News

ဖုန်းကိုင်ခွင့်မရှိ အပြင်ထွက်ခွင့်မရှိတဲ့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး သီလရှင်စာသင်တိုက်

Written by Aung Lay

ဖုန်းကိုင်ခွင့်မရှိ အပြင်ထွက်ခွင့်မရှိတဲ့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး သီလရှင်စာသင်တိုက်

စစ်ကိုင်း သကျ ဓီတာ (ဗုဒ္ဓသမီးတော်များ) စာသင်တိုက် ဖြစ်ပါတယ်။ စည်းကမ်းအရမ်းကြီးတယ်လို့ နာမည်ကြီးပါတယ်။ စာသင်သူ သီလရှင်( သိက္ခာရှင်) ပေါင်း အပါး ( ၂၅၀) ကျော်ရှိတယ်။ ဖုန်းကိုင်ခွင့်မရှိဘူး။ အပြင်ထွက်ခွင့်မရှိဘူး။

တိုက်ထဲမှာ ဓမ္မာစရိယ ဘွဲ့ရတွေ အများကြီးပါပဲ။ ဝိနယဝိဒူ တွေလည်း ရှိတယ်။ ပါဠိပါရဂူနဲ့ လင်္ကာရတွေလည်း ရှိတယ်။ အောက်ပါ ပုံများကတော့ စာချဆရာကြီးမှ ပါဠိသဒ္ဒါ ပို့ချနေပုံပါ။

မိန်းကလေးတွေလည်း ရဟန်းတော်တွေလို ခက်ခဲနက်နဲတဲ့ ဗုဒ္ဓစာပေတွေကို သင်နေကြတာ အများကြီးရှိသေးပါလားလို့ အံ့သြမိပါတယ်။

( အောက်က ကဗျာလေးဖတ်ပြီး မျက်ရည်ဝဲမိပါတယ် )မိန်းကလေးပဲလေ လှချင်ရက် စက်စက်ယို၊ ကပိုကရို ကနွဲ့ကလျနေချင်ပေမယ့်၊ ရခဲတဲ့ဘဝကို အလှနဲ့မတည်ဆောက်၊

ဓမ္မနဲ့ လျှောက်ခဲ့ကြသူတွေပေါ့ မိန်းကလေးပဲလေ… ပျော်ပျော်ပါးပါး ကျော့ကျော့မော့မော့၊ ဖြီးလိမ်းပန်းပန် ခေတ်ပျိုမေတွေလိုလန်းချင်ပေမယ့်၊

စိန်နားကပ်ကြီး နားမှာပန်၊ ရွှေငွေကား အခြံအရံတွေနဲ့ မမော်ဘဲ၊ ဣန္ဒြေတရားနဲ့ ပျော်ခဲ့ကြသူတွေပေါ့ မိန်းကလေးပဲလေ… ချစ်သူရင်ခွင် ခိုဝင်ယုယ၊ အကြင်နာဝေငှ သမုဒယနဲ့နေချင်ပေမယ့်၊ အနုသယ နီဝရဏတရားတွေကိုပယ်၊ ဗောဇ္ဈင်ပွား မဂ္ဂသစ္စာနဲ့ ဘုရားတည်ကြသူတွေပေါ့။

မိန်းမတို့ရဲ့ သိက္ခာတရား ၊ ဆံကေသာနဲ့ သနပ်ခါးကိုပယ်၊ လမ်းတကာ အလယ် ဆွမ်းဆန်ရပ်၊ လူတကာရဲ့ ပါးစပ်က ကဲ့ရဲ့သံတွေဖြတ်ရင်း၊ မြတ်ဗုဒ္ဓသာသနာ့လမ်းစဉ်ကိုရှု၊ ကျင့်ကြံအားထုတ်ရင်း သာသနာပြုကြသူတွေပေါ့။

သကျဓီတာသီလရှင် စာသင်တိုက်၊ နန်းဦးမြို့သစ်၊ စစ်ကိုင်းမြို့ Ph -092130606၊ 09792130606၊ 09791119777

သုခိန်(ဗုဒ္ဓတက္ကသိုလ်)

Writer ; Kwee (Jeeptoolay)

