Cele News

ပိုက်ဆံချမ်းသာလာတဲ့ တစ်နေ့ ဘဲတွေ ထိုင်အမ်းမယ်ဆိုတဲ့ မထက်

Written by Aung Lay




Video Credit ; Myanmar Celebrity TV

Unicode

အလှဖန်တီးရှင် မိတ်ကပ်ဆရာမ မထက် ကတော့ အနုပညာဘက်ကို ခြေလှမ်းတွေ စတင်ချပြီ ဖြစ်ပါတယ်။သူမရဲ့မိတ်ဆွေဖြစ်တဲ့ ညီညီမောင်(စမ်းချောင်း)လင်းလင်း၊မကြီးစန်း တို့နဲ့အတူ “ကျားကျားကြိုက်ကြိုက်”ရုပ်ရှင်ကားကြီးကိုလည်း အဓိကဇတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာမှာ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့ပါတယ်။

ပျော်ပျော်နေတတ်တဲ့ မထက်ဟာ အင်တာဗျူးတစ်ခုမှာ “ပိုက်ဆံပေါလာတဲ့ နေ့ကြ ဘဲတွေ အမ်းပြစ်မယ် တစ်ယောက်မဟုတ်ပဲ လေး၊ငါးယောက် အမ်းပြစ်မယ်”ဆိုပြီး စနောက်ခဲ့ပါတယ်။အခုအချိန်မှာတော့ ရည်းစားထားဖို့ထက် ကိုယ့်မှာ ဝယ်စရာရှိတာတောင် အနိုင်နိုင် ဝယ်နေရတာကြောင့် မထားသေးဘူးလို့ သိရပါတယ်။

သူမ လက်ခံထားတဲ့ အချစ်ရေးနဲ့ ပက်သက်ပြီးတော့ အခုလိုပြောပြထားပါတယ်။”ကိုယ့်ဘက်ကကြီး အရာရာ ဖြည့်ဆည်းချစ်ပေးရမယ့် အချစ်မျိုးကိုတော့ မလိုချင်ဘူး၊ကိုယ်လိုအပ်တာလေးတွေ သူ ဝယ်ပေး သူလိုအပ်တာလေးတွေ ကိုယ်ဝယ်ပေးကြတဲ့ ပုံစံမျိုးလေးတွေကို ပိုပြီးသဘောကျတဲ့အကြောင်း ပြောပြလာပါတယ်။ပရိတ်သတ်ကြီးရော မထက်ခံယူထားတဲ့ အချစ်ရေးနဲ့ ထပ်တူကြရဲ့လား Commentမှာ ပြောပြခဲ့ကြဦးနော်။

About the author

Aung Lay

Leave a Comment