ၾကားသိရသမ်ွ

Covid-19 ကာကွယ်ဆေးအတွက် နောက်ဆုံး တွေ့ရှိချက်များ

Written by Aung Lay

Covid-19 #ေရာ ဂါကာကြယ္ေဆးဟာအလုပ္ျဖစ္ႏိုင္ၿပီး #ေရာဂါကူးစက္ဖူးသူဟာေရာဂါျပန္ျဖစ္ႏိုင္ဖြယ္မရွိဘူး လို႔ ေမ်ာက္ေတြနဲ႔စမ္းသပ္ရာမွာေတြ႕ရွိခဲ့တယ္။ 🇺🇸 အေမရိကန္ကသိပၸံပညာရွင္ေတြက Covid-19 နဲ႔ပတ္သက္ၿပီး ေမ်ာက္ေတြကိုစမ္းသပ္ေတြ႕ရွိထားတဲ့ သတင္း ႏွစ္ပုဒ္ရွိတယ္။ #နံပါတ္(၁) 🐒 ေမ်ာက္ 9 ေကာင္ကို Covid-19 ျဖစ္ေစတဲ့ ဗိုင္းရပ္စ္ပိုးနဲ႔ ေရာဂါကူးစက္ေအာင္လုပ္လိုက္တယ္။

သူတို႔ကို ေရာဂါျဖစ္ေနရာကေန ျပန္ေနေကာင္းလာေအာင္ေစာင့္တယ္။ သူတို႔ျပန္ေကာင္းလာတဲ့အခါမွာ ေရာဂါပိုးနဲ႔ထပ္ၿပီးထိေတြ႕ေပးလိုက္တယ္။ 🐒 အဲ့ဒီေမ်ာက္ေတြမွာ #ေနမေကာင္းထပ္မျဖစ္ေတာ့တာကိုေတြ႕ရတယ္။

👉 သေဘာက ေရာဂါျဖစ္ဘူးလို႔ သဘာဝကိုယ္ခံအားရသြားရင္ ေနမေကာင္းျပန္မျဖစ္ႏိုင္ဘူးလို႔ မွန္းဆႏိုင္တယ္။ 👉 ေရာဂါကာကြယ္ေဆးထိုးထားလို႔ ကိုယ္ခံအားလုံလုံေလာက္ေလာက္ရထားရင္လည္း ေနမေကာင္းမျဖစ္ႏိုင္ဘူးလို႔ မွန္းဆႏိုင္တယ္။ 👉 မွန္းဆႏိုင္တယ္လို႔ က်ေနာ္ေရးရတာက ေမ်ာက္မွာစမ္းသပ္ေအာင္ျမင္ထားတာပဲ ျဖစ္ၿပီး လူမွာစမ္းသပ္ေနတုန္းမို႔လို႔ပဲ။ အခုစမ္းသပ္မႈကို Harvard တကၠသိုလ္ရဲ႕ Beth Israel Deaconness Medical Center က ေရာဂါပိုးမႊားႏွင့္ ကူးစက္ေရာဂါဌာနက Dr. Dan Barouch တို႔အဖြဲ႕က စမ္းသပ္ခဲ့တာျဖစ္တယ္။

Dr. Dan Barouch တို႔က အင္မတန္ေကာင္းတဲ့သတင္းလို႔ ဆိုထားတယ္။ အရင္က ဒါမ်ိဳးမစမ္းသပ္ရေသးဘူး။ “ဟာ…. ခင္ဗ်ားတို႔ကလည္းဗ်ာ…. မ်ားမ်ားစမ္းသပ္ပါလားဗ်။ က်ေနာ္သာဆို တလက္စတည္း စမ္းမယ္။ အခုဟာက 1 ပတ္ကို report 1 ခုေလာက္ထြက္ေနတယ္။

