ဒီေန႔ (ေမလ၂၁ ရက္) ကိုရီးယား ကို႐ိုနာ ဗိုင္းရပ္စ္ သတင္းက မေကာင္းပါ..။
မၾကာေသးခင္က ဆိုးလ္ၿမိဳ႕၊ အီထယ္ဝန္ (Itaewon) ကလပ္ကေန ပ်ံ႕ႏွံ႔ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ အမ်ိဳးအစားက ပိုၿပီးေၾကာက္စရာေကာင္းတယ္တဲ့ ..။
အခုအထိ ကမာၻတစ္ဝွမ္းမွာ အဓိက COVID-19 ေရာဂါကိုျဖစ္ေစတဲ့ ကို႐ိုနာဗိုင္းရပ္စ္က ပုံစံ (၃) မ်ိဳးရွိတယ္..။ အမ်ိဳးအစား ‘A’ ကလင္းႏို႔ကလာတဲ့ မူလ မ်ိဳး႐ိုးျဖစ္တယ္။အေစာပိုင္းတ႐ုတ္ ဝူဟန္ လူနာေတြမွာ ေတြ႕ရတယ္။
တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က A အမ်ိဳးအစားက ဝူဟန္ကေနဆက္ၿပီး တ႐ုတ္ျပည္ရဲ႕ အျခားၿမိဳ႕ေတြ ၊ ကိုရီးယားအပါအဝင္ အေရွ႕အာရွႏိုင္ငံေတြမွာ က်ယ္က်ယ္ျပန႔္ျပန္႔ ပ်ံ႕ႏွံ႔သြားတဲ့ အခ်ိန္မွာ ဗိုင္းရပ္စ္က ဒုတိယအမ်ိဳးအစား ‘B’ ျဖစ္ေနၿပီ..။ စိတ္ဝင္စားစရာေကာင္းတာက အေမရိကန္ နဲ႔ ဥေရာပႏိုင္ငံေတြေရာက္ေတာ့ ဒုတိယအမ်ိဳးအစား ‘C’ ျဖစ္သြားတာပဲ..။
ေတာင္ကိုရီးယားမွာ ကို႐ိုနာ-၁၉ ဗိုင္းရပ္စ္ပိုးကို အေစာပိုင္းအဆင့္မွာ A အမ်ိဳးအစားကိုအဓိကေတြ႕ရွိခဲ့ရတယ္။ ေဒဂူးၿမိဳ႕ ရွင္ခြၽန္းဂ်ီ ဘာသာေရး ဘုရားေက်ာင္း (Sincheonji) ကေန ဗိုင္းရပ္စ္ေတြ ထပ္ၿပီး ပ်ံ႕ႏွံ႔လာေတာ့ B အမ်ိဳးအစားေတြျဖစ္ေနခဲ့တယ္။ ဒါေၾကာင့္ ေတာင္ကိုရီးယားမွာ ဗိုင္းရပ္စ္ အမ်ိဳးအစား B အမ်ားဆုံးျဖစ္ခဲ့တယ္။ C အမ်ိဳးအစားကိုေတာ့ ဥေရာပ၊အေမရိကန္ ဘက္ကျပန္လာတဲ့သူေတြမွာပဲေတြ႕ရ ၿပီး ေတာင္ကိုရီးယား သိပ္မရွိခဲ့ဘူး..။
သတင္းဆိုးကေတာ့ ျပည္တြင္းသုေတသနအဖြဲ႕က အီထယ္ဝန္ (Itaewon) ကလပ္က ဗိုင္းရပ္စ္ C အမ်ိဳးအစားျဖစ္တယ္ဆိုတာ ဒီေန႔ အတည္ျပဳလိုက္တာပဲ …။
ဗိုင္းရပ္စ္ အမ်ိဳးအစား C က အေသအေပ်ာက္မ်ားၿပီး အဆိုးဆုံးေပါ့…။ အမ်ိဳးအစား C မွာ မ်ိဳးပြါးပ႐ိုတိန္း G614 လို႔ေခၚတဲ့ ဗီဇေျပာင္းလဲမႈေၾကာင့္ ဗိုင္းရပ္စ္ေတြဟာ ဆဲလ္ေတြမွာ ပိုကပ္တယ္လို႔ဆိုတယ္။ အမ်ိဳးအစား C က အမ်ိဳးအစား B ထက္ ပိုၿပီးကူးစက္ ပ်ံ႕ႏွံ႔လြယ္တယ္။
ေတာင္ကိုရီးယား ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ကာကြယ္ေရးဌာနက ဗိုင္းရပ္စ္စစ္ေဆးေရးဒါ႐ိုက္တာက ပထမေတာ့ ကလပ္က ဗိုင္းရပ္စ္ေတြက အမ်ိဳးအစား B လို႔ပဲထင္ေနခဲ့တာ။
ဒီေန႔အထိ အီထယ္ဝန္ ကလပ္ေတြကပ်ံ႕ႏွံ႔န္႔တဲ့ ဗိုင္းရပ္စ္ေတြ ရတဲ့သူေပါင္း ၂၀၇ ေယာက္ျဖစ္ေနပါၿပီ..။
ေတာင္ကိုရီးယား 🇰🇷 ေမလ ၂၁ ရက္ သံသယရွိတဲ့ လူနာ ၁၇၃၈ ေယာက္ရွိေနၿပီး ဗိုင္းရပ္စ္ရွိ မရွိ စစ္ေဆးေနထားပါတယ္။ လက္ရိွအခ်ိန္ထိ အတည္ျပဳလူနာ – ၁၁,၁၂၂ (၁၂ ေယာက္ ထပ္တိုး), ေသဆုံးသူ စုစုေပါင္း- ၂၆၄ (၁ ေယာက္ထပ္တိုး) ရိွေနပါတယ္။
မေ႐ႊမိုး (ကိုရီးယား)
May 21st, 2020
