ဒီေန႔ ဟာ ျမန္မာခရစ္ယာန္သမိုင္းမွာ မျဖစ္ဖူးေသာအရာ ျဖစ္ပ်က္ရတဲ့ ေန႔ထူးေန႔ျမတ္ ျဖစ္ပါတယ္။
က်မတို႔ခ်စ္တဲ့ ဆရာေဒးဗစ္လားတစ္ေယာက္ ရာဇဝတ္သားတစ္ေယာက္လို လက္ထိပ္တန္းလန္းနဲ႔ ရဲေတြဖမ္းေခၚသြားတဲ့ ျမင္ကြင္းဟာ ဘယ္ေတာ့မွ မေမ့ႏိုင္ေတာ့မယ့္ ျမင္ကြင္းျဖစ္သလို၊ က်မတို႔ႏွလုံးသားကို ထိခိုက္နာက်င္ေစတဲ့ ပုံရိပ္ေတြလည္း ျဖစ္ပါတယ္။
ရဲေတြေခၚေဆာင္ရာသို႔ သိုးသူငယ္လို လိုက္ပါသြားတဲ့ ဆရာ့ပုံရိပ္ေတြကို ၾကည့္ရင္း မ်က္ရည္ၿဖိဳင္ၿဖိဳင္ က်ၾကရတယ္။ ဝမ္းနည္းေၾကကြဲစြာ ငိုေႂကြးၾကရတယ္။ႏိုင္ငံေတာ္ပုန္ကန္မႈ မဟုတ္ လာဘ္စားမႈ မဟုတ္ မုဒိမ္းမႈ မဟုတ္ လူသတ္မႈ၊ လိမ္လည္မႈ၊ ခိုးမႈ၊ ေမွာင္ခိုပစ္စည္း ေရာင္းဝယ္မႈ…
အဲဒီအမႈေတြ ဆရာက်ဴးလြန္ခဲ့လို႔ အခုလို ဆရာအဖမ္းခံရတာ မဟုတ္လို႔ မိုင္တို႔ ဂုဏ္ယူတယ္၊ သိပ္ဂုဏ္ယူတယ္။ သခင္ေယရႈက ယုံၾကည္သူေတြ ႀကဳံေတြ႕ရမယ့္ အရာေတြကို ႀကိဳေျပာျပထားခဲ့ၿပီးသားမို႔ ဝိညာဥ္မ်က္စိ ပြင့္လင္းသူတိုင္း ဒီအျဖစ္အပ်က္အတြက္ သိပ္အံဩၾကမယ္ မထင္ပါဘူး။
ရွင္ေပါလုတို႔ မုန္တိုင္းမိၿပီး သဘ္ောပ်က္သြားတာ ဘယ္ေနရာေရာက္သြားဖို႔လဲ ဒံေယလတို႔အဖြဲ႕ ႀကဳံေတြ႕ရတဲ့ အေၾကာင္းအရာက သူတို႔ႏိုင္ငံမွာ ဘာေတြျဖစ္ပ်က္ဖို႔ အက်ိဳး ျဖစ္သြားတယ္ဆိုတာ က်မ္းစာဖတ္သူတိုင္း သိတယ္။က်မ္းစာထဲမွာ ေတြ႕ရတဲ့၊ ဘုရားသခင္က ႀကီးႀကီးမားမား အသုံးျပဳခဲ့သူေတြရဲ႕ အသက္တာကို ေလ့လာၾကည့္ရင္
အားလုံးဟာ တိန္တိန္ျမည္သမားေတြ ျဖစ္ေနတာကို ေတြ႕ရမွာပါ။ အထူးသျဖင့္ ေဟၿဗဲ ၁၁ ထဲက ယုံၾကည္ျခင္း သူရဲေကာင္းေတြ ျဖတ္ေက်ာ္ခဲ့ရတဲ့ ဘဝေတြဟာ တကယ္ပဲ ေၾကာက္စရာေကာင္းပါတယ္။
