ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းေက်ာ္ အဆိုေတာ္ G-Fatt ကိုေတာ့ ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။ “ျပည္ပသို႔ ေပးစာ” သီခ်င္းနဲ႔ ပရိသတ္ေတြရဲ႕ တစ္ခဲနက္အားေပးမႈေတြကို ရရွိခဲ့ၿပီး G-Fatt ရဲ႕ တစ္မူထူးျခားတဲ့ အသံေၾကာင့္ ပရိသတ္ေတြရဲ႕ ပိုသတိထား အားေပးမႈေတြကို ရရွိခဲ့တယ္လို႔ ဆိုရမွာပါ.။ G-Fattရဲ႕ လူသားသစၥာနဲ႔ ဓူဝံၾကယ္သီခ်င္းေတြဟာ ပရိသတ္ေတြၾကားမွာ ေရပန္းစားတဲ့ သီခ်င္းေတြျဖစ္ၿပီး သီခ်င္းေတာ္ေတာ္မ်ားမ်ားဟာလည္း ပရိသတ္ေတြရဲ႕ အႀကိဳက္နဲ႔ ထပ္တူက်ကာ အားေပးမႈေတြကိုရရွိခဲ့တဲ့ သီခ်င္းေတြပဲျဖစ္ပါတယ္.။
G-fatt က သူ႔ရဲ႕ One Man Show က်င္းပၿပီး တဲ့ အခ်ိန္တည္းက အႏုပညာအလုပ္ေတြကို ခဏနားၿပီး အိမ္မွာပဲ ေနကာ သီခ်င္းေလးေတြေရးကာ သူ႔ရဲ႕ ေပ်ာ္႐ႊင္ဖြယ္ Single ဘဝေလးကို ျဖတ္သန္းေနတာပဲျဖစ္ပါတယ္.။ ဒီေန႔ ေမလ (၂၂)ရက္ေန႔မွာေတာ့ G-Fatt က သူ႔ရဲ႕ ခံစားခ်က္ေလးတစ္ခ်ိဳ႕ကို “လူေတြကို စိတ္မဆိုးခ်င္ဘူး..။ ကိုယ့္ကို တန္ဖိုးမထားတဲ့ လူေတြနဲ႔လည္း မဆုံခ်င္ဘူး” ဆိုၿပီး သူ႔ရဲ႕ မိုင္ေဒးမွာ ရင္ဖြင့္ တင္လာခဲ့ပါတယ္.။
G-Fatt တစ္ေယာက္ ဘယ္လိုလူမ်ိဳးေတြနဲ႔ ႀကဳံေနရလို႔ ရင္ဖြင့္တင္ရတဲ့အထိ ခံစားခ်က္ေတြ ျပင္းထန္ေနတဲ့ ပုံပါပဲေနာ္…ပရိသတ္ႀကီး။ ပရိသတ္ႀကီးလည္း စိတ္ဆိုးၿပီး ခံစားခ်က္ေတြေပါက္ကြဲေနတဲ့ G-Fatt အတြက္ အားေပးစကားေလး ေျပာေပးသြားပါဦးေနာ္.။
Source: G-Fatt’s Facebook , Crd – Cele Connections
Unicode
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် အဆိုတော် G-Fatt ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ “ပြည်ပသို့ ပေးစာ” သီချင်းနဲ့ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို ရရှိခဲ့ပြီး G-Fatt ရဲ့ တစ်မူထူးခြားတဲ့ အသံကြောင့် ပရိသတ်တွေရဲ့ ပိုသတိထား အားပေးမှုတွေကို ရရှိခဲ့တယ်လို့ ဆိုရမှာပါ.။ G-Fattရဲ့ လူသားသစ္စာနဲ့ ဓူဝံကြယ်သီချင်းတွေဟာ ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ သီချင်းတွေဖြစ်ပြီး သီချင်းတော်တော်များများဟာလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျကာ အားပေးမှုတွေကိုရရှိခဲ့တဲ့ သီချင်းတွေပဲဖြစ်ပါတယ်.။
G-fatt က သူ့ရဲ့ One Man Show ကျင်းပပြီး တဲ့ အချိန်တည်းက အနုပညာအလုပ်တွေကို ခဏနားပြီး အိမ်မှာပဲ နေကာ သီချင်းလေးတွေရေးကာ သူ့ရဲ့ ပျော်ရွှင်ဖွယ် Single ဘဝလေးကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်.။ ဒီနေ့ မေလ (၂၂)ရက်နေ့မှာတော့ G-Fatt က သူ့ရဲ့ ခံစားချက်လေးတစ်ချို့ကို “လူတွေကို စိတ်မဆိုးချင်ဘူး..။ ကိုယ့်ကို တန်ဖိုးမထားတဲ့ လူတွေနဲ့လည်း မဆုံချင်ဘူး” ဆိုပြီး သူ့ရဲ့ မိုင်ဒေးမှာ ရင်ဖွင့် တင်လာခဲ့ပါတယ်.။
G-Fatt တစ်ယောက် ဘယ်လိုလူမျိုးတွေနဲ့ ကြုံနေရလို့ ရင်ဖွင့်တင်ရတဲ့အထိ ခံစားချက်တွေ ပြင်းထန်နေတဲ့ ပုံပါပဲနော်…ပရိသတ်ကြီး။ ပရိသတ်ကြီးလည်း စိတ်ဆိုးပြီး ခံစားချက်တွေပေါက်ကွဲနေတဲ့ G-Fatt အတွက် အားပေးစကားလေး ပြောပေးသွားပါဦးနော်.။
Source: G-Fatt’s Facebook , Crd – Cele Connections