ဗောက်သီး/ဗောက်သီးဖျော်ရည်(Cape Gooseberry)
ဗောက်သီးမှာ ကိုယ်အလေးချိန်လျှော့ချပေးခြင်း၊ ခန္ဓါကိုယ်တွင်းကအဆိပ်အတောက်တွေကိုပြေစေခြင်း၊ဆီးချိုဝေဒနာကိုထိန်းညှိပေးနိုင်ခြင်း၊ ကျောက်ကပ်လုပ်ငန်းဆောင်တာတွေကိုတိုးမြှင့်ပေးနိုင်ခြင်း၊ပြင်းထန်တဲ့ဝေဒနာအချို့ကနေ ကာကွယ်ပေးနိုင်ခြင်း၊နှလုံးကျန်မာသန်စွမ်းမှုကိုတိုးမြှင့်ပေးခြင်း၊ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေခြင်းတို့ဖြစ်ပေါ်အောင်လုပ်ဆောင်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။
ဗောက်သီး ကချိုချိုချဉ်ချဉ်လေးနဲ့အရသာရှိတာကြောင့် အချိုပွဲတွေ၊ကိတ်မုန့်၊သကြားလုံးတွေနဲ့ မုန့်တွေပြုလုပ်ရာမှာထည့်သွင်းအသုံးပြုကြသလို သရေစာအနေနဲ့လည်းဗောက်သီးကို အစိမ်းစားတာမျိုးတွေရှိပါတယ်။ဗောက်သီးမှာ ကယ်လိုရီပမာဏနည်းပါးပြီး ဗီတာမင် နဲ့ သတ္တုဓါတ်တွေလည်းအတော်အသင့်ပါဝင်ပါတယ်။ဗောက်သီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေပြီး ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့Polyphenols နဲ့ carotenoidတွေလည်းပါဝင်ပါတယ်။
ဗောက်သီးကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ
ဆီးချို(Diabetes)-ဗောက်သီးမှာfructose ကြွယ်ဝစွာပါဝင်တာကြောင့် ဆီးချိုဝေဒနာသည်တွေစားသုံးဖို့သင့်တော်ပါတယ်။
ရောင်ရမ်းမှုကိုသက်သာစေခြင်း –ဗောက်သီးမှာpolyphenol နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ပန်းနာရင်ကျပ်သက်သာစေတဲ့ဆေး၊ချောင်းဆိုးပျောက်ဆေး၊ အနာကျက်ဆေး၊ သန်ကျဆေး၊ရောင်ရမ်းမှုသက်သာစေတဲ့ဆေး၊ဝမ်းပျော့ဆေး၊ဝမ်းနုတ်ဆေးတွေထုတ်လုပ်ရာမှာအသုံးပြုသလို အစာအိမ်ဝေဒနာတွေအတွက်လည်းအသုံးပြုလို့ရပါတယ်။
သွေးတိုးရောဂါ (Hypertension) ကိုထိန်းညှိ –ဗောက်သီးမှာpolyphenols ၊ carotenoid တို့လိုမျိုး phyto-chemical တွေနဲ့သွေးတိုးတာကိုသက်သာစေနိုင်တဲ့ ပိုတက်ဆီယမ်ဓါတ်တွေသင့်တင့်မျှတစွာပါဝင်တာကြောင့်ဗောက်သီးကသွေးတိုးတာကိုထိန်းညှိပေးနိုင်ပါတယ်။ ထိုဇီဝဓါတုဒြပ်ပေါင်းတွေက ကိုလက်စထရောကိုကျဆင်းစေပါတယ်။
