ဒီလို လုပ္ရပ္မ်ိဳးေတြကို ဆိုရွယ္အြန္လိုင္း လူမူ ့ကြန္ယက္က သနားကူညီတတ္တဲ့ ေစတနာရွင္ေတြအတြက္ ၾကိဳတင္သိရွိနိုင္ဖို႔ပါ၊
ထိုင္းနိုင္ငံရဲ ့ စီးပြားပ်က္ကာလမွာ လူတန္းစားမ်ိဳးစံုဟာလူလိမ္ေတြ ဘ၀ ေရာက္ေနၾကတာမို႔ လူ ့ပတ္၀န္းက်င္မွာ ဆိုရွယ္ကေန ပံုစံမ်ိဳးစံုနဲ ့ ၾကည့္ရူ ့သူေတြ သနားေအာင္Post ေတြတင္ျပီး အကူညီေတာင္းၾကတဲ့ သူေတြအမ်ားအျပားေတြ ့လာေနရပါတယ္။
ဆုိရွယ္လူမ့ူကြန္ယက္က အလွဴရွင္ေတြက သနားျပီးအမ်ားဆံုး ၀ုိင္းကူေပးတာကေတာ့ က်န္းမာေရးမေကာင္းတဲ့ ကေလးငယ္ေတြ ျပစားျပီး ေတာင္းစားေနသူေတြကုိပါ။
ဘန္ေကာက္ျမိဳ႕ ဒိုးေမာင္းနယ္ေျမမွာ ေနထိုင္ေနတဲ့Nittha Wongwall နစ္ထာ၀ုန္၀ယ္ အသက္(၂၉)နွစ္ခန္႔ရွိတဲ့ အမ်ိဳးသမီးဟာ သူ႔ကေလး ခံစားေနရတဲ့ ထူးဆန္းတဲ့ေရာဂါေၾကာင့္” သမီးေလးဟာ နာတာရွည္ေဆးရံုမွာ ေဆးကုေနရပါတယ္။ တကိုယ္လံုးဖူးေယာင္ေနျပီး ပါးစပ္ကအျမဳပ္ထြက္ျပီးဆီးသြားရင္ ေသြးေတြ ပါေနပါတယ္။
မိတ္ေဆြတို ့ ရယ္ တတ္နိုင္သမွ်ကူညီေပးၾကပါရွင္ “လို ့လူမူ ့ကြန္ယက္ကေန အကူညီေတာာင္းခဲ့တာပါ။
ဒီလိုနဲ ့ ဆိုရွယ္ လူမူ ့ကြန္ယက္မွာ ပိုစ္ ့တင္ျပီး အကူညီေတာင္းခံလိုက္လို ့ သူမဘဏ္အေကာင့္မွာ ပို႔လာသူလူ ၈၀၀၀(ရွစ္ေထာင္)ခန္ ့ ရွိသြားျပီးဘတ္(၁၀)သန္းေက်ာ္ (က်ပ္ေငြ သိန္း ၄၀၀) ရသြားပါတယ္။
ခုလို ဆိုရွယ္လူမႈကေန သူမသမီးအသက္ ၀ိုင္းကယ္ဖို ့ ၾကိဳးစားၾကေပမယ့္ ကေလးဟာ ေသဆံုးသြားခဲ့ပါတယ္။
ေဆးရံုက ကေလးအေလာင္းကို ေဆးစစ္တဲ့အခါမွအစားအိမ္ထဲမွာ ပိုးသတ္ေဆး ဓါတ္ေပါင္းေတြ ေတြ ့ရလို ့ သာမန္ေရာဂါမဟုတ္ဘဲ ကေလးဟာ ပိုးသတ္ဓါတုေဆး တစ္မ်ိဳးကို စားမိ မ်ိဳမိထားတာကို စစ္ေဆးေတြ ့သြားခဲ့လို ့သူမကုိ သတိျပဳမိ သြားႀကပါတယ္
အခုလို ဒုတိယအႀကိမ္ သူမ ထပ္လုပ္တဲ့အခါမွာေတာ့ဒါဟာ မေတာ္တဆ ျဖစ္ရပ္ေတာ့ မဟုတ္ပါဘူး။မိခင္ဆိုတဲ့ တရားခံ အမ်ိဳးသမီးရဲ ့ လက္ခ်က္ျဖစ္ႏိုင္တယ္ဆိုျပီး ဆိုရွယ္လူမူ ့ကြန္ယက္ သတင္းသမားေတြက ပထမျဖစ္ရပ္ကုိျပန္ျပီး ရွာေဖြေပးခဲ့ပါတယ္။
တကယ္ေတာ့ အဲဒီအမ်ိဳးသမီးဟာ သူမကေလးကို က်န္းမာေရး ဆိုးလာေအာင္အစာထဲမွာ ပိုးသတ္ေဆး(အိမ္သာသန္႔ရွင္းေရးေဆး) နည္းနည္းစီ ထည့္ေၾကြးျပီး အေျခအေနဆိုးလာတဲ့အခါ ပံုရိုက္ျပီး အြန္လိုင္းမွာ လိုက္ေတာင္းေတာ့တာပါပဲ တဲ့။
သူ ့မ လက္ခ်က္ေၾကာင့္ ပထမဆံုး ဇတ္လမ္းဆင္ ေငြေတာင္းခဲ့တဲ့ သံုးနွစ္ မိန္းကေလးတစ္ဦး ဟာလည္း ခုလိုပံုစံမ်ိဳးနဲ ့ကိုယ္ထဲမွာ ပိုးသတ္ေဆး အဆိပ္ျပန္႔ျပီး ေသဆံုးခဲ့ရျပီး အြန္လိုင္းအလွဴရွင္ေတြ ဆီက ဘတ္သန္း (၂၀)ေက်ာ္ ရသြားခဲ့ဘူးပါတယ္။
ဒုတိယအႀကိမ္ ေနာက္ထပ္ ကေလးတဦးကို အဲဒီလိုမ်ိဳးပံုစံမ်ိဳးလုပ္ျပီးေတာင္းရမ္းမွ လူမူကြန္ယက္က သူ႔ကုိမွတ္မိသြားခဲ့တာပါ။
သူဟာ သူ ့အုပ္ထိန္းသူဆုိျပီး နာမည္ခံျပီးေငြေတာင္းတာမို႔ သူမဟာ မိခင္အစစ္ျဖစ္တယ္ မျဖစ္ဘူးဆိုတာေတာ့ မေသခ်ာေသးပါဘူး။ သူ႔ကုိ စစ္ေဆးေနဆဲပါပဲ ။
တရားခံအျဖစ္ အဲဒီအမ်ိဳးသမီးကို ရဲတတ္ဖြဲ ့က ဖမ္း၀ရမ္းထုတ္ျပီး မေန့ကေတာ့ ဖမ္းဆီးလိုက္ပါျပီ။
ဒီလို လုပ္ရပ္မ်ိဳး လိုက္မလုပ္ႏိုင္ဘူးလို႔မေျပာႏိုင္လို ့ အတုခိုးမယ့္ အြန္လိုင္းလူယုတ္မာ သူေတာင္စားေတြ ေပၚလာမွာစိုးတာေၾကာင့္ သတိေပး ေဖၚျပလိုက္တာျဖစ္ပါတယ္။
Social Action For Children And Women
Unicode
ဒီလို လုပ်ရပ်မျိုးတွေကို ဆိုရှယ်အွန်လိုင်း လူမူ့ကွန်ယက်က သနားကူညီတတ်တဲ့ စေတနာရှင်တွေအတွက် ကြိုတင်သိရှိနိုင်ဖို့ပါ၊
ထိုင်းနိုင်ငံရဲ့ စီးပွားပျက်ကာလမှာ လူတန်းစားမျိုးစုံဟာလူလိမ်တွေ ဘ၀ ရောက်နေကြတာမို့ လူ့ပတ်ဝန်းကျင်မှာ ဆိုရှယ်ကနေ ပုံစံမျိုးစုံနဲ့ ကြည့်ရူ့သူတွေ သနားအောင်Post တွေတင်ပြီး အကူညီတောင်းကြတဲ့ သူတွေအများအပြားတွေ့လာနေရပါတယ်။
ဆိုရှယ်လူမ့ူကွန်ယက်က အလှူရှင်တွေက သနားပြီးအများဆုံး ဝိုင်းကူပေးတာကတော့ ကျန်းမာရေးမကောင်းတဲ့ ကလေးငယ်တွေ ပြစားပြီး တောင်းစားနေသူတွေကိုပါ။
ဘန်ကောက်မြို့ ဒိုးမောင်းနယ်မြေမှာ နေထိုင်နေတဲ့Nittha Wongwall နစ်ထာဝုန်ဝယ် အသက်(၂၉)နှစ်ခန့်ရှိတဲ့ အမျိုးသမီးဟာ သူ့ကလေး ခံစားနေရတဲ့ ထူးဆန်းတဲ့ရောဂါကြောင့်” သမီးလေးဟာ နာတာရှည်ဆေးရုံမှာ ဆေးကုနေရပါတယ်။ တကိုယ်လုံးဖူးယောင်နေပြီး ပါးစပ်ကအမြုပ်ထွက်ပြီးဆီးသွားရင် သွေးတွေ ပါနေပါတယ်။
မိတ်ဆွေတို့ ရယ် တတ်နိုင်သမျှကူညီပေးကြပါရှင် “လို့လူမူ့ကွန်ယက်ကနေ အကူညီတောာင်းခဲ့တာပါ။