Zawgyi

ဖုန္းကိုင္ခြင့္မရွိ အျပင္ထြက္ခြင့္မရွိတဲ့ ျမန္မာႏိုင္ငံရဲ႕ အႀကီးမားဆုံး သီလရွင္စာသင္တိုက္

စစ္ကိုင္း သက် ဓီတာ (ဗုဒၶသမီးေတာ္မ်ား) စာသင္တိုက္ ျဖစ္ပါတယ္။ စည္းကမ္းအရမ္းႀကီးတယ္လို႔ နာမည္ႀကီးပါတယ္။ စာသင္သူ သီလရွင္( သိကၡာရွင္) ေပါင္း အပါး ( ၂၅၀) ေက်ာ္ရွိတယ္။ ဖုန္းကိုင္ခြင့္မရွိဘူး။ အျပင္ထြက္ခြင့္မရွိဘူး။

တိုက္ထဲမွာ ဓမၼာစရိယ ဘြဲ႕ရေတြ အမ်ားႀကီးပါပဲ။ ဝိနယဝိဒူ ေတြလည္း ရွိတယ္။ ပါဠိပါရဂူနဲ႔ လကၤာရေတြလည္း ရွိတယ္။ ေအာက္ပါ ပုံမ်ားကေတာ့ စာခ်ဆရာႀကီးမွ ပါဠိသဒၵါ ပို႔ခ်ေနပုံပါ။

မိန္းကေလးေတြလည္း ရဟန္းေတာ္ေတြလို ခက္ခဲနက္နဲတဲ့ ဗုဒၶစာေပေတြကို သင္ေနၾကတာ အမ်ားႀကီးရွိေသးပါလားလို႔ အံ့ၾသမိပါတယ္။

( ေအာက္က ကဗ်ာေလးဖတ္ၿပီး မ်က္ရည္ဝဲမိပါတယ္ )မိန္းကေလးပဲေလ လွခ်င္ရက္ စက္စက္ယို၊ ကပိုက႐ို ကႏြဲ႕ကလ်ေနခ်င္ေပမယ့္၊ ရခဲတဲ့ဘဝကို အလွနဲ႔မတည္ေဆာက္၊

ဓမၼနဲ႔ ေလွ်ာက္ခဲ့ၾကသူေတြေပါ့ မိန္းကေလးပဲေလ… ေပ်ာ္ေပ်ာ္ပါးပါး ေက်ာ့ေက်ာ့ေမာ့ေမာ့၊ ၿဖီးလိမ္းပန္းပန္ ေခတ္ပ်ိဳေမေတြလိုလန္းခ်င္ေပမယ့္၊

စိန္နားကပ္ႀကီး နားမွာပန္၊ ေ႐ႊေငြကား အၿခံအရံေတြနဲ႔ မေမာ္ဘဲ၊ ဣေျႏၵတရားနဲ႔ ေပ်ာ္ခဲ့ၾကသူေတြေပါ့ မိန္းကေလးပဲေလ… ခ်စ္သူရင္ခြင္ ခိုဝင္ယုယ၊ အၾကင္နာေဝငွ သမုဒယနဲ႔ေနခ်င္ေပမယ့္၊ အႏုသယ နီဝရဏတရားေတြကိုပယ္၊ ေဗာဇၩင္ပြား မဂၢသစၥာနဲ႔ ဘုရားတည္ၾကသူေတြေပါ့။

မိန္းမတို႔ရဲ႕ သိကၡာတရား ၊ ဆံေကသာနဲ႔ သနပ္ခါးကိုပယ္၊ လမ္းတကာ အလယ္ ဆြမ္းဆန္ရပ္၊ လူတကာရဲ႕ ပါးစပ္က ကဲ့ရဲ႕သံေတြျဖတ္ရင္း၊ ျမတ္ဗုဒၶသာသနာ့လမ္းစဥ္ကိုရႈ၊ က်င့္ႀကံအားထုတ္ရင္း သာသနာျပဳၾကသူေတြေပါ့။

သက်ဓီတာသီလရွင္ စာသင္တိုက္၊ နန္းဦးၿမိဳ႕သစ္၊ စစ္ကိုင္းၿမိဳ႕ Ph -092130606၊ 09792130606၊ 09791119777

About the author

Aung Lay

Leave a Comment