သခင္ေယရႈ အပါအဝင္ ရွင္ေပါလုတို႔လို NT ထဲက သူရဲေကာင္းေတြလည္း နဲနဲမွ မေလ်ာ့ပါဘူး။မတရား စီရင္ျခင္း ခံရတယ္ အထင္လြဲခံရ၊ ႏွင္ထုတ္ခံရ၊ အပယ္ခံရ ဖမ္းဆီးႏွိပ္စက္ျခင္းနဲ႔ ေထာင္သြင္း အက်ဥ္းခ်ခံရျခင္းလည္း မလြတ္ၾကဘူး။
မိုင္ ေတြးမိတယ္ ဘုရားက လူေ႐ြးတဲ့ ေနရာမွာ သိပ္ေတာ္တယ္လို႔။ ဘယ္ေလာက္ပဲ အခက္အခဲေတြ ႀကဳံေတြ႕ရပါေစ ထြက္ေျပး ေနာက္ဆုတ္ ပုန္းေရွာင္မသြားမယ့္ နာမေတာ္ကို ေလာကအရာေတြနဲ႔ မလဲပစ္မယ့္ ဘာေတြပဲ ႀကဳံရႀကဳံရ သစ္စာမေဖာက္မယ့္ အဆုံးထိ တည္ၾကည္မယ့္သူကို ဘုရားသိတယ္။
ဆရာေဒးဗစ္လား ႀကဳံေတြ႕ရသမွ်ေတြကို ျပန္သုံးသပ္ၾကည့္ေတာ့ သူ႔ကို ဘုရားသခင္ ဒီေလာက္ေတာင္ စိတ္ခ် (trust) ႏိုင္တာကို အရမ္းေလးစားသြားတယ္။က်မေျပာဖူးပါတယ္ က်မတို႔က ဆရာ့သင္တန္းကို ဆယ္ႏွစ္လုံးလုံး တက္ခဲ့ၾကသူေတြဆိုတာ။
ဆယ္ႏွစ္ဆိုေသာ အခ်ိန္ကာလက လူတစ္ေယာက္ရဲ႕ ဘဝဇာတ္လမ္း၊ အေတြးအေခၚ၊ စိတ္ေနသေဘာထား၊ ယုံၾကည္ခ်က္၊ အမူအက်င့္နဲ႔ စိတ္ခံစားခ်က္ေတြကို သိရွိနားလည္ သေဘာေပါက္ႏိုင္ဖို႔ ေကာင္းေကာင္းႀကီး လုံေလာက္ပါတယ္။ဒါေၾကာင့္ မိုင္တို႔က ဆရာ့ကို အၿမဲတမ္း ခ်စ္ၾကတယ္၊ ေလးစားတယ္၊ trust လည္းျဖစ္တယ္။
ခရစ္ယာန္ေတြဆိုတာ ညႇင္းဆဲေလေလ ပြားမ်ားေလေလ။ ခ်စ္ေသာ ျမန္မာျပည္ႀကီးမွာ ႏိုးထမႈ အႀကီးႀကီးျဖစ္ဖို႔ႀကီးမားေသာ အေျပာင္းအလဲ ျဖစ္လာဖို႔ ဘုရားရဲ႕ အႀကံအစည္ကို ဘယ္သူမွ ႀကိဳမသိႏိုင္ပါဘူး။ ျမန္မာျပည္ႀကီး ေကာင္းႀကီးခံစားရဖို႔၊ သူတစ္ပါးကို ေကာင္းႀကီးေပးတဲ့ ႏိုင္ငံျဖစ္လာဖို႔ ရဲရဲေတာက္ ေႂကြးေၾကာ္ဝန္ခံခဲ့သူ ဆရာေဒးဗစ္လားဟာ သူရရွိထားတဲ့ ႐ူပါ႐ုံအတြက္
သူကိုယ္တိုင္ မ်ိဳးေစ့အျဖစ္ အစေတးခံ ေပးဆပ္ေနတာ သဘာဝက်ပါတယ္။ဆရာႀကဳံေတြ႕ ရင္ဆိုင္ ျဖတ္သန္းေနရသမွ်ေတြကို ျပန္ေတြဴးၾကည့္လိုက္ေတာ့ ဆရာဟာ.. သခင္ေယရႈလိုပဲ ဘာသာေရးဆရာေတြရဲ႕ ျပစ္တင္ေဝဖန္ တားဆီးပိတ္ပင္ျခင္းေတြ ခံခဲ့ရတယ္