အဆုတ်ကင်ဆာ (Lung Cancer) – မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့လေ့လာမှုတွေအရဗောက်သီးမှာpolyphenol နဲ့ carotenoidတွေပါဝင်နေတာကြောင့် အဆုတ်ကင်ဆာကို ကုသမှုမှာ အကျိုးရှိစေနိုင်တယ်၊လို့တွေ့ရှိရပါတယ်။ဗောက်သီးမှာ ကင်ဆာဆဲလ်တွေကိုတိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ကင်ဆာကုသမှုမှာ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။
အာရုံကြောပြဿနာတွေကို သက်သာစေခြင်း –ဗောက်သီးမှာfree radicalတွေကိုထိန်းချုပ်နိုင်တဲ့ အစွမ်းရှိတာကြောင့် အာရုံကြောဆိုင်ရာရောဂါတွေအပါအဝင်ရောဂါတော်တော်များများကို ခုခံရာမှာ အထောက်အကူပြုပါတယ်။
အမြင်အာရုံကောင်းမွန်စေခြင်း –ဗောက်သီးမှာ ဗီတာမင်အေ (Vitamin A) ကြွယ်ဝစွာပါဝင်တာကြော်င့နေ့စဉ်လိုအပ်နေတဲ့ ဗီတာမင်အေ ပမာဏကိုလုံလောက်စွာထောက်ပံ့ပေးပါတယ်။ ဗီတာမင်အေ က မျက်လုံးကိုကျန်းမာစေပြီးရေတိမ်ဖြစ်တာနဲ့ မျက်လုံးကြွက်သားတွေပျက်စီးတာကိုကာကွယ်ပေးပါတယ်။
အရိုးတွေကိုကြံ့ခိုင်သန်စွမ်းစေခြင်း –ဗောက်သီးမှာ အရိုးတွေကြံ့ခိုင်သန်စွမ်းဖို့အတွက်လိုအပ်တဲ့ကယ်လ်ဆီယမ်နဲ့ဖော့စဖရိတ်တွေ စုပ်ယူမှုကို အထောက်အပံ့ပေးတဲ့pectin ပါရှိပါတယ်။ဗောက်သီးက အမျိုးသားတွေမှာဖြစ်တတ်တဲ့ ဒူလာနဲ့ အရေပြားနီမြန်းရောင်ရမ်းတာကိုကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။
ကိုယ်ခံစနစ်ကိုတိုးမြှင့်ပေးနိုင်ခြင်း –ဗောက်သီးမှာ ဗီတာမင် စီ (Vitamin C) ပါဝင်တာကြောင့် ခန္ဓါကိုယ်ကလိုအပ်တဲ့ ဗီတာမင် စီ ကိုပြည့်ဝစေပါတယ်။ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကို တိုးမြှင့်ပေးပါတယ်။
အသည်းကျန်းမာစေခြင်း –ဗောက်သီးက ခန္ဓါကိုယ်တွင်းက ကိုလက်စထရောပမာဏကိုထိန်းညှိပေးပြီး အသည်းကျန်းမာရေးကိုကောင်းမွန်စေပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါ (Atherosclerosis) –ဗောက်သီးဖျော်ရည်မှာ နှလုံးရဲ့ လုပ်ဆောင်မှုတွေကိုကောင်းမွန်စေဖို့အတွက် အထောက်အကူပြုတဲ့ အရေးပါတဲ့phyto-chemical အချို့ပါဝင်ပါတယ်။