ကိုရီးယားကား အခန္းဆက္ၾကည့္ေနရသလိုပဲ။ ဟိုဟာေတြ႕လိုက္ ဒီဟာေတြ႕လိုက္နဲ႔။ လိုရင္းကို မေရာက္ႏိုင္ဘူး။” “မလြယ္ဘူးဖိုးခင္” “ေမ်ာက္ကလိုသေလာက္မရဘူးကြ။ ဒီမွာ ရစ္ခ်တ္… မင္းလာအစမ္းခံမလား။” “စမ္းသပ္တာက လြယ္တယ္မွတ္လို႔ ပိုးေတြအျပင္မျပန႔္သြားေအာင္ ထိန္းသိမ္းရတာ ေနရာအခက္အခဲနဲ႔ အျခားကန႔္သတ္ခ်က္ေတြ ဘာညာရွိေသးတယ္။” “ဒါလဲ ဟုတ္တာပဲေနာ္။” “ကိုယ့္ဟာကိုယ္သူမ်ားေတြ႕ရွိခ်က္ေတြကို ေအးေဆးထိုင္ေရးေနစမ္းပါကြာ။ လွ်ာမရွည္နဲ႔။ ဒီမွာက အသက္နဲ႔ရင္းလုပ္ေနရတာ။ တိရိစာၦန္ခ်စ္သူမ်ားအဖြဲ႕က ေအာ္မွာလည္း စိုးရိမ္ရေသးတယ္။ ေနာက္ေနာင္လွ်ာရွည္တဲ့ေကာင္ေတြရယ္။ သတင္းေရးတာကို ဟိုဟာျဖစ္တယ္ ဒီဟာျဖစ္တယ္ ေဝဖန္တဲ့ေကာင္ေတြရယ္ လက္ေတြ႕လာအစမ္းခံ။

လွ်ာရွည္တဲ့ေကာင္ေတြကို ငါတို႔ဆီလႊတ္လိုက္။ လက္ေတြ႕သိသြားမယ္။ ဒါပဲ။” “ဟုတ္ပါၿပီ။ ဒုတိယစမ္းသပ္ခ်က္ပဲ ဆက္ေရးေတာ့မယ္။ ထပ္သိခ်င္ရင္ Dr. Dan Barouch တို႔ဆီသြား။” 😒 #နံပါတ္(၂) 🐒 Dr. Dan Barouch တို႔ အဖြဲ႕ကပဲ ေမ်ာက္ 25 ေကာင္ကို ကာကြယ္ေဆး 6 မ်ိဳးနဲ႔စမ္းတယ္။ 💉 Six prototype vaccines ကို ကာကြယ္ေဆး မ်ိဳးကြဲ 6 မ်ိဳးလို႔ ယူဆတယ္။ တစ္မ်ိဳးထဲ 6 လုံးေတာ့ မျဖစ္ႏိုင္ဘူး။ ကာကြယ္ေဆးထိုးထားတဲ့ေကာင္ 25 ေကာင္နဲ႔ မထိုးထားတဲ့ေကာင္ 10 ေကာင္ကို SARS-CoV-2 လို႔ေခၚတဲ့ Covid-19 ဗိုင္းရပ္စ္ပိုးနဲ႔ ထိေတြ႕ေပးလိုက္တယ္။ ဘယ္လိုခြဲသိလဲဆိုေတာ့ နာမည္ကပ္ေပးထားေပါ့။ xue meemee ဘာညာ။ ကိုယ္သာဆို 🐒 ေမ်ာက္ေတြကို friend lists ထဲကလူေတြ နာမည္ေပးထားမွာ။

အဲ့ဒီမွာ ကာကြယ္ေဆးမထိုးထားတဲ့ 10 ေကာင္စလုံးရဲ႕ အဆုတ္နဲ႔ ႏွာေခါင္းထဲမွာ ေရာဂါပိုးအေတာ္ႀကီးကို ကူးစက္ေနတာေတြ႕ရသတဲ့။ ကာကြယ္ေဆးထိုးထားတဲ့ ေမ်ာက္ေတြမွာ လုံေလာက္တဲ့ ကာကြယ္မႈရတာကိုေတြ႕ရတယ္။ ေမ်ာက္ 8 ေကာင္မွာ အျပည့္အဝကာကြယ္မႈေပးတာေတြ႕ရတယ္။ အဲ့ေမ်ာက္ 🐒 8 ေကာင္က က်န္ 17 ေကာင္နဲ႔ ဘာကြာသလဲမေျပာထားဘူး။ 🐒 “We saw a substantial degree of protection for vaccinated animals. Eight of the vaccinated animals were completely protected. ” တဲ့။

