Cele News

သူမရဲ့ ပုံတွေသုံးကာ နာမည်တူအကောင့်တွေနဲ့ ပေါက်တတ်ကရတွေ မတင်ကြဖို့ တောင်းပန်လာတဲ့ ခင်ရတနာစိုး

Written by Aung Lay





Unicode

တေးသံရှင်ရွက်ပုံးသီးလေးတွေ မွေးထုတ်ပေးရာ The Voice Myanmarကနေ လူသိများလာပြီး ပရိတ်သတ်လက်ခံအားပေးမှုကို ရယူထားတဲ့ ဒိုက်ဦးသူလေး ခင်ရတနာစိုး ဟာ တည်ငြိမ်လှတဲ့ အသံချိုချိုလေးကို ပိုင်ဆိုင်ထားပါတယ်။သူမ အနေနဲ့ အခုအချိန်မှ နာမည်လေးရလာကာစဖြစ်တဲ့ အတွက် သူမ နာမည်တူ Pageတွေ accountတွေကနေ ပေါက်ကရတင်တာတွေကြောင့် သူမကို မသိသူတွေက အမုန်းပွားမှာ စိုးရိမ်မိကြောင်းပြောရင်း အခုလို တောင်းပန်စကားဆိုလာပါတယ်။

“ညီမကိုအားပေးတဲ့FanများMediaများမှလွဲ၍ ကျန်တဲ့ညီမအမည်နဲ့Pageအတုများ ညီမနာမည်နဲ့ we love gpထောင်ထားသူများရှင် ညီမတင်သမျှပုံကိုSaveပြီးမတင်ကြတော့ဖို့တောင်ဆိုချင်ပါတယ်ရှင် ကျန်တာဆိုသည်းခံပါတယ် ခုက ညီမရဲ့ Official Page Offical We love Gpလေး Like နဲ့ Memberတွေနဲလာလို့ပါ ညီမအတွက်တစ်ကယ်အနှောက်အယှက်ဖြစ်လို့ပါရှင် ကိုယ်ပုံProfileနဲ့တင်ချင်တာတင်လုပ်ချင်တာလုပ်နားမလည်တဲ့သူများတွေ့ရင် ညီမကိုအထင်လွဲသွားနိုင်ပါတယ် ညီမနာမည်နဲ့pageအတုတွေများနေလို့ပါ ညီမမအောင်မြင်သေးပါဘူး ခုမှလူပဲသိတာပါ ဒီPostကြောင့် အောက်ခြေလွတ်တာလို့လဲမထင်စေချင်ပါရှင် ပရိတ်သတ်ကိုအမြဲဦးထိပ်ထားပါတယ် ညီမအောင်မြင်မှုလေးဆက်လက်တည်ရှိဖို့ေ ကျးဇူးပြု၍ မလုပ်ကြပါနဲ့ တောင်းပန်ပါတယ်”

သူမအနေနဲ့ Official Page Offical We love Gp လေးတွေကို အားပေးလက်ခံကြဖို့ တောင်းဆိုထားပါတယ်။ပရိတ်သတ်ကြီးလည်း Fake acc ‘Face pageတွေကို ကြည့်ရှောင်ပြီး သတင်းအမှားတွေ အယုံမလွယ်ကြပါနဲ့နော်။

Source ; Khin Yadanar Soe`s Fb Account

About the author

Aung Lay

Leave a Comment