အအေးမိ၊ တုပ်ကွေးတွေကို သက်သာစေခြင်း – ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တဲ့ဗောက်သီးက အအေးမိတုပ်ကွေးဖျားနာမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ဗောက်သီးကို တစ်နေ့နှစ်ကြိမ်ရေနွေးနဲ့စားသုံးပေးမယ်ဆိုရင် နှာခေါင်းပိတ်တာကိုသက်သာစေမှာဖြစ်ပြီးနေလို့သက်သာလာစေမှာဖြစ်ပါတယ်။
ကျောက်ကပ်ကိုကျန်းမာရေးကောင်းမွန်စေခြင်း –ဗောက်သီးက ကိုယ်တွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးပြီး ဆီးရွှင်စေတာကြောင့် ခန္ဓါကိုယ်ထဲက ပိုလျှံနေတဲ့ အဆီတွေ၊အငန်ဓါတ်တွေနဲ့ပြန်ရည်ကြောစနစ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားစွန့်ထုတ်ပေးတာကြောင့်ကျောက်ကပ်ကိုကျန်းမာစေပါတယ်။
ဘက်တီးရီးယားတွေကိုသေစေနိုင်စေခြင်း –ဗောက်သီးမှာပါတဲ့ ဓါတ်တွေက ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကိုရော အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေကိုပါသေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ဗောက်သီးကE. Coli ဘက်တီးရီးယားအပါအဝင် ဘက်တီးရီးယားတော်တော်များများကိုသေစေနိုင်ပါတယ်။
ဗီတာမင် စီ ကြွယ်ဝခြင်း –ဗောက်သီးမှာ သံပုရာသီးထက် ဗီတာမင် စီ ၂ ဆလောက်ပါဝင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတာကြောင့်ဗောက်သီးစားသုံးပေးတာက နှလုံးသွေးကြောဆိုင်ရာရောဂါ၊လေဖြတ်ခြင်း( Strokes)၊ ကင်ဆာရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။
Pectin ပါဝင်ခြင်း –ဗောက်သီးမှာအစာချေအူလမ်းကြောင်းရဲ့လုပ်ဆောင်မှုတွေကို အဆင်ပြေချောမွေ့စေပြီး ဝမ်းမချုပ်အောင်ကာကွယ်ပေးတဲ့ပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။
ဗောက်သီးရဲ့ဘေးထွက်ဆိုးကျိုးများ
မမှည့်သေးတဲ့ဗောက်သီးမှာ ဓါတ်မတည့်မှုကိုဖြစ်စေနိုင်တဲ့ အဆိပ်ရှိတဲ့alkaloid အနည်းငယ်ပါဝင်နေတာကြောင့်ဗောက်သီးကိုမမှည့်ဘဲမစားသုံးသင့်ပါဘူး။
ချယ်ရီသီးမျိုးရင်းဝင်၊ ဘယ်ရီသီးမျိုးရင်းဝင်အသီးတွေအပင်တွေနဲ့ ဓါတ်မတည့်သူတွေအနေနဲ့ဗောက်သီးမစားသုံးသင့်ပါဘူး။
