မေလးရွားနိုင္ငံ၊ ကြာလာလမ္ပူၿမဳိ႕ေတာ္မွာရွိတဲ့ လူဝင္မွုႀကီးၾကပ္ေရးစခန္းတခုမွာ ထိန္းသိမ္းခံထားရတဲ့ နိုင္ငံျခားသားေတြထဲမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူ ၃၅ ဦးေတြ႕ရတယ္လို႔ မေလးရွားက်န္းမာေရးဝန္ႀကီးဌာနက မေန႔ကပဲေၾကညာပါတယ္။
အဲဒီလူေတြထဲမွာ ျမန္မာနိုင္ငံသားက ၁၇ ဦးပါဝင္ၿပီး အိႏၵိယနိုင္ငံသားက ၁၅ေယာက္၊ ဘဂၤလားေဒ့ရွ္၊ သီရိလကၤာနဲ႔ အီဂ်စ္နိုင္ငံသားေတြက တေယာက္စီ ပါဝင္တယ္လို႔ဆိုပါတယ္။ ဖမ္းဆီးထားတဲ့ ရာနဲ႔ခ်ီတဲ့ နိုင္ငံျခားသားေတြကို ဗိုင္းရပ္စ္ပိုးရွိ မရွိ စစ္တဲ့အခါမွာ အခုလိုေတြ႕ရွိတာျဖစ္ပါတယ္။
လတ္တေလာ မေလးရွားနိုင္ငံအတြင္းမွာ ေရႊ႕ေျပာင္းလုပ္သားေတြကို အစိုးရက ဖမ္းဆီးႏွိမ္နင္းမွုေတြလုပ္ေနပါတယ္။
မေလးရွားနိုင္ငံကေန ျမန္မာျပည္ကို လက္ရွိအခ်ိန္ျပန္လာခဲ့တဲ့သူေတြထဲမွာလည္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသူတခ်ိဳ႕ကို စစ္ေဆးေတြ႕ရွိထားပါတယ္။ ေမလ ၂၀ ရက္တုန္းကလည္း မေလးရွားကေန ျမန္မာနိုင္ငံကို ျပန္လာဖို႔ အခက္ၾကဳံေနသူေတြထဲက ၁၀၇ ဦးကို ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျမန္မာဘက္ကသြားေရာက္ေခၚေဆာင္ခဲ့ၿပီး သူတို႔ကို ၂၁ ရက္ၾကာ အသြားအလာေစာင့္ၾကည့္မယ္လို႔ ျမန္မာနိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။
Unicode
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးစခန်းတခုမှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံခြားသားတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃၅ ဦးတွေ့ရတယ်လို့ မလေးရှားကျန်းမာရေးဝန်ကြီးဌာနက မနေ့ကပဲကြေညာပါတယ်။
အဲဒီလူတွေထဲမှာ မြန်မာနိုင်ငံသားက ၁၇ ဦးပါဝင်ပြီး အိန္ဒိယနိုင်ငံသားက ၁၅ယောက်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ အီဂျစ်နိုင်ငံသားတွေက တယောက်စီ ပါဝင်တယ်လို့ဆိုပါတယ်။ ဖမ်းဆီးထားတဲ့ ရာနဲ့ချီတဲ့ နိုင်ငံခြားသားတွေကို ဗိုင်းရပ်စ်ပိုးရှိ မရှိ စစ်တဲ့အခါမှာ အခုလိုတွေ့ရှိတာဖြစ်ပါတယ်။
လတ်တလော မလေးရှားနိုင်ငံအတွင်းမှာ ရွှေ့ပြောင်းလုပ်သားတွေကို အစိုးရက ဖမ်းဆီးနှိမ်နင်းမှုတွေလုပ်နေပါတယ်။
မလေးရှားနိုင်ငံကနေ မြန်မာပြည်ကို လက်ရှိအချိန်ပြန်လာခဲ့တဲ့သူတွေထဲမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူတချို့ကို စစ်ဆေးတွေ့ရှိထားပါတယ်။ မေလ ၂၀ ရက်တုန်းကလည်း မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်လာဖို့ အခက်ကြုံနေသူတွေထဲက ၁၀၇ ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့ မြန်မာဘက်ကသွားရောက်ခေါ်ဆောင်ခဲ့ပြီး သူတို့ကို ၂၁ ရက်ကြာ အသွားအလာစောင့်ကြည့်မယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။