သခင္ေယရႈလိုပဲ အေယာင္ေဆာင္သမားေတြရဲ႕ တိုက္ခိုက္ျခင္း ခံခဲ့ရတယ္ သခင္ေယရႈလိုပဲ မိမိလူမ်ိဴးေတြရဲ႕ အပယ္ခံခဲ့ရတယ္ အခုလည္းပဲ သခင္ေယရႈလို ပရိသတ္ေတြက တံေတြးေထြး၊ လွ်ာနဲ႔႐ိုက္၊ က်ိန္ဆဲ၊ ေလွာင္ေျပာင္၊ ကဲ့ရဲ႕ျပီးေတာ့ တရားစြာ ဖမ္းဆီးခ်ဳပ္ေႏွာင္၊ စစ္ေၾကာစီရင္၊ ေထာင္ထဲပို႔။
ဒီအခ်ိန္ထိ ဖရွင္းခ်က္ထုတ္ဖို႔ စကားတစ္ခြန္းမွ မဟ၊ သူ႔ကို ျပဳသမွ် ျငင္းဆန္ျခင္းလည္း မျပဳ.. just like Jesus did when he was brought to trial!
ကားတိုင္လမ္းဟာ လြယ္ကူေခ်ာေမြ႕တလို႔ ဘယ္က်မ္းစာမွာမွ ေရးမထားဘူး စစ္မွန္ေသာ အမႈေတာ္ေဆာင္ေတြရဲ႕ ဘဝခရီးဟာလည္း ေျဖာင့္ျဖဴးလိမ့္မယ္လို႔ ဘယ္က်မ္းပိုဒ္မွာမွ ကတိေပးမထားပါဘူး ႏႈတ္ကပတ္ေတာ္က ကတိေပးထားတာကေတာ့..
က်မတို႔ မခံႏိုင္ေလာက္ေသာ စုံစမ္းေႏွာင့္ယွက္ျခင္းေရာက္ဖို႔ အခြင့္ေပးမွာ မဟုတ္တဲ့အေၾကာင္းပဲ ျဖစ္ပါတယ္။ ဖတ္မွတ္ခဲ့ဖူးတယ္ သင္ဘယ္ေလာက္ ခ်ိဳးဖဲ့ျခင္းခံႏိုင္တယ္ ဆိုတဲ့အေပၚ မူတည္ၿပီးေတာ့ သင့္အသက္တာအားျဖင့္ ဘုရားအလုပ္လုပ္ေလပဲ တဲ့။သခင္ေယ႐ူ ခံစားခဲ့ရတဲ့ ဆင္းရဲဒုက္ခ ေဝဒနာေတြကို မွ်ေဝယူေဆာင္ေနတဲ့ ဆရာေဒးဗစ္လားအတြက္ က်မတို႔ ဂုဏ္ယူဝမ္းေျမာက္ေနတယ္။
ဘာေၾကာင့္လဲဆိုေတာ့ ဒါၿပီးသြားရင္ ျမင္ေတြ႕ခြင့္ရေတာ့မယ့္ ရွင္ျပန္ထေျမာက္ျခင္းတန္ခိုးအတြက္ေၾကာင့္ပါ။ အခုေတာ့ ေမွာင္မည္းမည္း ေျမႀကီးထဲမွာ မ်ိဳးေစ့က မြန္းက်ပ္စြာ ပုပ္ပ်က္ေနရဆဲ.. ။
လက္ထိပ္အခတ္ခံရတဲ့ ဆရာေဒးဗစ္လား 👉 ရဲေတြ ဖမ္းဆီးေခၚေဆာင္ခံရတဲ့ ဆရာေဒးဗစ္လား 👉 ျပစ္တင္ က်ိန္ဆဲ ေလွာင္ေျပာင္ ကဲ့ရဲ႕ျခင္း ခံေနရတဲ့ ဆရာေဒးဗစ္လား 👉 မတရားသျဖင့္ စစ္ေၾကာစီရင္၊ အက်ဥ္းခ်ခံရၿပီျဖစ္တဲ့ ဆရာေဒးဗစ္လား ဆရာ့အားျဖင့္ က်မတို႔ သခင္ေယရႈရဲ႕ ေဝဒနာေတြကို လက္ေတြ႕က်က် မွ်ေဝႏိုင္ခဲ့ၿပီ