ဒီလိုနဲ့ ဆိုရှယ် လူမူ့ကွန်ယက်မှာ ပိုစ့်တင်ပြီး အကူညီတောင်းခံလိုက်လို့ သူမဘဏ်အကောင့်မှာ ပို့လာသူလူ ၈၀၀၀(ရှစ်ထောင်)ခန့် ရှိသွားပြီးဘတ်(၁၀)သန်းကျော် (ကျပ်ငွေ သိန်း ၄၀၀) ရသွားပါတယ်။
ခုလို ဆိုရှယ်လူမှုကနေ သူမသမီးအသက် ဝိုင်းကယ်ဖို့ ကြိုးစားကြပေမယ့် ကလေးဟာ သေဆုံးသွားခဲ့ပါတယ်။
ဆေးရုံက ကလေးအလောင်းကို ဆေးစစ်တဲ့အခါမှအစားအိမ်ထဲမှာ ပိုးသတ်ဆေး ဓါတ်ပေါင်းတွေ တွေ့ရလို့ သာမန်ရောဂါမဟုတ်ဘဲ ကလေးဟာ ပိုးသတ်ဓါတုဆေး တစ်မျိုးကို စားမိ မျိုမိထားတာကို စစ်ဆေးတွေ့သွားခဲ့လို့သူမကို သတိပြုမိ သွားကြပါတယ်
အခုလို ဒုတိယအကြိမ် သူမ ထပ်လုပ်တဲ့အခါမှာတော့ဒါဟာ မတော်တဆ ဖြစ်ရပ်တော့ မဟုတ်ပါဘူး။မိခင်ဆိုတဲ့ တရားခံ အမျိုးသမီးရဲ့ လက်ချက်ဖြစ်နိုင်တယ်ဆိုပြီး ဆိုရှယ်လူမူ့ကွန်ယက် သတင်းသမားတွေက ပထမဖြစ်ရပ်ကိုပြန်ပြီး ရှာဖွေပေးခဲ့ပါတယ်။
တကယ်တော့ အဲဒီအမျိုးသမီးဟာ သူမကလေးကို ကျန်းမာရေး ဆိုးလာအောင်အစာထဲမှာ ပိုးသတ်ဆေး(အိမ်သာသန့်ရှင်းရေးဆေး) နည်းနည်းစီ ထည့်ကြွေးပြီး အခြေအနေဆိုးလာတဲ့အခါ ပုံရိုက်ပြီး အွန်လိုင်းမှာ လိုက်တောင်းတော့တာပါပဲ တဲ့။
သူ့မ လက်ချက်ကြောင့် ပထမဆုံး ဇတ်လမ်းဆင် ငွေတောင်းခဲ့တဲ့ သုံးနှစ် မိန်းကလေးတစ်ဦး ဟာလည်း ခုလိုပုံစံမျိုးနဲ့ကိုယ်ထဲမှာ ပိုးသတ်ဆေး အဆိပ်ပြန့်ပြီး သေဆုံးခဲ့ရပြီး အွန်လိုင်းအလှူရှင်တွေ ဆီက ဘတ်သန်း (၂၀)ကျော် ရသွားခဲ့ဘူးပါတယ်။
ဒုတိယအကြိမ် နောက်ထပ် ကလေးတဦးကို အဲဒီလိုမျိုးပုံစံမျိုးလုပ်ပြီးတောင်းရမ်းမှ လူမူကွန်ယက်က သူ့ကိုမှတ်မိသွားခဲ့တာပါ။
သူဟာ သူ့အုပ်ထိန်းသူဆိုပြီး နာမည်ခံပြီးငွေတောင်းတာမို့ သူမဟာ မိခင်အစစ်ဖြစ်တယ် မဖြစ်ဘူးဆိုတာတော့ မသေချာသေးပါဘူး။ သူ့ကို စစ်ဆေးနေဆဲပါပဲ ။
တရားခံအဖြစ် အဲဒီအမျိုးသမီးကို ရဲတတ်ဖွဲ့က ဖမ်းဝရမ်းထုတ်ပြီး မနေ့ကတော့ ဖမ်းဆီးလိုက်ပါပြီ။
ဒီလို လုပ်ရပ်မျိုး လိုက်မလုပ်နိုင်ဘူးလို့မပြောနိုင်လို့ အတုခိုးမယ့် အွန်လိုင်းလူယုတ်မာ သူတောင်စားတွေ ပေါ်လာမှာစိုးတာကြောင့် သတိပေး ဖေါ်ပြလိုက်တာဖြစ်ပါတယ်။
Social Action For Children And Women