင်းစင်သွားပေမ ယ့် နိုင်ငံတွင်း ရောဂါပိုး ကူးစက်ခံရအောင်လုပ်ခဲ့တဲ့ ဝန်ထုပ်ဝန်ပိုးကြီး ထမ်းရွက်လိုက် ရတဲ့ ဒဏ် ကတော့ မကင်းစင်သေး ပါဘူး ၊
ကျန်းမာရေးဝန်ကြီးဌာန ရဲ့ စည်းကမ်း အတိုင်း ဟိုတယ် မှာ ၁၄ ရက် သီးခြား စောင့်ကြည့်ခြင်း ခံနေရပြီး မေလ ၁၉ ရက်နေ့အထိ နေရမယ် လို့ ၎င်းရှိနေတဲ့ ဟိုတယ်၏ နယ်မြေခံအမတ်ဖြစ်သူ ဒေါ်မေစိုးက ပြောပါတယ် ။ယခု အပတ်ထဲ သူ နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ အုတ် အော်သောင်းနင်း ဖြစ်ခဲ့ပြန်ပါတယ်။ ဟိုတယ် ကနေ ဒေးဗစ်လား ထွက်သွားပြီလို့ ပြည်တွင်းသတင်းစာတစောင်မှာ ဖေါ်ပြခဲ့လို့ဖြစ်ပါတယ်။ ဒီသတင်း ကို ချက်ခြင်း ဟိုတယ်ကငြင်းဆိုခဲ့ပြီး ရဲအဖွဲ့ကလည်း လုံခြုံရေး တင်းကျပ်စွာ ချထားတယ် လို ထောက်ပြပြော ဆိုလာခဲ့ပါတယ်။
CBC သတင်းဌာနမှ ဒေးဗစ်လားနဲ့ တိုက်ရိုက်ဆက် သွယ် မေးမြန်းခွင့်မရခဲ့ေ ပမယ့် သူနဲ့သိတဲ့ တိုရန်တိုက မြန်မာ ချပ်ချ် ကျောင်းမှ အရှင် ဆော်လမွန် ဂျိမ်းစ် ကို မေးမြန်းခွင့်ရခဲ့ပါတယ်။ ဒေးဗစ်လားသည် “လူကောင်း” တစ်ဦး ဖြစ်ပြီး ချပ်ချ် ရဲ့ တရားဟော ဆရာဟောင်းသာ ဖြစ် တယ်ဆိုတာ ကို အလေးပေး ပြောဆိုသွားပါတယ် ။ခ ရစ်ယာန်ဘာသာ ကို အလေးအနက်ယုံကြည်သူများ အဖို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ ဖွယ်မရှိ” ဟု ရဲရဲဝံ့ဝံ့ ပြောသွားခဲ့သည့် ကနေဒါ တရားဟော ဆရာတယောက် သူကိုယ်တိုင်ကူးစက်ခံသွားရပြီဖြစ် သည်ဟု ဆို ပါတယ်။
ဒေးဗစ်လားဟာ ယခု အခါတော့ ဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ကြိုးပမ်းနေတဲ့ မြန်မာအစိုးရ၏ လူစုလူဝေး မလုပ်ရန် တားမြစ်ချက်ကို အာခံတဲ့အတွက် အကျဉ်းထောင် အတွင်း စံမြန်းရဖို့ဖြစ်လာခဲ့ ပါတယ် ။ကနေဒါ တာဝန်ရှိသူများက ၎င်းအား သံရုံးနဲ့ ဆိုင်တဲ့ အကူအညီများ ပေးနေတယ် လို့ အတည်ပြုခဲ့ကြပါတယ်။ အသက် ၄၃ နှစ် ရှိပြီဖြစ် တဲ့ တရားဟောဆရာ ဒေးဗစ်လားသည် အွန်လိုင်း ခရစ်ယာန် ဗီဒီယိုများ ပေါ်မှာ လူသိများလာသူဖြစ်ပြီး မြန်မာဘာသာနဲ့ တိုက်ရိုက် လွှင့်ထုတ်တာတွေ လုပ်လာခဲ့ ပါတယ်။