သူတို႔ဆရာ ဖမ္းဆီးစစ္ေဆးျခင္း ခံေနရတာကို မ်က္ဝါးထင္ထင္ ငုတ္တုတ္ၾကည့္ေနၾကရတဲ့ အခ်ိန္မွာ ခံစားရတဲ့ တပည့္ေတာ္ေတြရဲ႕ နာက်င္မႈ၊ အားငယ္မႈ၊ စိုးရိမ္ပူပန္မႈနဲ႔ မ်က္ရည္စက္ေတြကိုလည္း အခုေတာ့ ထပ္တူထပ္မွ် နားလည္ခံစားေပးႏိုင္ၾကၿပီ။ဆရာ့ေၾကာင့္ ယုံၾကည္သူေတြ ရင္ခုန္သံခ်င္း စည္းခ်က္ညီသြားၿပီ။
ဟာေလလုယာေအာ္.. က်မကေတာ့.. ဟိုးလြန္ခဲ့တဲ့ ႏွစ္ေတြတုန္းက ေမွ်ာ္လင့္ခ်က္မဲ့၊ နာက်င္ေၾကကြဲစြာ မ်က္ရည္စက္လက္နဲ႔ ဆရာ့ဆီလာၿပီး ဆုေတာင္းခံလို႔ ဆရာက ၾကင္နာစြာ ေခါင္းေပၚလက္တင္ၿပီး ဆုေတာင္း ေကာင္းႀကီးေပးခဲ့ဖူးတဲ့ ပေရာဖက္လည္းျပဳရင္း အားေပးစကားေတြ ေျပာခဲ့ဖူးတဲ့.. “မိုင္” ဆိုတဲ့ မိန္းမတစ္ေယာက္ပါ.. ။
Unicode
ဒီနေ့ ဟာ မြန်မာခရစ်ယာန်သမိုင်းမှာ မဖြစ်ဖူးသောအရာ ဖြစ်ပျက်ရတဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။
ကျမတို့ချစ်တဲ့ ဆရာဒေးဗစ်လားတစ်ယောက် ရာဇဝတ်သားတစ်ယောက်လို လက်ထိပ်တန်းလန်းနဲ့ ရဲတွေဖမ်းခေါ်သွားတဲ့ မြင်ကွင်းဟာ ဘယ်တော့မှ မမေ့နိုင်တော့မယ့် မြင်ကွင်းဖြစ်သလို၊ ကျမတို့နှလုံးသားကို ထိခိုက်နာကျင်စေတဲ့ ပုံရိပ်တွေလည်း ဖြစ်ပါတယ်။
ရဲတွေခေါ်ဆောင်ရာသို့ သိုးသူငယ်လို လိုက်ပါသွားတဲ့ ဆရာ့ပုံရိပ်တွေကို ကြည့်ရင်း မျက်ရည်ဖြိုင်ဖြိုင် ကျကြရတယ်။ ဝမ်းနည်းကြေကွဲစွာ ငိုကြွေးကြရတယ်။နိုင်ငံတော်ပုန်ကန်မှု မဟုတ် လာဘ်စားမှု မဟုတ် မုဒိမ်းမှု မဟုတ် လူသတ်မှု၊ လိမ်လည်မှု၊ ခိုးမှု၊ မှောင်ခိုပစ်စည်း ရောင်းဝယ်မှု…
