Friday, May 22, 2020
အဂတိလိုက္စားမွုျဖင့္ တရားစြဲဆိုျခင္း ခံထားရေသာ တနသၤာရီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဟာင္းေဒါက္တာလဲ့လဲ့ေမာ္ အား ပထမ အမွု သုံးခု အတြက္ ေထာင္ဒဏ္ ၁၀ ႏွစ္စီ က်ခံရန္ တနသၤာရီတိုင္းေဒသႀကီး တရား႐ုံးက အမိန႔္ ခ်မွတ္လိုက္သည္။ပထမ အမွု လမ္းဦးစီးသို့ ဘ႑ာေငြ တစ္လုံးတစ္ခဲတည္းခ်ေပးမွုႏွင့္ ၿခံစည္းရိုးကာရံမွု၊ ဒုတိယ အမွု ေလယာဥ္ကြင္း ျခဳံရွင္းသည့္ အမွု ႏွင့္ တတိယ အမွု GGS သဘာဝဓာတ္ေငြ႕ အေၾကး ကိစၥ တို့ ျဖစ္သည္။
တတိယ အမွုတြင္ ပါဝင္ေသာ GGS ကုမၸဏီမွ တာဝန္ရွိသူ ႏွစ္ဦးကိုလည္း ေထာင္ဒဏ္ ၁၀ ႏွစ္စီ ခ်မွတ္လိုက္သည္။စတုတၳ အမွုကို ဆက္လက္ အမိန႔္ခ်မည္ျဖစ္သည္။အေသးစိတ္ကို ထပ္မံ တင္ျပသြားပါမည္။ေဒါက္တာလဲ့လဲ့ေမာ္ တရားစြဲခံရတဲ့ အမွု ေလးမွု အက်ဥ္းခ်ဳပ္ ပထမ အမွု လမ္းဦးစီးကို ေငြ ႏွစ္ ဘီလီယံ နီးပါး တစ္လုံး တစ္ခဲတည္း ခ်ေပးခဲ့တယ္၊ အဲဒီေနာက္ ေဒါက္တာလဲ့လဲ့ေမာ္ ခင္ပြန္း နာမည္နဲ႔ ဝယ္ထားတဲ့ ေျမကြက္ကို လမ္းဦးစီးကို အုတ္ၿခံစည္႐ုံးကာေပးဖို့ ေစခိုင္းခဲ့တယ္ဆိုတဲ့ အမွုပါ။အဲဒီ ေျမကြက္ဟာ ထားဝယ္ၿမိဳ့က အဓိက လမ္းမႀကီး တစ္ခု ျဖစ္တဲ့ ေဆး႐ုံ လမ္းမွာ ရွိတဲ့ ေျမကြက္ပါ။အဲဒီ အမွုကို ရာဇဝတ္မွု အမွတ္ ၁/၂၀၁၉ နဲ႔ တရားစြဲခဲ့ပါတယ္။ တရားလိုနဲ႔ တရားခံျပ သက္ေသ စုစုေပါင္း ၂၂ ေယာက္ကို စစ္ေဆးခဲ့ပါတယ္။ေဒါက္တာလဲ့လဲ့ေမာ္ကေတာ့ ၿခံစည္းရိုးခတ္တာကို ျပင္ပ အင္ဂ်င္နီယာနဲ႔သာ လုပ္ကိုင္ခဲ့တယ္လို့ ျပန္ရွင္းထားပါတယ္။ဒါေပမဲ့ အုတ္ၿခံစည္းရိုးနဲ႔ ေရေျမာင္းအတြက္ ကုန္က်စရိတ္ သိန္း ၁၄၀ ေက်ာ္ကို အဂတိလိုက္စားမွု ေကာ္မရွင္က စုံစမ္းစစ္ေဆးတဲ့ အခ်ိန္ေရာက္မွ ေပးေခ်ခဲ့တယ္လို့ ျပင္ပ အင္ဂ်င္နီယာ ေဒၚမိမိစံက တရား႐ုံးမွာ ထြက္ဆိုထားပါတယ္။
ဒုတိယ အမွု လူထုအၾကား နာမည္ေက်ာ္တဲ့ ေလယာဥ္ကြင္းျခဳံရွင္းတဲ့ အမွုပါ။၂၀၁၆-၁၇ ဘ႑ာႏွစ္ အေထြေထြ ပိုလၽွံရန္ပုံေငြ က်ပ္သိန္း ေလးေထာင္ကို အသုံးျပဳၿပီး ထားဝယ္ေလယာဥ္ကြင္း ျခဳံရွင္းခဲ့တဲ့ အမွု ျဖစ္ပါတယ္။ေလယာဥ္ကြင္းထဲ ျခဳံရွင္းဖို့၊ ၿခံစည္းရိုး ခတ္ဖို့နဲ႔ ေလဆိပ္ အေဆာက္အအုံ ျပင္ဖို့ လုပ္ငန္းသုံးရပ္ အတြက္ တိုင္းအစိုးရက ေဆြးေႏြးဆုံးျဖတ္ခဲ့တယ္လို့ ေဒါက္တာ လဲ့လဲ့ေမာ္က ဆိုပါတယ္။ဒါေပမဲ့ တကယ့္ ေျမျပင္မွာေတာ့ ျခဳံရွင္းတာ တစ္ခုတည္း လုပ္ခဲ့ပါတယ္။အဲဒါကို တိုင္းအစိုးရ တစ္ဖြဲ႕လုံး မသိဘူးလို့ ေဒါက္တာ လဲ့လဲ့ေမာ္က ဆိုပါတယ္။ သက္ဆိုင္ရာ တာဝန္ရွိတဲ့ ဌာနက တင္ျပတာ မရွိတဲ့ အတြက္ တိုင္းအစိုးရက မသိဘူးလို့ သူမကဆိုပါတယ္။ ဒါေၾကာင့္ အဲဒီ အမွုမွာ အဂတိလိုက္စားမွု မရွိဘူး၊ အျပစ္မရွိဘူးလို့ ေဒါက္တာလဲ့လဲ့ေမာ္က ဆိုထားပါတယ္။ဒီအမွုမွာေတာ့တရားလိုနဲ႔တရားခံျပသက္ေသစုစုေပါင္း ၂၀ဦးကို စစ္ေဆးထားပါတယ္။ လက္ရွိဝန္ႀကီးခ်ဳပ္ဦးျမင့္ေမာင္လည္း တရားခံျပ သက္ေသအျဖစ္ အစစ္ခံထားပါတယ္။
တတိယ အမွုGGS ကုမၸဏီက ေပးရမယ့္ သဘာဝဓာတ္ေငြ႕ဖိုး ေပးရမဲ့ အေႂကြးနဲ႔ ပတ္သက္တဲ့ အမွု ျဖစ္ပါတယ္။ထားဝယ္ခရိုင္အတြင္း လၽွပ္စစ္ထုတ္လုပ္ေရာင္းခ်ျခင္းဆိုင္ရာ သေဘာတူစာခ်ဳပ္ကို ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာ လမွာ တိုင္းအစိုးရအဖြဲ႕နဲ႔ GGS ကုမၸဏီတို့ ခ်ဳပ္ဆိုထားခဲ့ပါတယ္။အဲဒီ စာခ်ဳပ္ကို ကြက္လပ္စာခ်ဳပ္လို့ လူသိမ်ားပါတယ္။ စာခ်ဳပ္ခ်ဳပ္တဲ့ အခ်ိန္မွာ ကြပ္လပ္ေတြ ျဖစ္ေနတာ၊ ေနာက္ၿပီး GGS ကို လ ၽွပ္စစ္ထုတ္လုပ္ေရာင္းခ်ေရး အတြက္ ေရြးခ်ယ္ဖို့ တိုင္းအစိုးရအဖြဲ႕ အစည္းအေဝးနဲ႔ မဆုံးျဖတ္မီ သုံးလေလာက္ကတည္းက စာခ်ဳပ္ခ်ဳပ္ဆိုတာေတြ တရား႐ုံးမွာ သက္ဆိုင္ရာ တာဝန္ရွိသူက ထြက္ဆိုခဲ့ပါတယ္။ဆိုလိုတာက တိုင္းအစိုးရအဖြဲ႕ အစည္းအေဝး နဲ႔ မဆုံးျဖတ္မီကတည္းက စာခ်ဳပ္က ခ်ဳပ္ႏွင့္ေနၿပီး ျဖစ္ေနတာပါ။အဲဒီအမွုမွာ တရားလိုနဲ႔ တရားခံျပသက္ေသ စုစုေပါင္း ၂၇ ဦးကို စစ္ေဆးထားပါတယ္။
စတုတၳအမွု အမွုကေတာ့ ေဒါက္တာလဲ့လဲ့ေမာ္ မိသားစုပိုင္ အိမ္နဲ႔ေျမကို GGS ကုမၸဏီကို ေရာင္းတယ္၊ ေနာက္ၿပီး အဲဒီ ကုမၸဏီကို ေဆာက္လုပ္ေရး လုပ္ငန္းေတြ ခ်ေပးတယ္ဆိုၿပီး စြပ္စြဲခံထားရတာပါ။သရက္ေခ်ာင္းၿမိဳ့နယ္ မွာရွိတဲ့ အဲဒီ အိမ္နဲ႔ ေျမကို က်ပ္ သိန္း ၂၀၀၀ နဲ႔ GGS ကုမၸဏီက ဝယ္ခဲ့ပါတယ္။ ေနာက္ၿပီး သရက္ေခ်ာင္း ငါးေလလံေစ်း၊ ပုေလာၿမိဳ့နယ္ ခန္းမ၊ ေနျပည္ေတာ္မွာ ရွိတဲ့ တိုင္းအစိုးရ ဧည့္ရိပ္သာေတြ ေဆာက္ဖို့ လုပ္ပိုင္ခြင့္ေပးခဲ့တယ္လို့ စြပ္စြဲခံထားရပါတယ္။အဲဒီအမွုမွာေတာ့ တရားလိုနဲ႔ တရားခံျပသက္ေသ စုစုေပါင္း ၂၆ ဦးကို စစ္ေဆးထားပါတယ္။GGS နဲ႔ ပတ္သက္တဲ့ တတိယအမွုနဲ႔ စတုတၳအမွုေတြမွာ GGS ကုမၸဏီက တာဝန္ရွိသူေတြျဖစ္တဲ့ မန္ေနဂ်င္း ဒါရိုက္တာ ဦးသိန္းေထြး၊ ဦးထြန္းမင္းနဲ႔ မန္ေနဂ်ာ ဦးသူရအုံတို့ကိုလည္း တရားစြဲထားပါတယ္။
ဦးသိန္းေထြးကေတာ့ တနသၤာရီတိုင္းထဲက ကိစၥေတြကို ေဆာင္ရြက္ဖို့ ဦးေအာင္ျမတ္ကို တာဝန္ေပးထားတယ္လို့ ထြက္ဆိုထားပါတယ္။ သူ ေဒါက္တာလဲ့လဲ့ေမာ္ အိမ္ေျမ အေရာင္းအဝယ္ ကိစၥ မွာလည္း မပါခဲ့ဘူးလို့ ဆိုထားပါတယ္။ ထားဝယ္ကိုေတာင္ လ ၽွပ္စစ္ထုတ္လုပ္ေရာင္းခ်ေရး စာခ်ဳပ္ ခ်ဳပ္တုန္းက တစ္ေခါက္ပဲ ေရာက္ဖူးတယ္လို့ ေျပာဆိုခဲ့ပါတယ္။တနသၤာရီတိုင္းထဲကကိစၥေတြကို ေဆာင္ရြက္ဖို့ ဦးေအာင္ျမတ္ကို တာဝန္ေပးထားတယ္လို့ ဦးသိန္းေထြးက ဆိုပါတယ္။
Source – Dawei Watch
Unicode
Friday, May 22, 2020
အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခြင်း ခံထားရသော တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော် အား ပထမ အမှု သုံးခု အတွက် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံရန် တနင်္သာရီတိုင်းဒေသကြီး တရားရုံးက အမိန့် ချမှတ်လိုက်သည်။ပထမ အမှု လမ်းဦးစီးသို့ ဘဏ္ဍာငွေ တစ်လုံးတစ်ခဲတည်းချပေးမှုနှင့် ခြံစည်းရိုးကာရံမှု၊ ဒုတိယ အမှု လေယာဉ်ကွင်း ခြုံရှင်းသည့် အမှု နှင့် တတိယ အမှု GGS သဘာဝဓာတ်ငွေ့ အကြေး ကိစ္စ တို့ ဖြစ်သည်။
တတိယ အမှုတွင် ပါဝင်သော GGS ကုမ္ပဏီမှ တာဝန်ရှိသူ နှစ်ဦးကိုလည်း ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်။စတုတ္ထ အမှုကို ဆက်လက် အမိန့်ချမည်ဖြစ်သည်။အသေးစိတ်ကို ထပ်မံ တင်ပြသွားပါမည်။ဒေါက်တာလဲ့လဲ့မော် တရားစွဲခံရတဲ့ အမှု လေးမှု အကျဉ်းချုပ် ပထမ အမှု လမ်းဦးစီးကို ငွေ နှစ် ဘီလီယံ နီးပါး တစ်လုံး တစ်ခဲတည်း ချပေးခဲ့တယ်၊ အဲဒီနောက် ဒေါက်တာလဲ့လဲ့မော် ခင်ပွန်း နာမည်နဲ့ ဝယ်ထားတဲ့ မြေကွက်ကို လမ်းဦးစီးကို အုတ်ခြံစည်ရုံးကာပေးဖို့ စေခိုင်းခဲ့တယ်ဆိုတဲ့ အမှုပါ။အဲဒီ မြေကွက်ဟာ ထားဝယ်မြို့က အဓိက လမ်းမကြီး တစ်ခု ဖြစ်တဲ့ ဆေးရုံ လမ်းမှာ ရှိတဲ့ မြေကွက်ပါ။အဲဒီ အမှုကို ရာဇဝတ်မှု အမှတ် ၁/၂၀၁၉ နဲ့ တရားစွဲခဲ့ပါတယ်။ တရားလိုနဲ့ တရားခံပြ သက်သေ စုစုပေါင်း ၂၂ ယောက်ကို စစ်ဆေးခဲ့ပါတယ်။ဒေါက်တာလဲ့လဲ့မော်ကတော့ ခြံစည်းရိုးခတ်တာကို ပြင်ပ အင်ဂျင်နီယာနဲ့သာ လုပ်ကိုင်ခဲ့တယ်လို့ ပြန်ရှင်းထားပါတယ်။ဒါပေမဲ့ အုတ်ခြံစည်းရိုးနဲ့ ရေမြောင်းအတွက် ကုန်ကျစရိတ် သိန်း ၁၄၀ ကျော်ကို အဂတိလိုက်စားမှု ကော်မရှင်က စုံစမ်းစစ်ဆေးတဲ့ အချိန်ရောက်မှ ပေးချေခဲ့တယ်လို့ ပြင်ပ အင်ဂျင်နီယာ ဒေါ်မိမိစံက တရားရုံးမှာ ထွက်ဆိုထားပါတယ်။
ဒုတိယ အမှု လူထုအကြား နာမည်ကျော်တဲ့ လေယာဉ်ကွင်းခြုံရှင်းတဲ့ အမှုပါ။၂၀၁၆-၁၇ ဘဏ္ဍာနှစ် အထွေထွေ ပိုလျှံရန်ပုံငွေ ကျပ်သိန်း လေးထောင်ကို အသုံးပြုပြီး ထားဝယ်လေယာဉ်ကွင်း ခြုံရှင်းခဲ့တဲ့ အမှု ဖြစ်ပါတယ်။လေယာဉ်ကွင်းထဲ ခြုံရှင်းဖို့၊ ခြံစည်းရိုး ခတ်ဖို့နဲ့ လေဆိပ် အဆောက်အအုံ ပြင်ဖို့ လုပ်ငန်းသုံးရပ် အတွက် တိုင်းအစိုးရက ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့ ဒေါက်တာ လဲ့လဲ့မော်က ဆိုပါတယ်။ဒါပေမဲ့ တကယ့် မြေပြင်မှာတော့ ခြုံရှင်းတာ တစ်ခုတည်း လုပ်ခဲ့ပါတယ်။အဲဒါကို တိုင်းအစိုးရ တစ်ဖွဲ့လုံး မသိဘူးလို့ ဒေါက်တာ လဲ့လဲ့မော်က ဆိုပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ဌာနက တင်ပြတာ မရှိတဲ့ အတွက် တိုင်းအစိုးရက မသိဘူးလို့ သူမကဆိုပါတယ်။ ဒါကြောင့် အဲဒီ အမှုမှာ အဂတိလိုက်စားမှု မရှိဘူး၊ အပြစ်မရှိဘူးလို့ ဒေါက်တာလဲ့လဲ့မော်က ဆိုထားပါတယ်။ဒီအမှုမှာတော့တရားလိုနဲ့တရားခံပြသက်သေစုစုပေါင်း ၂၀ဦးကို စစ်ဆေးထားပါတယ်။ လက်ရှိဝန်ကြီးချုပ်ဦးမြင့်မောင်လည်း တရားခံပြ သက်သေအဖြစ် အစစ်ခံထားပါတယ်။
