News

ကိုဗစ်ဒုတိယလှိုင်း အတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က ပြင်ဆင်နေပြီ

Written by Aung Lay

ကိုဗစ် ဒုတိယလှိုင်း အတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က ပြင်ဆင်နေပြီ

ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းတွေ ကို ဆက်လက်ဆောင်ရွက်မယ်လို့ ကျန်းမာရေးဝန်ကြီးကပြောပါတယ်။ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းတွေကို ပြည်သူလူထု လိုက်နာမှု အားနည်းလာတာနဲ့ အမျှ ရုတ်တရက် ရောဂါဖြစ်ပွားသူ အစုလိုက်၊အပြုံလိုက် ဖြစ်လာနိုင်တဲ့အတွက် တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပြင်ဆင်နေတယ်လို့သိရပါတယ်။

“ ကိုဗစ် စည်းကမ်းချက်တွေကို အခြေအနေ အကြောင်းကြောင်းကြောင့် ပြည်သူတွေလိုက်နာမှု အားနည်း လာတယ်။ ဒီလိုမျိုး လိုက်နာမှု အားနည်းတဲ့ ပြည်သူတွေကြားထဲကို ရုတ်တရက်များ ရောဂါလက္ခဏာမပြဘဲ ပိုးသယ်ဆောင်တဲ့သူတစ်ယောက်များ ရောက်သွားခဲ့ရင် အုပ်စုလိုက် ဖြစ်ပွားမှုတွေ ပြန်လည်တွေ့ရှိနိုင်တယ်။ “ လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။နိုင်ငံတကာမှာလည်း ကိုဗစ်ဒုတိယလှိုင်းလို့ သတ်မှတ်ကြတဲ့ အစုလိုက်၊ အပြုံလိုက် ဖြစ်ပွားမှု တွေ ရုတ်တရက်မြင့်တက်လာနေပြီး မြန်မာနိုင်ငံမှာလည်း ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုမှာ ၆၁ ရာခိုင်နှုန်းက လက္ခဏာမပြဘဲ ပိုးတွေ့ခဲ့တာကြောင့် ကိုဗစ်ဒုတိယလှိုင်းအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဦးဆောင်ပြီး ဒုတိယလှိုင်းမဖြစ်အောင် ကြိုတင်ကာကွယ်ရမယ့်နည်းလမ်းတွေ၊ ဖြစ်လာခဲ့ရင်လည်း ထိခိုက်မှုနည်းနိုင်သမျှနည်းအောင် စနစ်တကျတုံ့ပြန်ဆောင်ရွက်ရမယ့် နည်းလမ်းတွေကို ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။ဆေးရုံတွေမှာ သံသယလူနာတွေ ရောက်လာခဲ့ရင် ပြင်ဆင်ရမယ့် အခြေအနေတွေ၊ ပိုးတွေ့ လူနာတွေကို ကုသပေးနိုင်ဖို့ ဆေးရုံတွေမှာ ပြင်ဆင်ထားမှု၊ ပိုးတွေ့လူနာတွေကို ဆေးရုံတွေဆီ သယ်ဆောင်ရမယ့် အခြေအနေ၊ ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ခဲ့သူတွေကို လိုက်လံစုံစမ်းရမယ့် အခြေအနေ၊ နေရာတစ်နေရာမှာဖြစ်ခဲ့ရင် အဲဒီနေရာကို Lock Down လုပ်ရမယ့်အခြေအနေ၊ Stay at Home နေဖို့ ညွန်ကြားရမယ့်အခြေအနေတွေ စတာတွေကို တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သဏ္ဍာန်တူ စားပွဲဝိုင်းလေ့ကျင့်ခန်းတွေ လုပ်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေမှာ ၆၁ ရာခိုင်နှုန်းက ရောဂါလ က္ခဏာမပြတဲ့သူတွေ၊ လူနာတွေရဲ့ ၅၅ ရာခိုင်နှုန်းက ပြည်ပနိုင်ငံတွေကနေ ကူးစက်ဝင်ရောက်လာသူတွေဖြစ်ပြီး လက်ရှိတွေ့ရတဲ့လူနာတွေကလည်း ပြည်ပနိုင်ငံတွေက ကူးစက်ဝင်ရောက်လာသူတွေဖြစ်နေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း စားပွဲ ဝိုင်းလေ့ကျင့်ခန်း ဆွေးနွေးပွဲမှာ ပြောသွားခဲ့ပါတယ်။လက်ရှိ ရောဂါပိုးတွေ့ရှိမှုနှုန်းအနေနဲ့ ဓာတ်ခွဲစစ်ဆေးမှု အရေအတွက်တိုးမြှင့်ခဲ့ပေမယ့်လည်း ပိုးတွေ့လူနာတွေ တွေ့ရှိမှု မြင့်တက်လာတာမရှိသလို သံသယလက္ခဏာလူနာအရေအတွက်၊ အသွားအလာကန့်သတ်ထားရှိသူဦးရေ လျော့နည်းလာတယ်လို့လည်းသိရပါတယ်။

