Cele News

ခရီးထွက်ခဲ့တုန်းက ပုံတွေမျှဝေပြီး Stay homeကို စိတ်ကုန်နေပြီလို့ဆိုလာတဲ့ ဝတ်မှုန်ရွှေရည်

Written by Aung Lay





Unicode

ဆယ်စုနှစ်ကျော်သည်အထိ ပရိတ်သတ်အားပေးမှုကို စဉ်ဆက်မပျက် ခံယူလာခဲ့တဲ့ ဝတ်မှုန်ရွှေရည်ကို ချစ်ကြတဲ့ ပရိတ်သတ်တွေက ရွှေကစ်လေးလို့ အမည်ပေးထားကြပါတယ်။ဆယ်ကျော်သက်လေးတစ်ယောက်လို အမြဲလန်းဆန်းနေတဲ့ ရွှေကစ် ဟာ အဝေးကကြည့်ရင် ဘာဘီရုပ်ကလေး အလားထင်မှတ်ရအောင် ဖြုဖွေးလှတဲ့ အသားအရေကို ပိုင်ဆိုင်ထားသူလေးပါ။

လွတ်လပ်ပေါ့ပါးစွာ နေထိုင်သူမို့ အပန်းဖြေ ခရီးတွေလည်း မကြာခဏ သူငယ်ချင်းတွေနဲ့ ထွက်လေ့ရှိပါတယ်။ယခုအခါ ရောဂါအခြေအနေတွေကြောင့် Stay Homeနေရတဲ့ အခိုက်အတန့်ဟာ ငြီးငွေ့နေစရာ အလွန်ကောင်းပါတယ်။ရွှေကစ်လေးလည်း Stay Homeကို ငြီးငွေ့နေပြီဖြစ်တယ်လို့ သူမရဲ့ Facebook လူမှုစာမျက်နှာကနေ ဖော်ပြလာပါတယ်။

“Stay home ကာလကနေ ကျော်လွန်တဲ့အခါ အခုလိုမျိုး ခရီးတွေအများကြီးထွက်ပြီးတော့ သဘာဝရဲ့အလှအပတွေနဲ့ လွတ်လပ်မှုတွေကို ခံစားချင်ပါသေးတယ်”လို့ မျှဝေပြီး အရင်ချိန်က ခရီးထွက်ခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေခဲ့ပါတယ်။ပရိတ်သတ်ကြီးအတွက် သူမရဲ့ လူမှုစာမျက်နှာမှ တစ်ဆင့် ကူးယူဖော်ပြပေးလိုက်ပါတယ်။

Source ; Weet Hmone Shwe Yi

About the author

Aung Lay

Leave a Comment