Cele News

မြန်မာဆန်ဆန်ဝတ်လိုက်ရင် ကျက်သရေရှိရှိလေး လှပနေတဲ့ အဆိုတော်ပိုပို

Written by Aung Lay





Flower Sky – YaungChi , Source – ပိုပို Facebook

Unicode

ပရိတ်သတ်ကြီး ရင်ထဲကို အဆွေးသီချင်းလေးတွေနဲ့ နေရာယူလာခဲ့တဲ့ ပိုပို ကတော့ အနုပညာရပ်ဝန်းမှာ နေရာတစ်နေရာ ရှိနေခဲ့ပါပြီ။ သူမရဲ့သီချင်းတွေကို အမျိုးသမီး ပရိတ်သတ်များပဲ ကြိုက်နှစ်သက်ကြတာထက် ယောက်ကျားလေး ပရိတ်သတ်များက ပိုနှစ်သက်ကြရတာတွေ့ရပါတယ်။

ပိုပို ရဲ့ ‘သူမ အတွက်’သီချင်းလေးက ယောက်ကျားလေးတွေ ပါးစပ်ဖျားမှာ အချိန်တစ်ခုထိ စွဲထင်စေခဲ့ သက်သေပါပဲ။ဝတ်စားဆင်ယင်မှုနဲ့ပက်သက်ပြီးတော့ လွတ်လပ်ပေါ့ပါးတာကို သဘောကျတဲ့ ပိုပိုတစ်ယောက် မြန်မာဆန်ဆန်ဝတ်တာ ရှားပါးပေမယ့် ဝတ်လိုက်ရင်တော့ လုံးဝ နန်းဆန်လွန်းသူလေးပါ။

ယနေ့မှာတော့ မြန်မာဆန်ဆန်အဖြူရောင်ဝမ်းဆက်လေးဝတ်ပြီး “မောင်က မြန်မာ ဆန်ဆန် လေးတွေ ဝတ်ရင် ပို သိပ်လှတာပဲ လို့ ပြောလေ့ရှိတယ် မောင့်ကို လွမ်းတဲ့ အကြောင်းတွေကို လေပြေညှင်း လေးတွေက တဆင့် မောင့်ဆီကိ ပို့လိုက်မယ်နော် မောင် မောင့်ကို ကျမ လွမ်းတယ် “ဆိုတဲ့ စာသားလေးနဲ့ အတူမကြာမီထွက်မယ့် ‘အရိပ်ကလေး လို’ MVလေးလေး ထွက်ရှိမယ်လို့ မျှဝလာပါတယ်။

မြင်သူအပေါင်း ဘဝင်အေးစေမယ့် ယဥ်ယဥ်ကျေးကျေး လှပနေတဲ့ အဖြူရေူင်ဝမ်းဆက်လေး ပိုပိုရဲ့ ပုံလေးတွေ ကို မျှဝေပေးလိုက်ပါတယ်။ ပရိတ်သတ်ကြီးတို့ရဲ့ စိတ်ထဲမှာ မြန်မာဆန်ဆန်လှနေတဲ့ ပိုပို ကို မြင်မိပြီး စိတ်ဘဝင် ကြည်လင်စေမယ်လို့ မျှော်လင့်ပါတယ်။

About the author

Aung Lay

Leave a Comment