၂၇ ခေါက်သာ ရွတ်ဖတ်ပါ ဘဝတွင် စိန်၊ ရွှေ၊ ငွေ၊ အိမ်၊တိုက်၊ ခြံ၊ ကား အဆင်ပြေပြေ ဝင်လာစေမည့် ဂါထာတော်”။ ၂၇ ခေါက်သာ ရွတ်ဖတ်ပါ ဘဝတွင် စိန်ရွှေငွေ၊ အိမ်တိုက်ခြံကား မလိုချင်မှအဆုံး ပေါများချမ်းသာလာပါလိမ့်မယ်။
မနက်အာရုံတက်တိုင်း ၂၇ခေါက်တိတိရွတ် ဖတ်ပေးပါက မိမိဘဝတွင် စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား၊ အိမ်တိုက်ခြံကားမလိုချင်မှအဆုံးပေါများချမ်းသာလာစေ၏ တောစောင့်နတ်၊တောင်စောင့်နတ်၊ရုက္ခစိုး
ဘုမ္မစိုး၊ အာကာသစိုး၊ လူမိန်းမ၊ လူယောက်ကျား၊ တိရစ္ဆာန်များ၊ စုန်းကဝေ၊ အစိမ်းသရဲ၊ နာနာဘာဝများ၊ အတွင်း၃၇မင်း၊ အပြင်၃၇မင်း၊ ဘုတ်၊ ဘီလူး၊ နတ်စိုးနတ်ဝါးများပါချစ်ခင်လာ၏၊ တောင်းတိုင်းတတိုင်းရ၏၊ သတိပြုရန်မှာ
၂၇ခေါက်သာရွတ်ရန်နှင့် မနက်အာရုံတက်ချိန်ရွတ်ပါ၊ ကာမေသုကံရှောင်ပါ၊ အဖြတ်အတောက်မှန်မှန် နှင့် ခက်လေးလေးဘဲရွတ်ပါ၊ အံ့သြရလောက်အောင်တန်ခိုးကြီးတဲ့ဂါထာတော်ပါ ကျွန်မကတော့ ပုတီးစိတ်ပါတယ်။
မဏိဇောတပတ္တမြားရတနာဂါထာတော်
၁။ ဒိဝါတပတိ အာဒိစ္စော ရတ္တိမာ ဘာတိ စန္ဒိမာဿ န္နဒ္ဓေါ ခတ္တိယောတပတိ ဈာယီ တပတိ ဗြဟ္မဏော အထသဗ္ဗာ မဟောရတ္တိံ ဗုဒ္ဓေါ တပတိ တေဇသာ ဧတေန သစ္စဝဇ္ဇေန သောတ္ထိမေေ ဟာတု ဇယ မင်္ဂလံ။ ။
၂။ ဖုဋ္ဌဿ လောကဓေမ္မဟိ စိတ္တံ ယဿ န ကမ္ပတိ အ သောကံံ ဝိရဇံ ခေမံ။
၃။ တုဋ္ဌေဟိ တုဋ္ဌေဟိ မမတုဋ္ဌေဟိ ပိယေဟိ ပိယေဟိ မမပိယေဟိ သိန္နေဟံ သိန္နေဟံ မမသိန္နေဟံ ရာဇစိတ္တံ ပိယံမှိုင်းမှိုင်း အမစ္စရာဇစိတ္တံ ပိယံမှိုင်းမှိုင်း အမစ္စစိတ္တံ ပိယံမှိုင်းမှိုင်းေ ဒဝစိတ္တံ ပိယံမှိုင်းမှိုင်းေ ဒဝီစိတ္တံ ပိယံမှိုင်းမှိုင်း
ပုရိသစိတ္တံ ပိယံမှိုင်းမှိုင်း ဣတ္ထိစိတ္တံ ပိယံမှိုင်းမှိုင် မနုဿစိတ္တံ ပိယံမှိုင်းမှိုင်း အမနုဿစိတ္တံ ပိယံမှိုင်းမှိုင်း သဗ္ဗစိတ္တံ ပိယံမှိုင်းမှိုင်းေ သြာင်း ဧဟိ ဧဟိ ဗလံခြင်းသြောင်း ဧဟိ ဧဟိ ဗလံကပ်သြောင်း ဧဟိ ဧဟိ ဗလံခြင်းကပ်စေ။
၄။ သဗ္ဗဟိတ မင်္ဂလာနိ ပုညာဘိ သိရီသောဘဏီ သူရဿတီစ မေမာတာ နိစ္စံ ရက္ခန္တု မံသဒါ။
ထိုဂါထာတော် (၄)ပုဒ်ကို နေ့စဉ်ရွတ်ဖတ် သရဇ္ဈယ်နေသောပုဂ္ဂိုလ်များသည် ဣစ္ဆာသယ၊ လိုတရသော မဏိဇောတ ပတ္တမြားမျက်ရှင် ကို ရရှိထားသည်နှင့် အသွင်အလားသဏ္ဍာန်တူလှသောကြောင့် ထိုဂါထာတော်
(၄)ပုဒ်ကို မဏိဇောတပတ္တမြား ရတနာဂါထာတော်ဟု ခေါ်တွင်ပါသည်။ နေ့စဉ်နံနက် အရုဏ်တက်ချိန်တွင် သော်လည်းကောင်း၊ ညဘက်အိပ်ခါနီးတွင်သော် လည်းကောင်း၊ဂါထာတော်တစ်ပုဒ်ချင်းစီကို (၂၇) ခေါက်စီ်ဖြင့်
ရွတ်ဖတ်သရဇ္ဈာယ်ရပါမည်။ ထို့ပြင် ဂါထာတော် (၄)ပုဒ်ကို (၁၀၈)ခေါက်စေ့ အောင်ရွတ်ဖတ် သရဇ္ဈာယ်ရာ၌ တစ်ထိုင်တည်းနှင့်(ဝါ)ဣရိယာပုတ် တစ်ပါးတည်း နှင့်ပြီးစီးအောင် ရွတ်ဖတ်သရဇ္ဈာယ်ရမည်ကို အထူးသတိပြုပါလေ။