ဗီတာမင် စီ၊ ဗီတာမင် အို တို့နဲ့ ဓါတ်မတည့်သူတွေအနေနဲ့လည်းဗောက်သီးကိုလုံးဝမစားသုံးသင့်ပါဘူး။
Zawgyi
ေဗာက္သီး/ေဗာက္သီးေဖ်ာ္ရည္(Cape Gooseberry)
ေဗာက္သီးမွာ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ေပးျခင္း၊ ခႏၶါကိုယ္တြင္းကအဆိပ္အေတာက္ေတြကိုေျပေစျခင္း၊ဆီးခ်ိဳေဝဒနာကိုထိန္းညႇိေပးႏိုင္ျခင္း၊ ေက်ာက္ကပ္လုပ္ငန္းေဆာင္တာေတြကိုတိုးျမႇင့္ေပးႏိုင္ျခင္း၊ျပင္းထန္တဲ့ေဝဒနာအခ်ိဳ႕ကေန ကာကြယ္ေပးႏိုင္ျခင္း၊ႏွလုံးက်န္မာသန္စြမ္းမႈကိုတိုးျမႇင့္ေပးျခင္း၊ကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစျခင္းတို႔ျဖစ္ေပၚေအာင္လုပ္ေဆာင္ေပးႏိုင္တဲ့အစြမ္းရွိပါတယ္။
ေဗာက္သီး ကခ်ိဳခ်ိဳခ်ဥ္ခ်ဥ္ေလးနဲ႔အရသာရွိတာေၾကာင့္ အခ်ိဳပြဲေတြ၊ကိတ္မုန႔္၊သၾကားလုံးေတြနဲ႔ မုန႔္ေတြျပဳလုပ္ရာမွာထည့္သြင္းအသုံးျပဳၾကသလို သေရစာအေနနဲ႔လည္းေဗာက္သီးကို အစိမ္းစားတာမ်ိဳးေတြရွိပါတယ္။ေဗာက္သီးမွာ ကယ္လိုရီပမာဏနည္းပါးၿပီး ဗီတာမင္ နဲ႔ သတၱဳဓါတ္ေတြလည္းအေတာ္အသင့္ပါဝင္ပါတယ္။ေဗာက္သီးမွာ ဓါတ္တိုးဆန႔္က်င္ပစၥည္းေတြႂကြယ္ဝစြာပါဝင္ေနၿပီး က်န္းမာေရးအတြက္အေထာက္အကူျပဳတဲ့Polyphenols နဲ႔ carotenoidေတြလည္းပါဝင္ပါတယ္။
ေဗာက္သီးကေနရရွိႏိုင္မယ့္ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား
ဆီးခ်ိဳ(Diabetes)-ေဗာက္သီးမွာfructose ႂကြယ္ဝစြာပါဝင္တာေၾကာင့္ ဆီးခ်ိဳေဝဒနာသည္ေတြစားသုံးဖို႔သင့္ေတာ္ပါတယ္။
ေရာင္ရမ္းမႈကိုသက္သာေစျခင္း –ေဗာက္သီးမွာpolyphenol နဲ႔ ဓါတ္တိုးဆန႔္က်င္ပစၥည္းေတြႂကြယ္ဝစြာပါဝင္တာေၾကာင့္ ပန္းနာရင္က်ပ္သက္သာေစတဲ့ေဆး၊ေခ်ာင္းဆိုးေပ်ာက္ေဆး၊ အနာက်က္ေဆး၊ သန္က်ေဆး၊ေရာင္ရမ္းမႈသက္သာေစတဲ့ေဆး၊ဝမ္းေပ်ာ့ေဆး၊ဝမ္းႏုတ္ေဆးေတြထုတ္လုပ္ရာမွာအသုံးျပဳသလို အစာအိမ္ေဝဒနာေတြအတြက္လည္းအသုံးျပဳလို႔ရပါတယ္။
