Knowledge
ထုံးဖြူး တာဟာ ရောဂါကာကွယ်ရေးအတွက် ထိရောက်မှု ရှိပါသလား
Written by Aung Lay
ခရစ်ဒစ်
Unicode
မြေကြီးပေါ် ထုံးဖြူး ထုံးမှုန့်ဖြန့်ဖို့ လို၏ မလို၏”ခဏခဏ မေးကြလို့ဖြေထားတဲ့စာ”
ဒီပို့စ်ကို ဒေါက်တာခင်ခင်ကြီးကလည်း ရှယ်ထားတာမို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ရပ်ရွာတော်တော်များများ ထုံးတွေဖြူးနေကြတာကို မနေ့ကစပြီး ကြားရ တွေ့‌နေရတာပါ။
မြေကြီးပေါ်ထုံးဖြူးတာတွေ လူတကိုယ်လုံး ပိုးသတ်ဆေးဖြန်းနေတာတွေဟာ ပညာအသိနဲ့သတိချပ်ဖို့ လိုပါတယ်။
ကျွန်တော်တို့တစ်တွေ နေ့စဉ်သောက်နေရတဲ့ ရေကိုတောင်မှ ထုံးဓာတ်မပါအောင် အဆင့်ဆင့် စစ်ပြီး သန့်ပြီးသားကို သောက်နေကြတာပါ။
လူနေအိမ်ရှေ့ လမ်းတွေပေါ် ထုံးရည်ပဲဖြန်းဖြန်း၊ ထူံမှုန့်ပဲ ဖြူးဖြူး နေအပူ လေအဝေ့မှာ ထုံးမှုန့်တွေ နီးစပ်ရာ လေထုထဲ ပြန့်နှံ့ကုန်မယ်။
လူတွေ အသက်ရှုနေရတဲ့ လေထုထဲမှာထုံးမှုန်တွေ ပါလာမယ်။ ဆိုးကျိုးသာရမှာပါ။
အောက်ကစာကတော့ ဒေါက်တာခင်ခင်ကြီး ရှယ်ထားတဲ့စာပါ။
ကိုမြင့်နိုင်ကြီးလို့ သူရေးထားတာက စာကိုပေါ့စေလို့ကိုဗစ်နိုင်တီး Covid-19 လို့ ပြန်ပြင်ထားပါတယ်။
မြေကြီးကိုဘာမှဖြန်းစရာမလိုပါဘူး။“မြေကြီးပေါ်ရောက်သွားတဲ့COVID-19 virus ကနှာခေါင်းထဲ ပြန်ဝင်တဲ့ဲ အထောက်အထား မရှိပါဘူး။”အရပ်စကားနဲ့ ပြောရယင် virus ဆိုတာ မြေကြီးပေါ်ရောက်ရင် သေသွားပြီ။
အဲဒါကြောင့်မြေကြီးကိုထုံးမှုန့်ထုံးရည်လည်းဖြူးဖြန်းစရာမလိုပါဘူး။တခြား ဘာမှလည်း ဖြန်းစရာ မလိုပါဘူးလျှောက်ဖြန်းရင် ဆိုးကျိုးပဲ ရှိပါမယ်။
Covid-19 က ကူးစရာ ၂နည်းပဲ ရှိတယ်
၁- ပိုးရှိတဲ့သူက ချောင်းဆိုး၊ နှာချေ၊ အော်ပြောရာက ထွက်လာတဲ့လေကို ရှူခြင်း၊(လူတိုင်းmaskတပ်လိုက်ကာကွယ်ပြီးသားပဲ)
၂- ပိုးရှိတဲ့သူက ချောင်းဆိုး၊ နှာချေ၊ အော်ပြောရာက ထွက်လာတဲ့ ပိုးကပ်နေတဲ့ အရာဝတ္ထုများကို ကိုင်တွယ်ပြီးနောက် လက်မဆေးဘဲ မိမိနှာခေါင်းကို ထိခြင်း၊
(လက်ဆေးလိုက်ဆပ်ပြာသို့မဟုတ်အရက်ပြန်သုံးဒါဆိုကာကွယ်ပြီးသားပဲ)
ဒီနည်း ၂ခုနဲ့ပဲကူးတာ ၂နည်းစလုံးကို ကာကွယ်တဲ့နည်းလည်း ရှိနေတာ၊ ဘာလို့ အန္တရာယ်များပြီး မထိရောက်တာတွေ လုပ်ချင်နေကြတာပါလိမ့်?
ပိုးကပ်နေတဲ့အရာဝတ္ထုလို့ပဲ ပြောတာနော်၊ မြေကြီးတွေ၊ လမ်းတွေ၊ ကြမ်းပြင်တွေ မပါဘူး။
ဆေးရုံမှာတော့ ကြမ်းပြင်တွေ ဖြန်းတာပေါ့ဗျာ။Covid-19ကမှ ပိုးဝင်လည်း လူနည်းနည်းလေးပဲ။ရောဂါဖြစ်တာ။
ဆေးရုံ ကြမ်းပြင်တွေမှာ နေတဲ့ ပိုးတွေက ထိလိုက်ရင် တုန်းကနဲပဲ။ ပြီးတော့ ဖြန်းရုံဖြန်းရတာ မဟုတ်ဘူး၊ ကြမ်းတိုက်တံနဲ့ နေရာလွတ် မကျန်အောင် တိုက်ရတာ။
အခုတော့ အပြင်မှာ ကလေးပေါ်ရော၊ လူကြီးပေါ်ရော၊ စားစရာပေါ်ရော ဓါတုဆေးတွေ ဖြန်းနေကြတာ။
ဖြန်းနေတဲ့သူတွေ ကြည့်လိုက်တော့လည်း ဘွဲ့ရသာဆိုတာ ဓါတုနဲ့ဆေးနဲ့တောင် မခွဲတတ်တဲ့သူတွေ။
ကြည့်လည်း လုပ်ကြဦး COVID-19 (ကိုမြင့်နိုင်ကြီး)နဲ့တောင် နှစ်ပါးမသွားလိုက်ရဘဲ ဖြစ်သွားမယ်။
လိုအပ်မယ်ထင်လို့ပါ …တော်ကြာနေမြေကမ္ဘာမဖြစ်ဘဲ ထုံးကမ္ဘာဖြစ်သွားမှဖြင့်…။
ချမ်းမြေ့သာယာရောဂါကင်းကြပါစေ…..သာဇော်တဆင့်ပြန်လည်မျှဝေပါတယ်….
ခရစ်ဒစ်
About the author
Aung Lay
Leave a Comment