ထိုဂါထာ (၄)ပုဒ်၏ သတ္တိ-သိဒ္ဓိအစွမ်းမှာ ဂါထာတော်များကို ညွှန်ကြားထားသည့်အတိုင်း ရွတ်ဖက်သရဇ္ဈာယ်၍ (၉)ရက်မြောက်သောနေ့မှ စတင်၍ စီးပွားရေးများ အထူး အောင်မြင်တိုးတက်လာတော့၏ စီးပွားရေးအထစ်အငေါ့
များ၊ အဖုအထစ်များ၊ အခက်အခဲများ ပြေလည်လာရ၏။ အဆင်ပြေလာရ၏ လုပ်ချင်သည့် စီးပွားရေးအရောင်းအဝယ်လုပ်ငန်းမှန်သမျှ မအောင်မြင်တာမရှိ၊ အဆင်မပြေတာမရှိ၊ မတိုးတက်တာ မရှိ၊ အခက်အခဲမရှိတော့ဘဲ
ပျော်ပျော်ရွှင်ရွှင်ဝမ်းသာအားရ အံသြစွာတိုးတက် အဆင် မ ပြေလာပါလိမ့်မည်။ ကြိုက်သည့် ဆိုင်ဖွင့် ဘာ လုပ်ငန်းကိုပဲလုပ်လုပ် အကျိုးမပေးဘူးဆိုသည်မှာ မရှိနိုင်တော့ပေ။ဂါထာတော်၏ တန်ခိုးစွမ်းအားကြောင့် အဆင်မပြေတာ
မရှိ အကျိုးမပေးဘူးဆိုတာမရှိ ငွေရေးကြေးရေးအခက်အခဲမရှိ၊ ငွေရေးကြေးရေး ဘေးကြပ် နံကြပ်မရှိ၊ ငွေရွှေရတနာ ဆုံးရှုံးမှုမရှိ အားလုံးပင် အောင်မြင်တိုးတက်ရတော့၏။ နှုတ်ပါးစပ်မှ ဈေးခေါ်တိုင်းရ၏။ ဈေးဆစ်တိုင်း
ရလာတော့၏ နှုတ်ဝစီမှ စီးပွားရေးနှင့်ပက်သက်၍ ပြောချင်ရာပြော၊ စိတ်ထဲ ရှိရာတို့ကို ကြိုက်နှစ်သက် သလိုသာပြော၊စိတ်ထဲရှိရာတို့ကို ကြိုက်နှစ်သက်သလိုသာပြော၊ ပြောဆိုတိုင်းပြီးစီး၏ ပြောဆိုတိုင်း အောင်မြင်လာရ၏။
တောင်းတိုင်းလည်းရလာစေ၏။ စည်းစိမ်၊ ဥစ္စာ၊ ရတနာ၊ ရွှေ၊ ငွေ၊ အိုးအိမ်၊ တိုက်၊ ခြံ၊ ကားဤ (၉)ပါးသော ပစ္စည်းတို့သည် ဝင်လာမစဲ၊ စည်းကားစွာတိုးတက် ဝင်ရောက်လာရကုန်၏ ဂါထာတော်၏ တန်ခိုးအားကြောင့်
မိမိတို့၏ စီးပွားရေးအရောင်း အဝယ်လုပ်ငန်းများ၊ မိမိ၏စီးပွားရေး အလုပ်အကိုင်များကို နတ်ကောင်းနတ်မြတ်များက လာရောက်ကူညီမစ စောင့်ရှောက်လာရကုန်၏၊ အိမ်တွင်းရေး၊ မိသားစု အေးအေးချမ်းချမ်းဖြစ်လာရကုန်၏။
အိမ်တွင်းရေး၊ မိသားစုအရေးဆူဆူပူပူမရှိနိုင်တော့ချေ၊ လက် အောက်ငယ်သား၊ အခိုင်းအစေ၊ကျေးကျွန်၊ သားသမီး၊ မြေးမြစ်ကစ၍.ဆူဆူပူပူမရှိ တော့ပဲတည်ငြိမ်အေးချမ်းလာစေရတော့၏။ မိမိ၏ အိမ်တွင်းရေးအပေါ်၌
လည်းကောင်း၊ မိမိ၏မိသားစု သားသမီးများအပေါ်၌လည်းကောင်း၊ မိမိ ၏ စီးပွားရေးအလုပ်အကိုင် အရောင်းအဝယ်များ အပေါ်၌လည်းကောင်းစိတ်ချလာရတော့၏။ စိတ်တိုင်းကျလာရတော့၏ အားရကျေနပ် လာရတော့၏။
အပူ သောက၊ဗျာပါဒ၊ စိတ်ရှုပ်မှု၊စိတ်ဆင်းရဲမှု၊ မှန်သမျှမရှိနိုင်တော့ချေ။မဖြစ်ပေါ်လာနိုင်တော့ပေ။ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် အားရ ကျေ နပ်စွာဖြင့် စိတ်ဆန္ဒအလိုကိုပြီးစီးအောင်မြင်စေရာ၏။
Zawgyi
၂။ ဖုဋ္ဌဿ လောကဓေမ္မဟိ စိတ္တံ ယဿ န ကမ္ပတိ အ သောကံ ဝိရဇံ ခေမံ။
Credit