ၿပီးေတာ့ သူတို႔စမ္းသပ္တဲ့ 6 မ်ိဳးက တစ္မ်ိဳးနဲ႔ တစ္မ်ိဳးဘာကြာလဲလည္း မေျပာဘူး။ သိပၸံပညာရွင္ေတြက -ေခါင္းက်ယ္တယ္အဲ့လိုပဲ။ ေျပာခ်င္မွေျပာတာ။ ဘာပဲျဖစ္ျဖစ္ – ♦️ေရာဂါကာကြယ္ေဆးသာရရင္ ေရာဂါကူးစက္ခံရဖို႔ အခြင့္အေရးနည္းတယ္။ ♦️သို႔တည္းမဟုတ္ ၾကားထဲမွာ ကူးစက္ခံရၿပီး ျပန္ေကာင္းလာရင္ ထပ္ျဖစ္ဖို႔ အခြင့္အလမ္းနည္းပါးတာေတာ့ေသခ်ာတယ္။ လူမွာစမ္းသပ္ၿပီးမွ အေသအခ်ာေျပာလို႔ရမယ္။

ဒါနဲ႔ႀကဳံတုန္းေျပာလိုက္အုံးမယ္။ Oxford တကၠသိုလ္က ကာကြယ္ေဆး “ChAdOx1” ကိုသိတယ္မလား။ က်ေနာ္ကေတာ့ Oxford ကေဆးကို သမား႐ိုးက်ဆိုေပမယ့္ အထင္ႀကီးတယ္။ ဟိုတေလာက သူမ်ားေတြက Fail ျဖစ္တယ္လို႔ ထေအာ္တဲ့ေဆးေလ။ အဲ့ေဆးကို AstraZeneca က dose ေပါင္း 1 ဘီလီယံထုတ္ဖို႔ျပင္ေနေၾကာင္း မေန႔က က်ေနာ္ကာကြယ္ေဆး post ထဲမွာေရးခဲ့ပါတယ္။ ညကသတင္းထဲမွာ အေမရိကန္အစိုးရက အဲ့ဒီ 1 ဘီလီယံထဲက သန္း 300 ကိုဝယ္ယူဖို႔ ေျပာထားလိုက္ပါၿပီတဲ့။ အေမရိကန္ရဲ႕ လက္ျမန္ခ်က္။

Richard Myo Thant 22-May-2020

Unicode

Covid-19 #ရော ဂါကာကွယ်ဆေးဟာအလုပ်ဖြစ်နိုင်ပြီး #ရောဂါကူးစက်ဖူးသူဟာရောဂါပြန်ဖြစ်နိုင်ဖွယ်မရှိဘူး လို့ မျောက်တွေနဲ့စမ်းသပ်ရာမှာတွေ့ရှိခဲ့တယ်။ 🇺🇸 အမေရိကန်ကသိပ္ပံပညာရှင်တွေက Covid-19 နဲ့ပတ်သက်ပြီး မျောက်တွေကိုစမ်းသပ်တွေ့ရှိထားတဲ့ သတင်း နှစ်ပုဒ်ရှိတယ်။ #နံပါတ်(၁) 🐒 မျောက် 9 ကောင်ကို Covid-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးနဲ့ ရောဂါကူးစက်အောင်လုပ်လိုက်တယ်။

သူတို့ကို ရောဂါဖြစ်နေရာကနေ ပြန်နေကောင်းလာအောင်စောင့်တယ်။ သူတို့ပြန်ကောင်းလာတဲ့အခါမှာ ရောဂါပိုးနဲ့ထပ်ပြီးထိတွေ့ပေးလိုက်တယ်။ 🐒 အဲ့ဒီမျောက်တွေမှာ #နေမကောင်းထပ်မဖြစ်တော့တာကိုတွေ့ရတယ်။