တတိယ အမှုGGS ကုမ္ပဏီက ပေးရမယ့် သဘာဝဓာတ်ငွေ့ဖိုး ပေးရမဲ့ အကြွေးနဲ့ ပတ်သက်တဲ့ အမှု ဖြစ်ပါတယ်။ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ်ရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ လမှာ တိုင်းအစိုးရအဖွဲ့နဲ့ GGS ကုမ္ပဏီတို့ ချုပ်ဆိုထားခဲ့ပါတယ်။အဲဒီ စာချုပ်ကို ကွက်လပ်စာချုပ်လို့ လူသိများပါတယ်။ စာချုပ်ချုပ်တဲ့ အချိန်မှာ ကွပ်လပ်တွေ ဖြစ်နေတာ၊ နောက်ပြီး GGS ကို လ ျှပ်စစ်ထုတ်လုပ်ရောင်းချရေး အတွက် ရွေးချယ်ဖို့ တိုင်းအစိုးရအဖွဲ့ အစည်းအဝေးနဲ့ မဆုံးဖြတ်မီ သုံးလလောက်ကတည်းက စာချုပ်ချုပ်ဆိုတာတွေ တရားရုံးမှာ သက်ဆိုင်ရာ တာဝန်ရှိသူက ထွက်ဆိုခဲ့ပါတယ်။ဆိုလိုတာက တိုင်းအစိုးရအဖွဲ့ အစည်းအဝေး နဲ့ မဆုံးဖြတ်မီကတည်းက စာချုပ်က ချုပ်နှင့်နေပြီး ဖြစ်နေတာပါ။အဲဒီအမှုမှာ တရားလိုနဲ့ တရားခံပြသက်သေ စုစုပေါင်း ၂၇ ဦးကို စစ်ဆေးထားပါတယ်။
စတုတ္ထအမှု အမှုကတော့ ဒေါက်တာလဲ့လဲ့မော် မိသားစုပိုင် အိမ်နဲ့မြေကို GGS ကုမ္ပဏီကို ရောင်းတယ်၊ နောက်ပြီး အဲဒီ ကုမ္ပဏီကို ဆောက်လုပ်ရေး လုပ်ငန်းတွေ ချပေးတယ်ဆိုပြီး စွပ်စွဲခံထားရတာပါ။သရက်ချောင်းမြို့နယ် မှာရှိတဲ့ အဲဒီ အိမ်နဲ့ မြေကို ကျပ် သိန်း ၂၀၀၀ နဲ့ GGS ကုမ္ပဏီက ဝယ်ခဲ့ပါတယ်။ နောက်ပြီး သရက်ချောင်း ငါးလေလံဈေး၊ ပုလောမြို့နယ် ခန်းမ၊ နေပြည်တော်မှာ ရှိတဲ့ တိုင်းအစိုးရ ဧည့်ရိပ်သာတွေ ဆောက်ဖို့ လုပ်ပိုင်ခွင့်ပေးခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။အဲဒီအမှုမှာတော့ တရားလိုနဲ့ တရားခံပြသက်သေ စုစုပေါင်း ၂၆ ဦးကို စစ်ဆေးထားပါတယ်။GGS နဲ့ ပတ်သက်တဲ့ တတိယအမှုနဲ့ စတုတ္ထအမှုတွေမှာ GGS ကုမ္ပဏီက တာဝန်ရှိသူတွေဖြစ်တဲ့ မန်နေဂျင်း ဒါရိုက်တာ ဦးသိန်းထွေး၊ ဦးထွန်းမင်းနဲ့ မန်နေဂျာ ဦးသူရအုံတို့ကိုလည်း တရားစွဲထားပါတယ်။
ဦးသိန်းထွေးကတော့ တနင်္သာရီတိုင်းထဲက ကိစ္စတွေကို ဆောင်ရွက်ဖို့ ဦးအောင်မြတ်ကို တာဝန်ပေးထားတယ်လို့ ထွက်ဆိုထားပါတယ်။ သူ ဒေါက်တာလဲ့လဲ့မော် အိမ်မြေ အရောင်းအဝယ် ကိစ္စ မှာလည်း မပါခဲ့ဘူးလို့ ဆိုထားပါတယ်။ ထားဝယ်ကိုတောင် လ ျှပ်စစ်ထုတ်လုပ်ရောင်းချရေး စာချုပ် ချုပ်တုန်းက တစ်ခေါက်ပဲ ရောက်ဖူးတယ်လို့ ပြောဆိုခဲ့ပါတယ်။တနင်္သာရီတိုင်းထဲကကိစ္စတွေကို ဆောင်ရွက်ဖို့ ဦးအောင်မြတ်ကို တာဝန်ပေးထားတယ်လို့ ဦးသိန်းထွေးက ဆိုပါတယ်။
Source – Dawei Watch