သူ့ကိုယ်ပိုင် David Lah Ministry ဖေ့စ်ဘုတ် အကော င့်မှာ တိုရန်တို တွင် နေထိုင်သော မြန်မာပြည် ဖွား တရားဟောဆရာလို့ ဖေါ်ပြ ထားပါတယ်။ တိုရန်တိုမှာရှိတဲ့ North York ဘုရားကျောင်းနဲ့ ဆက်ပြီး ၂၀၁၁ ကတည်းက ပြောဟော ပို့ချလာတယ်လို့ ဆိုပါတယ်။ မကြာမီကဗီဒီယိုဟောပြောမှုတွေကပိုပြီး အသေးစိတ်လာရုံမက သွေးဆူအောင် ဟောပြောတဲ့ အထိ ဖြစ်လာတာ တွေ့ရ ပါတယ်။ ဥရောပ၊ အာရှနဲ့ သြစတေးလျအထိ ပျံ့နှံ့ခဲ့ပါတယ်။
၂၀၁၄ မှာ Dream Ministry International Organization ကို တည်ထောင်လာတဲ့အခါမှာတော့ မြန်မာအာဏာပိုင်တွေ သတိပြုမိလာ ပါတယ်။ဧပြီလ အစောပိုင်းက ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲနှစ်ခု ထဲက လူအများ မျက်ခုံးလှုပ်သွားစေတဲ့တစ်ခုနဲ့ စပ်လျင်းတဲ့ ရဲမှတ်တမ်းကို ကနေဒါရဲ့ CBC သတင်းဌာနက ဖတ်ရှု့ခဲ့ရတယ်လို့ဆိုပါတယ်။ အဲ့ တာကတော့ ဧပြီ ၇ ရက်နေ့ မရမ်းကုန်းမှာ လုပ်တဲ့ ပွဲ ဖြစ်ပြီး နေ့စွဲအရ ဆိုရင် အစိုးရက လူစုလူဝေး မလုပ်ရလို့တားမြစ်ထားတာ သုံးပတ်ကျော် ရှိနေပါပြီ။
ကိုဗစ်-၁၉ ကူးစက်မှု စတင်ခဲ့တယ် လို့အစိုးရက အတည်ပြုပြီးနောက် နှစ်ပတ်အကြာ လည်း ဖြစ်ပါတယ် ။ဧပြီ ၁၃ နေ့စွဲနဲ့ မှတ်တမ်း မှာ ဒေးဗစ်လားနဲ့ စတူဒီယို ပိုင်ရှင်ဖြစ်သူက အစိုးရရဲ့ သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေကို ချိုးဖောက်ခဲ့ကြလို့ပြစ်မှုထင်ရှားရင် ထောင်ဒဏ်သုံး နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မနဲ့ တရားစွဲထားတာ တွေ့ရပါတယ် ။အလားတူ ပွဲမျိုးလုပ်ခဲ့တဲ့ ဒေးဗစ်လားရဲ့အပေါင်းအပါ နှစ်ဦးကိုလည်း စွဲချက်တင်ထားပါတယ်။
ဗုဒ္ဓဘာသာ အများစုနေထိုင်ရာ မြန်မာတွင် ၆% မျှသာ ရှိတဲ့ ခရစ်ယာန်ဘာသာဝင်အချို့ အကြားမှာ သတိထားမိစရာဖြစ်လာပါတယ်။ ခရစ်ယာန်ဘာသာသည်သာ ကိုရိုနာဗိုင်းရပ်စ်ရန်မှ ကယ်တင်ပေးနိုင်သ ည်ဟု ဟောပြောလာခဲ့ ပါတယ်။ ဘုရားသခင် ရဲ့ နှုတ်ခါးပတ် တော် တွေကို ကြားနာလို့ရှိရင် ဗိုင်းရပ်သည် အသင်တို့ထံရောက်မလာဘူးဆိုတာ ယေရှုခရစ်ရဲ့ နာမတော်နဲ့ ဒီနေရာက ကြေငြာတယ်လို့ ပြော သွားခဲ့တာကို မတ်လကုန်ပိုင်းမှာ ပြုလုပ်တဲ့ပွဲရဲ့ ဗီဒီယိုဖိုင်မှာ တွေ့လိုက်ရပါတယ်။
