Unicode
အဆိုတော်လင်းလင်းတစ်ယောက် ငွေသိန်းပေါင်းများစွာ လိမ်ညာယူထား ဆိုတဲ့ အသံဖိုင်ကိစ္စ လိုက်ဖ်လွှင့်ပီး ဒဲ့ရှင်း
နိုင်ငံရေးဆယ်လီ ဂိုရှယ်လေးနဲ့ တစ်ဖက်မှ (အများအထင် ရှေ့နေရောဘတ်စန်းအောင်တို့) ပြောဆိုထားတဲ့အသံဖိုင် ဟာ အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စွပ်စွဲခံရသူ အဆိုတော်လင်းလင်းမှ ရှေ့နေကြီးရောဘတ်စန်းအောင်ထံသို့ သွားရောက်ရှင်းလင်း Liveလွှင့်ခဲ့ပါတယ်။ အသံဖိုင်ကို တင်ခဲ့သူကတော့ ဟန်ငြိမ်းဦးဖြစ်ပါတယ်။
ဟန်ငြိမ်းဦးဆိုသူမှာ မင်းရာဇာတို့မိသားစုမှ အိမ်ဖော်မိန်းကလေးကို မဒိန်းကျင့်နှိပ်စက်ခဲ့တဲ့ အသံဖိုင်ကို ပထမဆုံးတင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ဖော်ထုတ်မှု့ကြောင့်အိမ်ဖော်မလေးကို ကယ်တင်နိုင်ခဲ့ပီး မင်ရာဇာတို့ကိုလည်း တရားစွဲဆိုနိုင်ခဲ့ပါတယ်။
ယခုအခါမှာတော့ ရှေ့နေကြီးဦးရောဘတ်စန်းအောင်မှ ပုဂ္ဂိုလ်ရေးလုံးဝမတိုက်ခိုက်ကြောင်း NLDဆန့်ကျင်ရေးမလုပ်ကြောင်း အတိအလင်းပြောကြားခဲ့ပါတယ်။
က်မှတော့ “ဗြောင်လိမ်ဗြောင်စား ရှေ့နေကြီးပါလား သူနဲ့ဂိုလ်ရှယ်လေးအတင်းချထားတဲ့အသံဖိုင်ကို ကျုပ်ကပဲ လုပ်ကြံဖန်တီးထားတယ်ဆိုပဲ ကျုပ်အကောင့်ကတင်တာသူတို့သိပီး ရက်၂၀လောက်ရှိမှ ငြိမ်နေလို့ သိအောင်ထပ်တင်ပေးတာပဲရှိတယ်။
ရှေ့နေတယောက်ဖြစ်ပီးမုသားတွေအရမ်းပြောလွန်းတယ်။ အံသြစရာကြီးဟေ့” ဆိုပီး တင်ထားပါတယ်