ၾကားသိရသမ်ွ

ဖယောင်းတိုင်မီးနဲ့ စာကျက်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ အမှတ်အများဆုံးရရှိခဲ့တဲ့‌ ကျောင်းသား….

Written by Aung Lay

2020 ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(ဝိဇ္ဇာဘာသာတွဲ) ဘာသာစုံ ဂုဏ်ထူးနဲ့ မြန်မာတစ်နိုင်ငံလုံးမှာ အမှတ်အများဆုံးရရှိခဲ့တဲ့‌ ကျောင်းသားလေး မောင်ဝေယံလင်းကျော်

မိခင်မုဆိုးမကြီး နဲ့အတူ ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ကြိုးစားရုန်းကန်ရင်း လျှပ်စစ်မီးမရရှိသေးတဲ့ ကြံခင်းမြို့နယ်၊ရေနံတောင်‌ကျေးရွာအုပ်စု၊ ကံဒူးခုံဆိုတဲ့ ရွာကလေးမှာ ဖယောင်းတိုင်မီးနဲ့ စာကျက်ခဲ့ရသူ..။

အခုတော့ ရွာရဲ့ ဂုဏ်‌ဆောင်၊ ကျောင်းရဲ့ ဂုဏ်ဆောင်၊ မြို့ရဲ့ဂုဏ်ဆောင်၊ တိုင်းရဲ့ ဂုဏ်ကို ဆောင်နိုင်ခဲ့ပြီ။

အလားတူ ဝိဇ္ဇာဘာသာတွဲနဲ့ တစ်နိုင်ငံလုံး ဒုတိယအမှတ်အများဆုံးရရှိခဲ့တဲ့ ၅ ဘာသာဂုဏ်ထူးရှင် ကျောင်းသူလေး မစုပိုပိုအောင် ဟာဆိုရင်လည်းပဲ အဲဒီရေနံတောင် ရွာအုပ်စု၊ သုမဂ်လရွာကလေးကပဲ ဖြစ်ပါတယ်။

သူတို့နှစ်ဦး စလုံး တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ကျောင်းက အ.ထ.က ရေနံတောင်၊ ကြံခင်းမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီးက ဖြစ်ပါတယ်။

ဂုဏ်ယူပါတယ်။ နောင်တချိန် မှာ တိုင်းပြည်အတွက် အားထားရတဲ့ သူတွေဖြစ်ကြပါစေ..😊

Credit Myo Kyaw Zin

Zawgyi

2020 ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ(ဝိဇၨာဘာသာတြဲ) ဘာသာစုံ ဂုဏ္ထူးနဲ႔ ျမန္မာတစ္ႏိုင္ငံလုံးမွာ အမွတ္အမ်ားဆုံးရရွိခဲ့တဲ့‌ ေက်ာင္းသားေလး ေမာင္ေဝယံလင္းေက်ာ္

မိခင္မုဆိုးမႀကီး နဲ႔အတူ ခက္ခဲၾကမ္းတမ္းတဲ့ ဘဝကို ႀကိဳးစား႐ုန္းကန္ရင္း လွ်ပ္စစ္မီးမရရွိေသးတဲ့ ႀကံခင္းၿမိဳ႕နယ္၊ေရနံေတာင္‌ေက်း႐ြာအုပ္စု၊ ကံဒူးခုံဆိုတဲ့ ႐ြာကေလးမွာ ဖေယာင္းတိုင္မီးနဲ႔ စာက်က္ခဲ့ရသူ..။

အခုေတာ့ ႐ြာရဲ႕ ဂုဏ္‌ေဆာင္၊ ေက်ာင္းရဲ႕ ဂုဏ္ေဆာင္၊ ၿမိဳ႕ရဲ႕ဂုဏ္ေဆာင္၊ တိုင္းရဲ႕ ဂုဏ္ကို ေဆာင္ႏိုင္ခဲ့ၿပီ။

အလားတူ ဝိဇၨာဘာသာတြဲနဲ႔ တစ္ႏိုင္ငံလုံး ဒုတိယအမွတ္အမ်ားဆုံးရရွိခဲ့တဲ့ ၅ ဘာသာဂုဏ္ထူးရွင္ ေက်ာင္းသူေလး မစုပိုပိုေအာင္ ဟာဆိုရင္လည္းပဲ အဲဒီေရနံေတာင္ ႐ြာအုပ္စု၊ သုမဂ္လ႐ြာကေလးကပဲ ျဖစ္ပါတယ္။

သူတို႔ႏွစ္ဦး စလုံး တကၠသိုလ္ဝင္တန္းကို ထူးခြၽန္စြာ ေအာင္ျမင္ခဲ့တဲ့ေက်ာင္းက အ.ထ.က ေရနံေတာင္၊ ႀကံခင္းၿမိဳ႕နယ္၊ ဧရာဝတီတိုင္း ေဒသႀကီးက ျဖစ္ပါတယ္။

ဂုဏ္ယူပါတယ္။ ေနာင္တခ်ိန္ မွာ တိုင္းျပည္အတြက္ အားထားရတဲ့ သူေတြျဖစ္ၾကပါေစ..😊

About the author

Aung Lay

Leave a Comment