Cele News

သံဃာတော်များရဲ့ ပရိယတ္တိစာမေးပွဲမေးခွန်းလွှာမှာ သူမနာမည်ထည့်သွင်းအသုံးပြုလို့ ကြည်နူးနေတဲ့ ဖြူဖြူထွေး

Written by Aung Lay




Flower Sky -Source ; Phyu Phyu Htwe`Fb Account

Unicode

ဘက်စုံထူးချွန်သူလေးအဖြစ် လူသိများတဲ့ ဖြူဖြူထွေး ကတော့ သူမ လတ်တလောမှာ ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးနေရပြီး အနုပညာရှင်များထဲမှ ဇတ်ပို့၊ဇတ်ဆောင်၊လူကြမ်းများကို ရိုက်ကူးရေးတွေနားနေရတဲ့ ကာလမှာ အဆင်ပြေစေဖို့ သူမရဲ့ကြော်ငြာvideoလေးတွေမှာ ထည့်သွင်းရိုက်ကူးစေပြီး အကူအညီအနေနဲ့ တစ်ဖက်တစ်လမ်းကနေ ကုသိုလ်ဒါနပြုလျက်ရှိပါတယ်။

ရိုးသားဖော်ရွေလွန်းတာတွေကြောင့် ပရိတ်သတ်တွေက အရမ်းချစ်ကြတဲ့ အနုပညာရှင်းတစ်ယောက်ဆိုလည်း မမှားပါဘူး။လူကြီး လူငယ် ကလေးမကျန် ချစ်ကြတဲ့ဖြူဖြူထွေးကို သံဃာတော်တွေကပါ ချီးကျူးထောပနာပြုကြပြီလို့ ပြောစမှတ်ပြုစရာ အကြောင်းတစ်ခုဖန်လာခဲ့ပါတယ်။အကြောင်းကတော့ ညောင်ရွှေမြို့ ကန်ကြီးပရိယတ္တိစာသင်တိုက်ရဲ့ စာမေးပွဲမေးခွန်းလွှာမှာ သူမကို ဥပမာပြုမေးခွန်းတစ်ခုပါခဲ့တာကြောင့်ဖြစ်ပါတယ်။

သံဃာတော်များကပါ ချစ်ခင်ကြတဲ့ ဖြူဖြူထွေးတစ်ယောက်ကတော့ အတိုင်းမသိ ပီတိဖြစ်နေမှာ။မေးခွန်းလွှာစာရွက်က သူမ နာမည်ပါတဲ့ စာရွက်ပုံလေးကို သူမရဲ့ Facebook account Myday မှာ မျှဝေလညခဲ့ပါတယ်။ဖြူဖြူထွေးနဲ့အတူ ထပ်တူပီတိဖြစ်စေဖို့ တစ်ဆင့်မျှဝေပေးလိုက်ပါတယ်နော်။

Flower Sky – Yaung Chi

Source ; Phyu Phyu Htwe`Fb Account

About the author

Aung Lay

Leave a Comment