COVID-19 ရောဂါပိုးရှိသော်လည်း ရောဂါလက္ခဏာ မပြသူများနှင့် ရောဂါ လက္ခဏာမပြင်းထန်သူများရှိနေနိုင်တာကြောင့် မိမိတို့အနေနဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

Zawgyi

ကိုဗစ္ ဒုတိယလွိုင္း အတြက္ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန က ျပင္ဆင္ေနၿပီ

ေရာဂါ ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြ ကို ဆက္လက္ေဆာင္ရြက္မယ္လို႔ က်န္းမာေရးဝန္ႀကီးကေျပာပါတယ္။ကိုဗစ္-၁၉ ေရာဂါကာကြယ္ေရးစည္းကမ္းေတြကို ျပည္သူလူထု လိုက္နာမႈ အားနည္းလာတာနဲ႔ အမၽွ ႐ုတ္တရက္ ေရာဂါျဖစ္ပြားသူ အစုလိုက္၊အျပဳံလိုက္ ျဖစ္လာနိုင္တဲ့အတြက္ တုံ႔ျပန္ေဆာင္ရြက္နိုင္ဖို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ျပင္ဆင္ေနတယ္လို႔သိရပါတယ္။

“ ကိုဗစ္ စည္းကမ္းခ်က္ေတြကို အေျခအေန အေၾကာင္းေၾကာင္းေၾကာင့္ ျပည္သူေတြလိုက္နာမႈ အားနည္း လာတယ္။ ဒီလိုမ်ိဳး လိုက္နာမႈ အားနည္းတဲ့ ျပည္သူေတြၾကားထဲကို ႐ုတ္တရက္မ်ား ေရာဂါလကၡဏာမျပဘဲ ပိုးသယ္ေဆာင္တဲ့သူတစ္ေယာက္မ်ား ေရာက္သြားခဲ့ရင္ အုပ္စုလိုက္ ျဖစ္ပြားမႈေတြ ျပန္လည္ေတြ႕ရွိနိုင္တယ္။ “ လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ညႊန္ၾကားေရးမႉးေဒါက္တာသန္းနိုင္စိုးက ေျပာပါတယ္။နိုင္ငံတကာမွာလည္း ကိုဗစ္ဒုတိယလွိုင္းလို႔ သတ္မွတ္ၾကတဲ့ အစုလိုက္၊ အျပဳံလိုက္ ျဖစ္ပြားမႈ ေတြ ႐ုတ္တရက္ျမင့္တက္လာေနၿပီး ျမန္မာနိုင္ငံမွာလည္း ကိုဗစ္-၁၉ ပိုးေတြ႕ရွိမႈမွာ ၆၁ ရာခိုင္ႏႈန္းက လကၡဏာမျပဘဲ ပိုးေတြ႕ခဲ့တာေၾကာင့္ ကိုဗစ္ဒုတိယလွိုင္းအတြက္ စိုးရိမ္စရာျဖစ္ေနတယ္လို႔လည္း ဆိုပါတယ္။

