Cele News

စားသောက်ရေးအတွက်ရုန်းကန်နေရတဲ့ မသန်စွမ်းသူတွေကို မုန့်တွေလိုက်လံလှူဒါန်းနေတဲ့ Sinon (Video)

Written by Aung Lay




Flower Sky -Source ; Sinon Loresca

Unicode

ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ Sinonဟာ မော်ဒယ်လ်တစ်ယောက်အဖြစ် ရပ်တည်နေပြီး မြန်မာနိုင်ငံကို ချစ်တတ်တဲ့ နိုင်ငံခြားလူမျိုးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။Sinonဟာ တစ်ခဏလေးအတွင်းမှာပဲ မြန်မာနိုင်ငံမှာ အထိုင်ကျအောင်နေနိုင်ခဲ့ပြီဖြစ်ငလို အနုပညာအသိုင်းအဝိုင်းက မင်းသား မင်းသမီးတွေနဲ့တောင် ရင်းနှီးနေခဲ့ပါပြီ။

အလှူအတန်းရက်ရောလွန်းတဲ့ Sinonတစ်ယောက်ကတော့ အလှူရေစက် လက်နဲ့မကွာဆိုသလိုပဲ အမြဲလိုလို တစ်နေရာရာတော့ လှူနေစမြဲပါ။သူ့ရဲ့ အလှူအတန်းရက်ရောမှုနဲ့ ဖော်ရွှေမှုတွေကြောင့် ပရိတ်သတ်တွေက ချစ်ခင်အားပေးကြပါတယ်။မြန်မာနိုင်ငံမှာ ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက Sionoဟာ ရန်ကုန်မြို့ရဲ့ လမ်းမပေါ်က စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ မသန်စွမ်းသူတွေကို အာဟာရဒါနအဖြစ် ပေါင်မုန့်တွေကို ကိုယ်တိုင်လိုက်လံဝေငှခဲ့တဲ့ videoလေး တစ်ပုဒ်မျှဝေခဲ့ပါတယ်။ကြည့်မိသူအပေါင်း ပီတိဖြစ်စေမယ့် Sinonရဲ့ လိုက်လံလှူဒါန်းနေတဲ့ ပုံရိပ်လေးတွေနဲ့ အတူ videoလေးကိုလည်း မျှဝေပေးလိုက်ပါတယ်။

Flower Sky – Yaung Chi

Source ; Sinon Loresca

About the author

Aung Lay

Leave a Comment