News

စက်တင်ဘာလ အတွင်း အခြေခံပညာအလယ်တန်း စတင်ဖွင့်လှစ် မည်

Written by Aung Lay

တစ်နိုင်ငံလုံးမှာ အလယ်တန်းကျောင်းသား ၃ သန်းနီးပါးရှိပါတယ်။ စက်တင်ဘာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အခြေခံပညာ အလယ်တန်းအဆင့်တွေ စတင်ဖွင့်လှစ်တော့မယ် လို့ အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။ လက်ရှိမှာ အလယ်တန်းတွေ ကို ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်တွေနဲ့ အညီ ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေပြီး တစ်နိုင်ငံလုံးက အလယ်တန်းတွေကို တစ်ပြေးညီ ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်မယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက Duwun ကိုပြောပါတယ်။

“ အလယ်တန်းကျောင်းတွေက အခုဆို ကိုဗစ်စည်းကမ်း နဲ့အညီ ပြင်ဆင်နေကြတာ တွေ့ရတယ်။ ပြင်ဆင်ဖို့ လိုအပ်တဲ့ဘက်ဂျက်ကိုလည်း ခွဲဝေပေးပြီးပါပြီ။ အစောဆုံးကတော့ နောက်တစ်လ (စက်တင်ဘာ) ထဲမှာ ဖွင့်နိုင်မှာပါ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ပြေးညီ ဖွင့်နိုင်အောင်လုပ်မယ်။ အထက်တန်းတွေ ဖွင့်တုန်းကလို ဆန်းစစ်ချက် မပြည့်တဲ့ကျောင်း ဆို မဖွင့်နိုင်တာမျိုးမဖြစ်အောင်ပေါ့” လို့ ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။

အလယ်တန်းတွေကိုလည်း အထက်တန်းကျောင်းတွေကို စစ်ဆေး သလို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆန်းစစ်ချက်ပြည့်မီမှု အချက်ပေါင်း (၈၀) နဲ့ညီမညီ စစ်ဆေးပြီး ဖွင့်လှစ်သွားမှာဖြစ်ကာ အလယ်တန်းအဆင့်ဖွင့်ပြီးလို့ နှစ်ပတ်ဆက်လက်စောင့်ကြည့်ပြီးရင် မူလတန်းတွေ ဆက်လက်ဖွင့်လှစ်သွားမယ်လို့လည်းသိရပါတယ်။

တစ်နိုင်ငံလုံးမှာ အလယ်တန်းကျောင်းသား ၃ သန်းနီးပါးရှိနေပြီး အလယ်တန်း ကျောင်းပေါင်း ၁ သောင်းခွဲနီးပါးရှိတယ်လို့လည်း အခြေခံပညာဦးစီးဌာနက အချက်အလက်တွေအရ သိရပါတယ်။ အခြေခံပညာ အထက်တန်းကျောင်းပေါင်း (၇၁၇၃) ကျောင်းရှိတဲ့အနက် လက်ရှိမှာ (၄၁၅၆) ကျောင်းဖွင့်လှစ်ထားပြီး ကျန်ရှိတဲ့ ကျောင်းပေါင်း ၃၀၀၀ ကျော်ကို ယခုလအတွင်း အပြီးသတ်ဖွင့်လှစ်သွားမယ်လို့လည်း အခြေခံပညာဦးစီးဌာန ဒုညွန်ချုပ် ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်။

Duwun

Zawgyi

တစ္ႏိုင္ငံလုံးမွာ အလယ္တန္းေက်ာင္းသား ၃ သန္းနီးပါးရွိပါတယ္။ စက္တင္ဘာလအတြင္း တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ အေျခခံပညာ အလယ္တန္းအဆင့္ေတြ စတင္ဖြင့္လွစ္ေတာ့မယ္ လို႔ အေျခခံပညာဦးစီးဌာနကေန သိရပါတယ္။ လက္ရွိမွာ အလယ္တန္းေတြ ကို ကိုဗစ္-၁၉ ကာကြယ္ေရးစည္းကမ္းခ်က္ေတြနဲ႔ အညီ ဖြင့္လွစ္ႏိုင္ဖို႔ ျပင္ဆင္ေနၿပီး တစ္ႏိုင္ငံလုံးက အလယ္တန္းေတြကို တစ္ေျပးညီ ဖြင့္လွစ္ႏိုင္ဖို႔ ေဆာင္႐ြက္မယ္လို႔ အေျခခံပညာဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက Duwun ကိုေျပာပါတယ္။

“ အလယ္တန္းေက်ာင္းေတြက အခုဆို ကိုဗစ္စည္းကမ္း နဲ႔အညီ ျပင္ဆင္ေနၾကတာ ေတြ႕ရတယ္။ ျပင္ဆင္ဖို႔ လိုအပ္တဲ့ဘက္ဂ်က္ကိုလည္း ခြဲေဝေပးၿပီးပါၿပီ။ အေစာဆုံးကေတာ့ ေနာက္တစ္လ (စက္တင္ဘာ) ထဲမွာ ဖြင့္ႏိုင္မွာပါ။ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ တစ္ေျပးညီ ဖြင့္ႏိုင္ေအာင္လုပ္မယ္။ အထက္တန္းေတြ ဖြင့္တုန္းကလို ဆန္းစစ္ခ်က္ မျပည့္တဲ့ေက်ာင္း ဆို မဖြင့္ႏိုင္တာမ်ိဳးမျဖစ္ေအာင္ေပါ့” လို႔ ေဒါက္တာတင္ေမာင္ဝင္းက ဆိုပါတယ္။

အလယ္တန္းေတြကိုလည္း အထက္တန္းေက်ာင္းေတြကို စစ္ေဆး သလို ကိုဗစ္-၁၉ ေရာဂါကာကြယ္ေရးဆန္းစစ္ခ်က္ျပည့္မီမႈ အခ်က္ေပါင္း (၈၀) နဲ႔ညီမညီ စစ္ေဆးၿပီး ဖြင့္လွစ္သြားမွာျဖစ္ကာ အလယ္တန္းအဆင့္ဖြင့္ၿပီးလို႔ ႏွစ္ပတ္ဆက္လက္ေစာင့္ၾကည့္ၿပီးရင္ မူလတန္းေတြ ဆက္လက္ဖြင့္လွစ္သြားမယ္လို႔လည္းသိရပါတယ္။

တစ္ႏိုင္ငံလုံးမွာ အလယ္တန္းေက်ာင္းသား ၃ သန္းနီးပါးရွိေနၿပီး အလယ္တန္း ေက်ာင္းေပါင္း ၁ ေသာင္းခြဲနီးပါးရွိတယ္လို႔လည္း အေျခခံပညာဦးစီးဌာနက အခ်က္အလက္ေတြအရ သိရပါတယ္။ အေျခခံပညာ အထက္တန္းေက်ာင္းေပါင္း (၇၁၇၃) ေက်ာင္းရွိတဲ့အနက္ လက္ရွိမွာ (၄၁၅၆) ေက်ာင္းဖြင့္လွစ္ထားၿပီး က်န္ရွိတဲ့ ေက်ာင္းေပါင္း ၃၀၀၀ ေက်ာ္ကို ယခုလအတြင္း အၿပီးသတ္ဖြင့္လွစ္သြားမယ္လို႔လည္း အေျခခံပညာဦးစီးဌာန ဒုၫြန္ခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ဆိုပါတယ္။

Duwun

About the author

Aung Lay

Leave a Comment