Cele News

တူမချောလေးရလို့ အဒေါ်ရာထူး ထပ်ဆင့်တိုးသွားတာကို ပျော်နေတဲ့ သဇင်ထူးမြင့်

Written by Aung Lay

ျပည္သူခ်စ္ဟာသလူ႐ႊင္ေတာ္ သ႐ုပ္ေဆာင္ ဦးခင္လႈိင္ကေတာ့ ကိုၿဖိဳးသီဟ၊ေနရဲ နဲ႔ သဇင္ထူးျမင့္ တို႔ရဲ႕ ခ်စ္လွစြာေသာ ဖခင္တစ္ေယာက္ျဖစ္ပါတယ္။သားအႀကီးဆုံးျဖစ္တဲ့ ကိုၿဖိဳးသီဟ က အိမ္ေထာင္က်ၿပီးျဖစ္ပါတယ္။ၿပီးခဲ့တဲ့ စက္တင္ဘာလ (၁၆)ရက္ေန႔မွာေတာ့ ကိုၿဖိဳးသီဟတို႔ ဇနီးေမာင္ႏွံမွ သမီးရတနာေလးတစ္ပါး ထြန္းေျမာက္ခဲ့ပါတယ္။

အကိုျဖစ္သူမွ သမီးရတနာေလးတစ္ေယာက္ထြန္းကားခဲ့တဲ့အေပၚ သဇင္ထူးျမင့္ကေတာ့ အေဒၚရာထူးထပ္ဆင့္တိုးတဲ့အေၾကာင္း လူမႈစာမ်က္ႏွာကေန ႂကြားလုံးထုတ္လာပါတယ္။”ဒီေန႔ပဲ အေဒၚရာထူး ထပ္ဆင့္တိုးပါတယ္…အမယ္ေလး တီတီအတိုင္း ပါးေဖာင္းေလးေတြ႕ခ်င္လိုက္တာ ေ႐ႊေခတ္ေလးရယ္… ေ႐ႊပိုး၊ေ႐ႊႏွစ္၊ေ႐ႊေခတ္ သုံးေယာက္ေပါင္းၿပီး ဒီတီတီအသဲကိုေႁခြေတာ့မယ္….အရမ္းေတြ႕ခ်င္ေနၿပီမီးေလးေရ….တူမေခ်ာေလးကိုေမြးေပးတဲ့ အမတစ္ေယာက္လို သဲအေပၚအၿမဲေကာင္းတဲ့ ေယာင္းေယာင္းေလးကိုေက်းဇူးပါ”လို႔ ႂကြားလုံးထုတ္ရင္း တူမေခ်ာေလးရဲ႕ ပုံေတြကို မွ်ေဝလာပါတယ္။

သူတို႔ရဲ႕ မိသားစုကမာၻထဲကို ထပ္မံဝင္ေရာက္လာတဲ့ ေျမးမေလးကိုလည္း ဦးခင္လႈိင္တို႔ မိသားစုက ေႏြးေထြးစြာႀကိဳဆိုေၾကာင္းကိုစက္တင္ဘာ(၁၆)ရက္ညက Video callနဲ႔ အခ်စ္ပိုျပၾကပါေသးတယ္။ၿဖိဳးသီဟတို႔ဇနီးေမာင္ႏွံရဲ႕ သမီးေလးကို အခ်စ္အကဲပိုေနၾကတဲ့ သဇင္ထူးျမင့္တို႔ မိသားစု ပုံရိပ္ေလးေတြကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source ; Thazin Htoo Myint`Fb Account

Unicode

ပြည်သူချစ်ဟာသလူရွှင်တော် သရုပ်ဆောင် ဦးခင်လှိုင်ကတော့ ကိုဖြိုးသီဟ၊နေရဲ နဲ့ သဇင်ထူးမြင့် တို့ရဲ့ ချစ်လှစွာသော ဖခင်တစ်ယောက်ဖြစ်ပါတယ်။သားအကြီးဆုံးဖြစ်တဲ့ ကိုဖြိုးသီဟ က အိမ်ထောင်ကျပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၆)ရက်နေ့မှာတော့ ကိုဖြိုးသီဟတို့ ဇနီးမောင်နှံမှ သမီးရတနာလေးတစ်ပါး ထွန်းမြောက်ခဲ့ပါတယ်။

အကိုဖြစ်သူမှ သမီးရတနာလေးတစ်ယောက်ထွန်းကားခဲ့တဲ့အပေါ် သဇင်ထူးမြင့်ကတော့ အဒေါ်ရာထူးထပ်ဆင့်တိုးတဲ့အကြောင်း လူမှုစာမျက်နှာကနေ ကြွားလုံးထုတ်လာပါတယ်။”ဒီနေ့ပဲ အဒေါ်ရာထူး ထပ်ဆင့်တိုးပါတယ်…အမယ်လေး တီတီအတိုင်း ပါးဖောင်းလေးတွေ့ချင်လိုက်တာ ရွှေခေတ်လေးရယ်… ရွှေပိုး၊ရွှေနှစ်၊ရွှေခေတ် သုံးယောက်ပေါင်းပြီး ဒီတီတီအသဲကိုခြွေတော့မယ်….အရမ်းတွေ့ချင်နေပြီမီးလေးရေ….တူမချောလေးကိုမွေးပေးတဲ့ အမတစ်ယောက်လို သဲအပေါ်အမြဲကောင်းတဲ့ ယောင်းယောင်းလေးကိုကျေးဇူးပါ”လို့ ကြွားလုံးထုတ်ရင်း တူမချောလေးရဲ့ ပုံတွေကို မျှဝေလာပါတယ်။

သူတို့ရဲ့ မိသားစုကမ္ဘာထဲကို ထပ်မံဝင်ရောက်လာတဲ့ မြေးမလေးကိုလည်း ဦးခင်လှိုင်တို့ မိသားစုက နွေးထွေးစွာကြိုဆိုကြောင်းကိုစက်တင်ဘာ(၁၆)ရက်ညက Video callနဲ့ အချစ်ပိုပြကြပါသေးတယ်။ဖြိုးသီဟတို့ဇနီးမောင်နှံရဲ့ သမီးလေးကို အချစ်အကဲပိုနေကြတဲ့ သဇင်ထူးမြင့်တို့ မိသားစု ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Flower Sky – Yaung Chi

Source ; Thazin Htoo Myint`Fb Account

About the author

Aung Lay

Leave a Comment