ေသြးတိုးေရာဂါ (Hypertension) ကိုထိန္းညႇိ –ေဗာက္သီးမွာpolyphenols ၊ carotenoid တို႔လိုမ်ိဳး phyto-chemical ေတြနဲ႔ေသြးတိုးတာကိုသက္သာေစႏိုင္တဲ့ ပိုတက္ဆီယမ္ဓါတ္ေတြသင့္တင့္မွ်တစြာပါဝင္တာေၾကာင့္ေဗာက္သီးကေသြးတိုးတာကိုထိန္းညႇိေပးႏိုင္ပါတယ္။ ထိုဇီဝဓါတုျဒပ္ေပါင္းေတြက ကိုလက္စထေရာကိုက်ဆင္းေစပါတယ္။
အဆုတ္ကင္ဆာ (Lung Cancer) – မၾကာေသးခင္က လုပ္ေဆာင္ခဲ့တဲ့ေလ့လာမႈေတြအရေဗာက္သီးမွာpolyphenol နဲ႔ carotenoidေတြပါဝင္ေနတာေၾကာင့္ အဆုတ္ကင္ဆာကို ကုသမႈမွာ အက်ိဳးရွိေစႏိုင္တယ္၊လို႔ေတြ႕ရွိရပါတယ္။ေဗာက္သီးမွာ ကင္ဆာဆဲလ္ေတြကိုတိုက္ဖ်က္ႏိုင္တဲ့ အစြမ္းသတၱိရွိတာေၾကာင့္ ကင္ဆာကုသမႈမွာ အေထာက္အကူျပဳႏိုင္မွာျဖစ္ပါတယ္။
အာ႐ုံေၾကာျပႆနာေတြကို သက္သာေစျခင္း –ေဗာက္သီးမွာfree radicalေတြကိုထိန္းခ်ဳပ္ႏိုင္တဲ့ အစြမ္းရွိတာေၾကာင့္ အာ႐ုံေၾကာဆိုင္ရာေရာဂါေတြအပါအဝင္ေရာဂါေတာ္ေတာ္မ်ားမ်ားကို ခုခံရာမွာ အေထာက္အကူျပဳပါတယ္။
အျမင္အာ႐ုံေကာင္းမြန္ေစျခင္း –ေဗာက္သီးမွာ ဗီတာမင္ေအ (Vitamin A) ႂကြယ္ဝစြာပါဝင္တာေၾကာ္င့ေန႔စဥ္လိုအပ္ေနတဲ့ ဗီတာမင္ေအ ပမာဏကိုလုံေလာက္စြာေထာက္ပံ့ေပးပါတယ္။ ဗီတာမင္ေအ က မ်က္လုံးကိုက်န္းမာေစၿပီးေရတိမ္ျဖစ္တာနဲ႔ မ်က္လုံးႂကြက္သားေတြပ်က္စီးတာကိုကာကြယ္ေပးပါတယ္။
အ႐ိုးေတြကိုႀကံ့ခိုင္သန္စြမ္းေစျခင္း –ေဗာက္သီးမွာ အ႐ိုးေတြႀကံ့ခိုင္သန္စြမ္းဖို႔အတြက္လိုအပ္တဲ့ကယ္လ္ဆီယမ္နဲ႔ေဖာ့စဖရိတ္ေတြ စုပ္ယူမႈကို အေထာက္အပံ့ေပးတဲ့pectin ပါရွိပါတယ္။ေဗာက္သီးက အမ်ိဳးသားေတြမွာျဖစ္တတ္တဲ့ ဒူလာနဲ႔ အေရျပားနီျမန္းေရာင္ရမ္းတာကိုကုသရာမွာလည္း အသုံးျပဳႏိုင္ပါတယ္။
ကိုယ္ခံစနစ္ကိုတိုးျမႇင့္ေပးႏိုင္ျခင္း –ေဗာက္သီးမွာ ဗီတာမင္ စီ (Vitamin C) ပါဝင္တာေၾကာင့္ ခႏၶါကိုယ္ကလိုအပ္တဲ့ ဗီတာမင္ စီ ကိုျပည့္ဝေစပါတယ္။ ဗီတာမင္ စီက ကိုယ္ခံအားစနစ္ကို တိုးျမႇင့္ေပးပါတယ္။
အသည္းက်န္းမာေစျခင္း –ေဗာက္သီးက ခႏၶါကိုယ္တြင္းက ကိုလက္စထေရာပမာဏကိုထိန္းညႇိေပးၿပီး အသည္းက်န္းမာေရးကိုေကာင္းမြန္ေစပါတယ္။
ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ (Atherosclerosis) –ေဗာက္သီးေဖ်ာ္ရည္မွာ ႏွလုံးရဲ႕ လုပ္ေဆာင္မႈေတြကိုေကာင္းမြန္ေစဖို႔အတြက္ အေထာက္အကူျပဳတဲ့ အေရးပါတဲ့phyto-chemical အခ်ိဳ႕ပါဝင္ပါတယ္။