ဒါေၾကာင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ဦးေဆာင္ၿပီး ဒုတိယလွိုင္းမျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ရမယ့္နည္းလမ္းေတြ၊ ျဖစ္လာခဲ့ရင္လည္း ထိခိုက္မႈနည္းနိုင္သမၽွနည္းေအာင္ စနစ္တက်တုံ႔ျပန္ေဆာင္ရြက္ရမယ့္ နည္းလမ္းေတြကို ျပင္ဆင္ေနတယ္လို႔လည္းသိရပါတယ္။ေဆး႐ုံေတြမွာ သံသယလူနာေတြ ေရာက္လာခဲ့ရင္ ျပင္ဆင္ရမယ့္ အေျခအေနေတြ၊ ပိုးေတြ႕ လူနာေတြကို ကုသေပးနိုင္ဖို႔ ေဆး႐ုံေတြမွာ ျပင္ဆင္ထားမႈ၊ ပိုးေတြ႕လူနာေတြကို ေဆး႐ုံေတြဆီ သယ္ေဆာင္ရမယ့္ အေျခအေန၊ ပိုးေတြ႕လူနာေတြနဲ႔ ထိေတြ႕ခဲ့သူေတြကို လိုက္လံစုံစမ္းရမယ့္ အေျခအေန၊ ေနရာတစ္ေနရာမွာျဖစ္ခဲ့ရင္ အဲဒီေနရာကို Lock Down လုပ္ရမယ့္အေျခအေန၊ Stay at Home ေနဖို႔ ညြန္ၾကားရမယ့္အေျခအေနေတြ စတာေတြကို တုံ႔ျပန္ေဆာင္ရြက္နိုင္ဖို႔ အတြက္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက သ႑ာန္တူ စားပြဲဝိုင္းေလ့က်င့္ခန္းေတြ လုပ္ေနတယ္လို႔ သိရပါတယ္။

ျမန္မာနိုင္ငံရဲ့ ကိုဗစ္-၁၉ ျဖစ္ပြားမႈအေျခအေနမွာ ၆၁ ရာခိုင္ႏႈန္းက ေရာဂါလ ကၡဏာမျပတဲ့သူေတြ၊ လူနာေတြရဲ့ ၅၅ ရာခိုင္ႏႈန္းက ျပည္ပနိုင္ငံေတြကေန ကူးစက္ဝင္ေရာက္လာသူေတြျဖစ္ၿပီး လက္ရွိေတြ႕ရတဲ့လူနာေတြကလည္း ျပည္ပနိုင္ငံေတြက ကူးစက္ဝင္ေရာက္လာသူေတြျဖစ္ေနတယ္လို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီး ေဒါက္တာျမင့္ေထြးကလည္း စားပြဲ ဝိုင္းေလ့က်င့္ခန္း ေဆြးေႏြးပြဲမွာ ေျပာသြားခဲ့ပါတယ္။လက္ရွိ ေရာဂါပိုးေတြ႕ရွိမႈႏႈန္းအေနနဲ႔ ဓာတ္ခြဲစစ္ေဆးမႈ အေရအတြက္တိုးျမႇင့္ခဲ့ေပမယ့္လည္း ပိုးေတြ႕လူနာေတြ ေတြ႕ရွိမႈ ျမင့္တက္လာတာမရွိသလို သံသယလကၡဏာလူနာအေရအတြက္၊ အသြားအလာကန႔္သတ္ထားရွိသူဦးေရ ေလ်ာ့နည္းလာတယ္လို႔လည္းသိရပါတယ္။

COVID-19 ေရာဂါပိုးရွိေသာ္လည္း ေရာဂါလကၡဏာ မျပသူမ်ားႏွင့္ ေရာဂါ လကၡဏာမျပင္းထန္သူမ်ားရွိေနနိုင္တာေၾကာင့္ မိမိတို႔အေနနဲ႔ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြကို ဆက္လက္ေဆာင္ရြက္ရမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

About the author

Aung Lay

Leave a Comment