အဲဒီအမှုတွေ ဆရာကျူးလွန်ခဲ့လို့ အခုလို ဆရာအဖမ်းခံရတာ မဟုတ်လို့ မိုင်တို့ ဂုဏ်ယူတယ်၊ သိပ်ဂုဏ်ယူတယ်။ သခင်ယေရှုက ယုံကြည်သူတွေ ကြုံတွေ့ရမယ့် အရာတွေကို ကြိုပြောပြထားခဲ့ပြီးသားမို့ ဝိညာဉ်မျက်စိ ပွင့်လင်းသူတိုင်း ဒီအဖြစ်အပျက်အတွက် သိပ်အံဩကြမယ် မထင်ပါဘူး။
ရှင်ပေါလုတို့ မုန်တိုင်းမိပြီး သဘ်ောပျက်သွားတာ ဘယ်နေရာရောက်သွားဖို့လဲ ဒံယေလတို့အဖွဲ့ ကြုံတွေ့ရတဲ့ အကြောင်းအရာက သူတို့နိုင်ငံမှာ ဘာတွေဖြစ်ပျက်ဖို့ အကျိုး ဖြစ်သွားတယ်ဆိုတာ ကျမ်းစာဖတ်သူတိုင်း သိတယ်။ကျမ်းစာထဲမှာ တွေ့ရတဲ့၊ ဘုရားသခင်က ကြီးကြီးမားမား အသုံးပြုခဲ့သူတွေရဲ့ အသက်တာကို လေ့လာကြည့်ရင်
အားလုံးဟာ တိန်တိန်မြည်သမားတွေ ဖြစ်နေတာကို တွေ့ရမှာပါ။ အထူးသဖြင့် ဟေဗြဲ ၁၁ ထဲက ယုံကြည်ခြင်း သူရဲကောင်းတွေ ဖြတ်ကျော်ခဲ့ရတဲ့ ဘဝတွေဟာ တကယ်ပဲ ကြောက်စရာကောင်းပါတယ်။
သခင်ယေရှု အပါအဝင် ရှင်ပေါလုတို့လို NT ထဲက သူရဲကောင်းတွေလည်း နဲနဲမှ မလျော့ပါဘူး။မတရား စီရင်ခြင်း ခံရတယ် အထင်လွဲခံရ၊ နှင်ထုတ်ခံရ၊ အပယ်ခံရ ဖမ်းဆီးနှိပ်စက်ခြင်းနဲ့ ထောင်သွင်း အကျဉ်းချခံရခြင်းလည်း မလွတ်ကြဘူး။
မိုင် တွေးမိတယ် ဘုရားက လူရွေးတဲ့ နေရာမှာ သိပ်တော်တယ်လို့။ ဘယ်လောက်ပဲ အခက်အခဲတွေ ကြုံတွေ့ရပါစေ ထွက်ပြေး နောက်ဆုတ် ပုန်းရှောင်မသွားမယ့် နာမတော်ကို လောကအရာတွေနဲ့ မလဲပစ်မယ့် ဘာတွေပဲ ကြုံရကြုံရ သစ်စာမဖောက်မယ့် အဆုံးထိ တည်ကြည်မယ့်သူကို ဘုရားသိတယ်။
ဆရာဒေးဗစ်လား ကြုံတွေ့ရသမျှတွေကို ပြန်သုံးသပ်ကြည့်တော့ သူ့ကို ဘုရားသခင် ဒီလောက်တောင် စိတ်ချ (trust) နိုင်တာကို အရမ်းလေးစားသွားတယ်။ကျမပြောဖူးပါတယ် ကျမတို့က ဆရာ့သင်တန်းကို ဆယ်နှစ်လုံးလုံး တက်ခဲ့ကြသူတွေဆိုတာ။