👉 သဘောက ရောဂါဖြစ်ဘူးလို့ သဘာဝကိုယ်ခံအားရသွားရင် နေမကောင်းပြန်မဖြစ်နိုင်ဘူးလို့ မှန်းဆနိုင်တယ်။ 👉 ရောဂါကာကွယ်ဆေးထိုးထားလို့ ကိုယ်ခံအားလုံလုံလောက်လောက်ရထားရင်လည်း နေမကောင်းမဖြစ်နိုင်ဘူးလို့ မှန်းဆနိုင်တယ်။ 👉 မှန်းဆနိုင်တယ်လို့ ကျနော်ရေးရတာက မျောက်မှာစမ်းသပ်အောင်မြင်ထားတာပဲ ဖြစ်ပြီး လူမှာစမ်းသပ်နေတုန်းမို့လို့ပဲ။ အခုစမ်းသပ်မှုကို Harvard တက္ကသိုလ်ရဲ့ Beth Israel Deaconness Medical Center က ရောဂါပိုးမွှားနှင့် ကူးစက်ရောဂါဌာနက Dr. Dan Barouch တို့အဖွဲ့က စမ်းသပ်ခဲ့တာဖြစ်တယ်။

Dr. Dan Barouch တို့က အင်မတန်ကောင်းတဲ့သတင်းလို့ ဆိုထားတယ်။ အရင်က ဒါမျိုးမစမ်းသပ်ရသေးဘူး။ “ဟာ…. ခင်ဗျားတို့ကလည်းဗျာ…. များများစမ်းသပ်ပါလားဗျ။ ကျနော်သာဆို တလက်စတည်း စမ်းမယ်။ အခုဟာက 1 ပတ်ကို report 1 ခုလောက်ထွက်နေတယ်။

ကိုရီးယားကား အခန်းဆက်ကြည့်နေရသလိုပဲ။ ဟိုဟာတွေ့လိုက် ဒီဟာတွေ့လိုက်နဲ့။ လိုရင်းကို မရောက်နိုင်ဘူး။” “မလွယ်ဘူးဖိုးခင်” “မျောက်ကလိုသလောက်မရဘူးကွ။ ဒီမှာ ရစ်ချတ်… မင်းလာအစမ်းခံမလား။” “စမ်းသပ်တာက လွယ်တယ်မှတ်လို့ ပိုးတွေအပြင်မပြန့်သွားအောင် ထိန်းသိမ်းရတာ နေရာအခက်အခဲနဲ့ အခြားကန့်သတ်ချက်တွေ ဘာညာရှိသေးတယ်။” “ဒါလဲ ဟုတ်တာပဲနော်။” “ကိုယ့်ဟာကိုယ်သူများတွေ့ရှိချက်တွေကို အေးဆေးထိုင်ရေးနေစမ်းပါကွာ။ လျှာမရှည်နဲ့။ ဒီမှာက အသက်နဲ့ရင်းလုပ်နေရတာ။ တိရိစ္ဆာန်ချစ်သူများအဖွဲ့က အော်မှာလည်း စိုးရိမ်ရသေးတယ်။ နောက်နောင်လျှာရှည်တဲ့ကောင်တွေရယ်။ သတင်းရေးတာကို ဟိုဟာဖြစ်တယ် ဒီဟာဖြစ်တယ် ဝေဖန်တဲ့ကောင်တွေရယ် လက်တွေ့လာအစမ်းခံ။