အေအးမိ၊ တုပ္ေကြးေတြကို သက္သာေစျခင္း – ဓါတ္တိုးဆန႔္က်င္ပစၥည္းေတြႂကြယ္ဝစြာပါဝင္တဲ့ေဗာက္သီးက အေအးမိတုပ္ေကြးဖ်ားနာမႈေတြကို ကာကြယ္ေပးႏိုင္ပါတယ္။ေဗာက္သီးကို တစ္ေန႔ႏွစ္ႀကိမ္ေရေႏြးနဲ႔စားသုံးေပးမယ္ဆိုရင္ ႏွာေခါင္းပိတ္တာကိုသက္သာေစမွာျဖစ္ၿပီးေနလို႔သက္သာလာေစမွာျဖစ္ပါတယ္။
ေက်ာက္ကပ္ကိုက်န္းမာေရးေကာင္းမြန္ေစျခင္း –ေဗာက္သီးက ကိုယ္တြင္းက အဆိပ္အေတာက္ေတြကိုဖယ္ရွားေပးၿပီး ဆီး႐ႊင္ေစတာေၾကာင့္ ခႏၶါကိုယ္ထဲက ပိုလွ်ံေနတဲ့ အဆီေတြ၊အငန္ဓါတ္ေတြနဲ႔ျပန္ရည္ေၾကာစနစ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားစြန႔္ထုတ္ေပးတာေၾကာင့္ေက်ာက္ကပ္ကိုက်န္းမာေစပါတယ္။
ဘက္တီးရီးယားေတြကိုေသေစႏိုင္ေစျခင္း –ေဗာက္သီးမွာပါတဲ့ ဓါတ္ေတြက ခႏၶါကိုယ္အတြက္အက်ိဳးျပဳတဲ့ ဘက္တီးရီးယားေတြကိုေရာ အက်ိဳးမျပဳတဲ့ ဘက္တီးရီးယားေတြကိုပါေသေစႏိုင္တဲ့ အစြမ္းရွိပါတယ္။ေဗာက္သီးကE. Coli ဘက္တီးရီးယားအပါအဝင္ ဘက္တီးရီးယားေတာ္ေတာ္မ်ားမ်ားကိုေသေစႏိုင္ပါတယ္။
ဗီတာမင္ စီ ႂကြယ္ဝျခင္း –ေဗာက္သီးမွာ သံပုရာသီးထက္ ဗီတာမင္ စီ ၂ ဆေလာက္ပါဝင္ပါတယ္။ ဓါတ္တိုးဆန႔္က်င္ပစၥည္းႂကြယ္ဝတာေၾကာင့္ေဗာက္သီးစားသုံးေပးတာက ႏွလုံးေသြးေၾကာဆိုင္ရာေရာဂါ၊ေလျဖတ္ျခင္း( Strokes)၊ ကင္ဆာေရာဂါေတြ မျဖစ္ေအာင္ကာကြယ္ေပးပါတယ္။
Pectin ပါဝင္ျခင္း –ေဗာက္သီးမွာအစာေခ်အူလမ္းေၾကာင္းရဲ႕လုပ္ေဆာင္မႈေတြကို အဆင္ေျပေခ်ာေမြ႕ေစၿပီး ဝမ္းမခ်ဳပ္ေအာင္ကာကြယ္ေပးတဲ့ေပ်ာ္ဝင္လြယ္တဲ့အမွ်င္ဓါတ္ႂကြယ္ဝစြာပါဝင္ပါတယ္။
ေဗာက္သီးရဲ႕ေဘးထြက္ဆိုးက်ိဳးမ်ား
မမွည့္ေသးတဲ့ေဗာက္သီးမွာ ဓါတ္မတည့္မႈကိုျဖစ္ေစႏိုင္တဲ့ အဆိပ္ရွိတဲ့alkaloid အနည္းငယ္ပါဝင္ေနတာေၾကာင့္ေဗာက္သီးကိုမမွည့္ဘဲမစားသုံးသင့္ပါဘူး။
ခ်ယ္ရီသီးမ်ိဳးရင္းဝင္၊ ဘယ္ရီသီးမ်ိဳးရင္းဝင္အသီးေတြအပင္ေတြနဲ႔ ဓါတ္မတည့္သူေတြအေနနဲ႔ေဗာက္သီးမစားသုံးသင့္ပါဘူး။
ဗီတာမင္ စီ၊ ဗီတာမင္ အို တို႔နဲ႔ ဓါတ္မတည့္သူေတြအေနနဲ႔လည္းေဗာက္သီးကိုလုံးဝမစားသုံးသင့္ပါဘူး။
Crd မူရင္းေရးသားသူ