ဧပြီလတွင် ပြုလုပ်သောပွဲတွင် သမ္မာကျမ်းစာအုပ် ကို လက်က ဝှေ့ရမ်းပြီး ယေရှု့ရဲ့ အဆုံးအမ လက်ခံကျင့်သုံးတဲ့ ချပ်ချ် မှန်သမျှ ရောဂါမ ကူးစက်စေရဘူးလို့ အာမခံတယ်ဆိုပြီး ပြောခဲ့ပြန် ပါတယ်။ရဲအဖွဲ့မှ ၎င်းအား အမှုဖွင့်ဖို့ လှုပ်ရှားလာတဲ့ အချိန်မှာ တော့ သူ ကိုယ်တိုင်ပေ့ါ စတစ်ဖြစ်ပြီး ဆေးရုံ ရောက် နေပြီဖြစ်တဲ့အတွက် သူ ဟောပြောချက်များသည် ကမောက်ကမ စကားများသာ ဖြစ်တယ် ဆိုတာ သိသာထင်ရှားသွားခဲ့ရပါတယ်။
CBC သတင်းဌာနက ဧပြီ ၁၃ နေ့စွဲနဲ့ ရရှိခဲ့တဲ့ တောင် ဥက္ကလာပ ရဲအဖွဲ့၏တင်ပြလွှာ တွင် ဒေးဗစ်လား နေတဲ့ ရပ်ကွက်အတွင်း ကူးစက်ခံ ရတဲ့အတွက်လော့ဒေါင်းချထားကြောင်း နဲ့ သူ့ကို ဆေးရုံ ခေါ်သွားတဲ့ အရေးပေါ် လူနာတင်ယာဉ် ကားနံပတ်ပါ ဖေါ်ပြထားတာ တွေ့ရပါတ ယ်။ အဆိုပါ တင်ပြလွှာမှာပဲ သူ့ကြောင့် နာမည်ကျော်ရော့ခ်ဂီတ အဆိုတော်မျိုးကြီး အပါအဝင် လူ နှစ်ဆယ်ခန့် ကူးစက်သွားပြီဆိုတာ လည်း ဖေါ်ပြထားပြန်ပါတယ်။
ဒေးဗစ်လားသည် ခရစ်ယာန် ဘာသာဝင်တဦးဖြစ်တဲ့ နိုင်ငံ၏ ဒုသမ္မတပါ သူ၏ အရှုပ်ထဲ ဆွဲခေါ်သွားခဲ့ပြန် ပါတယ်။ ဖေဖေါ်ဝါရီလအတွင်း နေပြည်တော်မှာ လုပ် တဲ့ အခမ်းအနားတခု မှာ ဒုသမ္မတ ဗန်ထီးယူအား ၎င်းနှင့် အတူ တွေ့လိုက်ရတဲ့ ဓါတ်ပုံတွေ ဆိုရှယ်မီဒီယာ မှာ ပျံ့နှံ့လာခဲ့ ပါတယ်။ ထို့အတွက် ဦးဗန်ထီးယူးအပါအဝင် ဆက်စပ်သူ လူ ၃၀ ခန့်အား အလျင်အမြန် ဆေးစစ်ခဲ့ရာမှာ ပိုးကင်းစင်ကြောင်း အဖြေထွက်လာခဲ့ပါတယ်။
ဒေးဗစ်လားသည် လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခု လောက်က သူတို့North York ဘုရားကျောင်းနဲ့ အဆက် အသွယ် ဖြတ်ပြီး new direction ရှာမယ်ဆိုကာ ထွက်သွားပြီးကတည်းက မဆုံဖြစ်တော့ဖူးလို့ ဂျိမ်းစ် က ပြောပြခဲ့ပါတယ်။သူရဲ့ ဧဝံဂေလိ လက်ဆောင်မွန်ကြောင့် ဘုရား သခင်က ဆင့်ခေါ်နေပြီလို့ ဒေးဗစ်လားက ပြောသွားခဲ့ကြောင်း Canada Broadcasting Corporation (CBC) က သတင်းရေးသား ခဲ့ပါတယ်။
မေလ ၁၆ ရက်နေ့တွင် အွန်လိုင်းမှ တဆင့် ပြုလုပ် ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်တိုင်း အစိုးရမှ ဥပဒေ နှင့် အညီ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောကြောင်းနှင့် ၎င်း ၏ ဘာသာရေးပွဲမှ တဆင့် ရောဂါ ဖြစ်ပွားသူ ၆၀ ကျော် နှင့် ထိတွေ့သူ ၂၇၀ ရှိတယ်လို့ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ထားကြောင်း စံတော်ချိန် သတင်းမှာလည်း ဖေါ်ပြထားပါတယ်။
REF: The Ladies News