လျှာရှည်တဲ့ကောင်တွေကို ငါတို့ဆီလွှတ်လိုက်။ လက်တွေ့သိသွားမယ်။ ဒါပဲ။” “ဟုတ်ပါပြီ။ ဒုတိယစမ်းသပ်ချက်ပဲ ဆက်ရေးတော့မယ်။ ထပ်သိချင်ရင် Dr. Dan Barouch တို့ဆီသွား။” 😒 #နံပါတ်(၂) 🐒 Dr. Dan Barouch တို့ အဖွဲ့ကပဲ မျောက် 25 ကောင်ကို ကာကွယ်ဆေး 6 မျိုးနဲ့စမ်းတယ်။ 💉 Six prototype vaccines ကို ကာကွယ်ဆေး မျိုးကွဲ 6 မျိုးလို့ ယူဆတယ်။ တစ်မျိုးထဲ 6 လုံးတော့ မဖြစ်နိုင်ဘူး။ ကာကွယ်ဆေးထိုးထားတဲ့ကောင် 25 ကောင်နဲ့ မထိုးထားတဲ့ကောင် 10 ကောင်ကို SARS-CoV-2 လို့ခေါ်တဲ့ Covid-19 ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့ပေးလိုက်တယ်။ ဘယ်လိုခွဲသိလဲဆိုတော့ နာမည်ကပ်ပေးထားပေါ့။ xue meemee ဘာညာ။ ကိုယ်သာဆို 🐒 မျောက်တွေကို friend lists ထဲကလူတွေ နာမည်ပေးထားမှာ။

အဲ့ဒီမှာ ကာကွယ်ဆေးမထိုးထားတဲ့ 10 ကောင်စလုံးရဲ့ အဆုတ်နဲ့ နှာခေါင်းထဲမှာ ရောဂါပိုးအတော်ကြီးကို ကူးစက်နေတာတွေ့ရသတဲ့။ ကာကွယ်ဆေးထိုးထားတဲ့ မျောက်တွေမှာ လုံလောက်တဲ့ ကာကွယ်မှုရတာကိုတွေ့ရတယ်။ မျောက် 8 ကောင်မှာ အပြည့်အဝကာကွယ်မှုပေးတာတွေ့ရတယ်။ အဲ့မျောက် 🐒 8 ကောင်က ကျန် 17 ကောင်နဲ့ ဘာကွာသလဲမပြောထားဘူး။ 🐒 “We saw a substantial degree of protection for vaccinated animals. Eight of the vaccinated animals were completely protected. ” တဲ့။

ပြီးတော့ သူတို့စမ်းသပ်တဲ့ 6 မျိုးက တစ်မျိုးနဲ့ တစ်မျိုးဘာကွာလဲလည်း မပြောဘူး။ သိပ္ပံပညာရှင်တွေက -ခေါင်းကျယ်တယ်အဲ့လိုပဲ။ ပြောချင်မှပြောတာ။ ဘာပဲဖြစ်ဖြစ် – ♦️ရောဂါကာကွယ်ဆေးသာရရင် ရောဂါကူးစက်ခံရဖို့ အခွင့်အရေးနည်းတယ်။ ♦️သို့တည်းမဟုတ် ကြားထဲမှာ ကူးစက်ခံရပြီး ပြန်ကောင်းလာရင် ထပ်ဖြစ်ဖို့ အခွင့်အလမ်းနည်းပါးတာတော့သေချာတယ်။ လူမှာစမ်းသပ်ပြီးမှ အသေအချာပြောလို့ရမယ်။

ဒါနဲ့ကြုံတုန်းပြောလိုက်အုံးမယ်။ Oxford တက္ကသိုလ်က ကာကွယ်ဆေး “ChAdOx1” ကိုသိတယ်မလား။ ကျနော်ကတော့ Oxford ကဆေးကို သမားရိုးကျဆိုပေမယ့် အထင်ကြီးတယ်။ ဟိုတလောက သူများတွေက Fail ဖြစ်တယ်လို့ ထအော်တဲ့ဆေးလေ။ အဲ့ဆေးကို AstraZeneca က dose ပေါင်း 1 ဘီလီယံထုတ်ဖို့ပြင်နေကြောင်း မနေ့က ကျနော်ကာကွယ်ဆေး post ထဲမှာရေးခဲ့ပါတယ်။ ညကသတင်းထဲမှာ အမေရိကန်အစိုးရက အဲ့ဒီ 1 ဘီလီယံထဲက သန်း 300 ကိုဝယ်ယူဖို့ ပြောထားလိုက်ပါပြီတဲ့။ အမေရိကန်ရဲ့ လက်မြန်ချက်။

Richard Myo Thant 22-May-2020

About the author

Aung Lay

Leave a Comment