ဆယ်နှစ်ဆိုသော အချိန်ကာလက လူတစ်ယောက်ရဲ့ ဘဝဇာတ်လမ်း၊ အတွေးအခေါ်၊ စိတ်နေသဘောထား၊ ယုံကြည်ချက်၊ အမူအကျင့်နဲ့ စိတ်ခံစားချက်တွေကို သိရှိနားလည် သဘောပေါက်နိုင်ဖို့ ကောင်းကောင်းကြီး လုံလောက်ပါတယ်။ဒါကြောင့် မိုင်တို့က ဆရာ့ကို အမြဲတမ်း ချစ်ကြတယ်၊ လေးစားတယ်၊ trust လည်းဖြစ်တယ်။
ခရစ်ယာန်တွေဆိုတာ ညှင်းဆဲလေလေ ပွားများလေလေ။ ချစ်သော မြန်မာပြည်ကြီးမှာ နိုးထမှု အကြီးကြီးဖြစ်ဖို့ကြီးမားသော အပြောင်းအလဲ ဖြစ်လာဖို့ ဘုရားရဲ့ အကြံအစည်ကို ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။ မြန်မာပြည်ကြီး ကောင်းကြီးခံစားရဖို့၊ သူတစ်ပါးကို ကောင်းကြီးပေးတဲ့ နိုင်ငံဖြစ်လာဖို့ ရဲရဲတောက် ကြွေးကြော်ဝန်ခံခဲ့သူ ဆရာဒေးဗစ်လားဟာ သူရရှိထားတဲ့ ရူပါရုံအတွက်
သူကိုယ်တိုင် မျိုးစေ့အဖြစ် အစတေးခံ ပေးဆပ်နေတာ သဘာဝကျပါတယ်။ဆရာကြုံတွေ့ ရင်ဆိုင် ဖြတ်သန်းနေရသမျှတွေကို ပြန်တွေူးကြည့်လိုက်တော့ ဆရာဟာ.. သခင်ယေရှုလိုပဲ ဘာသာရေးဆရာတွေရဲ့ ပြစ်တင်ဝေဖန် တားဆီးပိတ်ပင်ခြင်းတွေ ခံခဲ့ရတယ်
သခင်ယေရှုလိုပဲ အယောင်ဆောင်သမားတွေရဲ့ တိုက်ခိုက်ခြင်း ခံခဲ့ရတယ် သခင်ယေရှုလိုပဲ မိမိလူမျိူးတွေရဲ့ အပယ်ခံခဲ့ရတယ် အခုလည်းပဲ သခင်ယေရှုလို ပရိသတ်တွေက တံတွေးထွေး၊ လျှာနဲ့ရိုက်၊ ကျိန်ဆဲ၊ လှောင်ပြောင်၊ ကဲ့ရဲ့ပြီးတော့ တရားစွာ ဖမ်းဆီးချုပ်နှောင်၊ စစ်ကြောစီရင်၊ ထောင်ထဲပို့။
ဒီအချိန်ထိ ဖရှင်းချက်ထုတ်ဖို့ စကားတစ်ခွန်းမှ မဟ၊ သူ့ကို ပြုသမျှ ငြင်းဆန်ခြင်းလည်း မပြု.. just like Jesus did when he was brought to trial!
🍒 ကားတိုင်လမ်းဟာ လွယ်ကူချောမွေ့တယ်လို့ ဘယ်ကျမ်းစာမှာမှ ရေးမထားဘူး စစ်မှန်သော အမှုတော်ဆောင်တွေရဲ့ ဘဝခရီးဟာလည်း ဖြောင့်ဖြူးလိမ့်မယ်လို့ ဘယ်ကျမ်းပိုဒ်မှာမှ ကတိပေးမထားပါဘူး နှုတ်ကပတ်တော်က ကတိပေးထားတာကတော့..