Unicode
ဒီနေ့ (မေလ၂၁ ရက်) ကိုရီးယား ကိုရိုနာ ဗိုင်းရပ်စ် သတင်းက မကောင်းပါ..။
မကြာသေးခင်က ဆိုးလ်မြို့၊ အီထယ်ဝန် (Itaewon) ကလပ်ကနေ ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားက ပိုပြီးကြောက်စရာကောင်းတယ်တဲ့ ..။
အခုအထိ ကမ္ဘာတစ်ဝှမ်းမှာ အဓိက COVID-19 ရောဂါကိုဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်က ပုံစံ (၃) မျိုးရှိတယ်..။ အမျိုးအစား ‘A’ ကလင်းနို့ကလာတဲ့ မူလ မျိုးရိုးဖြစ်တယ်။အစောပိုင်းတရုတ် ဝူဟန် လူနာတွေမှာ တွေ့ရတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့က A အမျိုးအစားက ဝူဟန်ကနေဆက်ပြီး တရုတ်ပြည်ရဲ့ အခြားမြို့တွေ ၊ ကိုရီးယားအပါအဝင် အရှေ့အာရှနိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားတဲ့ အချိန်မှာ ဗိုင်းရပ်စ်က ဒုတိယအမျိုးအစား ‘B’ ဖြစ်နေပြီ..။ စိတ်ဝင်စားစရာကောင်းတာက အမေရိကန် နဲ့ ဥရောပနိုင်ငံတွေရောက်တော့ ဒုတိယအမျိုးအစား ‘C’ ဖြစ်သွားတာပဲ..။
တောင်ကိုရီးယားမှာ ကိုရိုနာ-၁၉ ဗိုင်းရပ်စ်ပိုးကို အစောပိုင်းအဆင့်မှာ A အမျိုးအစားကိုအဓိကတွေ့ရှိခဲ့ရတယ်။ ဒေဂူးမြို့ ရှင်ချွန်းဂျီ ဘာသာရေး ဘုရားကျောင်း (Sincheonji) ကနေ ဗိုင်းရပ်စ်တွေ ထပ်ပြီး ပျံ့နှံ့လာတော့ B အမျိုးအစားတွေဖြစ်နေခဲ့တယ်။ ဒါကြောင့် တောင်ကိုရီးယားမှာ ဗိုင်းရပ်စ် အမျိုးအစား B အများဆုံးဖြစ်ခဲ့တယ်။ C အမျိုးအစားကိုတော့ ဥရောပ၊အမေရိကန် ဘက်ကပြန်လာတဲ့သူတွေမှာပဲတွေ့ရ ပြီး တောင်ကိုရီးယား သိပ်မရှိခဲ့ဘူး..။
သတင်းဆိုးကတော့ ပြည်တွင်းသုတေသနအဖွဲ့က အီထယ်ဝန် (Itaewon) ကလပ်က ဗိုင်းရပ်စ် C အမျိုးအစားဖြစ်တယ်ဆိုတာ ဒီနေ့ အတည်ပြုလိုက်တာပဲ …။
ဗိုင်းရပ်စ် အမျိုးအစား C က အသေအပျောက်များပြီး အဆိုးဆုံးပေါ့…။ အမျိုးအစား C မှာ မျိုးပွါးပရိုတိန်း G614 လို့ခေါ်တဲ့ ဗီဇပြောင်းလဲမှုကြောင့် ဗိုင်းရပ်စ်တွေဟာ ဆဲလ်တွေမှာ ပိုကပ်တယ်လို့ဆိုတယ်။ အမျိုးအစား C က အမျိုးအစား B ထက် ပိုပြီးကူးစက် ပျံ့နှံ့လွယ်တယ်။
တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာနက ဗိုင်းရပ်စ်စစ်ဆေးရေးဒါရိုက်တာက ပထမတော့ ကလပ်က ဗိုင်းရပ်စ်တွေက အမျိုးအစား B လို့ပဲထင်နေခဲ့တာ။
ဒီနေ့အထိ အီထယ်ဝန် ကလပ်တွေကပျံ့နှံ့န့်တဲ့ ဗိုင်းရပ်စ်တွေ ရတဲ့သူပေါင်း ၂၀၇ ယောက်ဖြစ်နေပါပြီ..။
တောင်ကိုရီးယား 🇰🇷 မေလ ၂၁ ရက် သံသယရှိတဲ့ လူနာ ၁၇၃၈ ယောက်ရှိနေပြီး ဗိုင်းရပ်စ်ရှိ မရှိ စစ်ဆေးနေထားပါတယ်။ လက်ရှိအချိန်ထိ အတည်ပြုလူနာ – ၁၁,၁၂၂ (၁၂ ယောက် ထပ်တိုး), သေဆုံးသူ စုစုပေါင်း- ၂၆၄ (၁ ယောက်ထပ်တိုး) ရှိနေပါတယ်။
မရွှေမိုး (ကိုရီးယား)
May 21st, 2020