Cele News
ထီပေါက် ထားတဲ့ သိန်း(၂၀၀)ကို မတည်ပြီး ရွှေတိဂုံ‌ စေတီတော်ပုံစံတူ‌ စေတီတည်သွားမယ် ဆိုတဲ့ မြန်မာ့လက်ရွေးစဉ်အားကစားသမားဟောင်းဇင်မာဝမ်း
Written by Aung Lay
မြန်မာ့လက်ရွေးစ ဉ်အားကစားသမားဟောင်း ဇင်မာဝမ်း ကတော့ လ တိုင်း ထီပေါက်ပါတယ်လို့ ပြောလာပါတယ်
အရင် လကလည်း ထီ ၅ စောင်တွဲ မှ ၅ သောင်းဆု ကို ၅ စောင်လုံးကံထူးထားသူဖြစ်ပါတယ်။
ယခုလည်း ထီပေါက် ထားတဲ့ သိန်း ၂၀၀ ကိုမတည်ပြီး ရွှေတိဂုံ‌ စေတီတော်ပုံစံတူ‌ စေတီတည်သွားမယ် လို့ ဆိုလာပါတယ်
သူမ အမြင့်ဆုံး ထီ ဆု ပေါက်ခဲ့ဖူးတာက ကျပ်သိန်း ၂၀၀ ဆု ကို ဆွတ်ခူး ဖူးတယ်။ အဲ့ဒီ သိန်း ၂၀၀ လုံးကို သူမ မသုံးစွဲ ခဲ့ဘူး ဘုရားတည်ဖို့ အတွက် သူမ ငွေပဒေသာပင် အဖြစ် ထားလိုက်တယ်။ မန္တလေးတိုင်း မိတ္ထီလာခရိုင် မလိုင်မြို့ က ခြေတော်ရာ ကျောင်း တိုက်မှာ ဘုရားစေတီ တည်ဖို့ လုပ်နေပြီ။ စေတီတော် နာမည် ကို ” ဇေယျာသိဒ္ဓီ ဆုတောင်းပြည့်စေတီတော်” လို့ မှည့်ထားတယ်။ ကုသိုလ်ပါဝင်လိုသူတွေလည်း စေတီတော်တည်တဲ့နေရာမှာ ပါဝင်လှူဒါန်းကုသိုလ်ပြုနိုင်ပါတယ်။
ဇင်မာဝမ်း ဘာကြောင့်ထီ လတိုင်းပေါက်နေရတာလဲဆိုတော့ သူမကိုယ်သူမတောင် ပြန်အံ့ြ သမိတယ်လို့ ပြောပြောပြတယ်။ တစ်ခုက သူက ထီပေါက်တဲ့ ပိုက်ဆံဆုကြေးတွေကို ကိုယ်ကျိုးအတွက် သုံးတာ ရှားတယ်။ သာသနာ အတွက်နဲ့ အလှူအတန်း ပရဟိတ တွေမှာပဲ အသုံးပြုလေ့ရှိတယ်။ အဲ့ဒါကြောင့် လတိုင်း ပေါက်နေတာလား မသိဘူးလို့ ပြောပြောပြတာလည်း ရှိတယ်။
ဘာပဲ ဖြစ်ဖြစ် သူမကို ချစ်တဲ့ သူငယ်ချင်းတွေက “ဇင်မာပေါက်” ဆိုတဲ့အထိအောင် နာမည်ကင်ပွန်းမှည့်ယူပေးရတဲ့အထိ “ထီ” ကံကောင်းသူလေး မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း တိုက်စစ်မှူးဟောင်း ဇင်မာဝမ်း ပါ ဒီလ ြ သဂုတ်မှာ ထီပေါက်တော့ သူမရဲ့ အကောင့်မှာ တင်ထားတဲ့ စာလေးက…
“ထီသည်က ဒီနေ့မှဖုန်းဆက်လို့ ထီပေါက် ကြောင်း ပို့စ်လာတင်တာ လားရှိုးရောက်တုန်း ကံစမ်းလိုက်တဲ့ထီတွေထဲက
အက္ခရာနဲ့ ရှေ့ဂဏန်း (၃)လုံးတူ ကဃ – ၈၉၃
အက္ခရာနဲ့ ရှေ့ဂဏန်း (၂) လုံးတူ ဎ – ၉၆
အက္ခရာနဲ့ ရှေ့ဂဏန်း (၂) လုံးတူ ဃ – ၃၅
(၁) သိန်းဆု(၁) ဆု နဲ့ (၅) သောင်းဆု (၂) ဆုပေါက်တယ်
ဒီလထဲ စပ်တူ ကံစမ်းကြတဲ့သူတွေလည်း ရှိတယ် .. ကိုယ်တိုင်သီးသန့်ထိုးတဲ့ ထီလက်မှတ်ပဲ ရွေးပေါက်နေတော့ ခက်တယ်
ဒီတစ်ကြိမ်နဲ့ဆိုရင် အောင်ဘာလေထီ ပေါက်တာ အကြိမ် (၃၀) တိတိ ရှိသွားပြီ ထီပေါက်တိုင်း အမြဲပျော်ရွှင်ရပါတယ် ကံအကြီးကြီးထပ်ကောင်းပါစေ ” လို့ ရေးသားထားခဲ့တယ်။
Zawgyi
About the author
Aung Lay
Leave a Comment