ကျမတို့ မခံနိုင်လောက်သော စုံစမ်းနှောင့်ယှက်ခြင်းရောက်ဖို့ အခွင့်ပေးမှာ မဟုတ်တဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ဖတ်မှတ်ခဲ့ဖူးတယ် သင်ဘယ်လောက် ချိုးဖဲ့ခြင်းခံနိုင်တယ် ဆိုတဲ့အပေါ် မူတည်ပြီးတော့ သင့်အသက်တာအားဖြင့် ဘုရားအလုပ်လုပ်လေပဲ တဲ့။သခင်ယေရူ ခံစားခဲ့ရတဲ့ ဆင်းရဲဒုက်ခ ဝေဒနာတွေကို မျှဝေယူဆောင်နေတဲ့ ဆရာဒေးဗစ်လားအတွက် ကျမတို့ ဂုဏ်ယူဝမ်းမြောက်နေတယ်။
ဘာကြောင့်လဲဆိုတော့ ဒါပြီးသွားရင် မြင်တွေ့ခွင့်ရတော့မယ့် ရှင်ပြန်ထမြောက်ခြင်းတန်ခိုးအတွက်ကြောင့်ပါ။ အခုတော့ မှောင်မည်းမည်း မြေကြီးထဲမှာ မျိုးစေ့က မွန်းကျပ်စွာ ပုပ်ပျက်နေရဆဲ.. ။
လက်ထိပ်အခတ်ခံရတဲ့ ဆရာဒေးဗစ်လား 👉 ရဲတွေ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဆရာဒေးဗစ်လား 👉 ပြစ်တင် ကျိန်ဆဲ လှောင်ပြောင် ကဲ့ရဲ့ခြင်း ခံနေရတဲ့ ဆရာဒေးဗစ်လား 👉 မတရားသဖြင့် စစ်ကြောစီရင်၊ အကျဉ်းချခံရပြီဖြစ်တဲ့ ဆရာဒေးဗစ်လား ဆရာ့အားဖြင့် ကျမတို့ သခင်ယေရှုရဲ့ ဝေဒနာတွေကို လက်တွေ့ကျကျ မျှဝေနိုင်ခဲ့ပြီ
သူတို့ဆရာ ဖမ်းဆီးစစ်ဆေးခြင်း ခံနေရတာကို မျက်ဝါးထင်ထင် ငုတ်တုတ်ကြည့်နေကြရတဲ့ အချိန်မှာ ခံစားရတဲ့ တပည့်တော်တွေရဲ့ နာကျင်မှု၊ အားငယ်မှု၊ စိုးရိမ်ပူပန်မှုနဲ့ မျက်ရည်စက်တွေကိုလည်း အခုတော့ ထပ်တူထပ်မျှ နားလည်ခံစားပေးနိုင်ကြပြီ။ဆရာ့ကြောင့် ယုံကြည်သူတွေ ရင်ခုန်သံချင်း စည်းချက်ညီသွားပြီ။
ဟာလေလုယာအော်.. ကျမကတော့.. ဟိုးလွန်ခဲ့တဲ့ နှစ်တွေတုန်းက မျှော်လင့်ချက်မဲ့၊ နာကျင်ကြေကွဲစွာ မျက်ရည်စက်လက်နဲ့ ဆရာ့ဆီလာပြီး ဆုတောင်းခံလို့ ဆရာက ကြင်နာစွာ ခေါင်းပေါ်လက်တင်ပြီး ဆုတောင်း ကောင်းကြီးပေးခဲ့ဖူးတဲ့ ပရောဖက်လည်းပြုရင်း အားပေးစကားတွေ ပြောခဲ့ဖူးတဲ့.. “မိုင်” ဆိုတဲ့ မိန်းမတစ်ယောက်ပါ.. ။