Cele News

မွေ့နေ့ကို အိမ်မှာပဲ မိသားစုစုံစုံလင်လင်နဲ့ ကျင်းပခဲ့တဲ့ နန်းဆုရတီစိုး

Written by Aung Lay




 


Unicode

နန်းဆုရတီစိုး ကတော့ ယနေ့ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၈ရက်နေ့မှာပဲ သူမ ရဲ့ အသက် ၃၃နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။အသံချိုချိုအေးအေးလေးတွေနဲ့ပရိတ်သတ်ကို ဖမ်းစားညို့ငင်ထားတဲ့ နန်းဆုကတော့ အသက် ၃၃ နှစ်လို့ပင် ထင်မှတ်မထားရအောင် နုပျိုလွန်းလှသူလေးပါ။

သူမရဲ့မွေးနေ့ပွဲကို နှစ်စဥ်တိုင်း ပရိတ်သတ်တွေနဲ့ ကျင်းပလေ့ရှိတဲ့ နန်းဆုဟာ ဒီနှစ်မှာတော့ အိမ်မှာပဲ မိသားစုနဲ့ ကျင်းပခဲ့ရတဲ့အကြောင်းလိုဘအခုလိုပြောပြလာပါတယ်”မွေးနေ့……
အရင်ဆို ပရိတ်သတ်တွေ မိသားစုတွေ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အလှူလုပ်ကြ ပျော်ပျော်ရွှင်ရွှင်ကစားကြ စားကြနဲ့ ဖြတ်သန်းခဲ့တာ ဒီနှစ်မွေးနေ့တော့ stay home ဆိုတော့ အိမ်မှာ မိသားစုနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတယ်
မွေးနေ့ဆုတောင်းပေးကြသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်.ချစ်ရတဲ့သူတွေအားလုံး စိတ်ချမ်းသာကျန်းမာပြီး ကပ်ရောဂါဆိုးကြီးကနေ ကင်းလွတ်ကြပါစေလို့ နန်းဆုက ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင့်”

 

နန်းဆုရတီစိုး ရဲ့ ၃၃နှစ်ပြည့်မွေးနေ့ပွဲလေးကို မိသားစုတွေနဲ့ ပျော်ရွှင်စွာကျင်းပနေကြတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။နန်းဆု တစ်ယောက် ရှေ့လျောက် ဒီထက်မက ပို၍အောင်မြင်မှုများကို ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ပရိတ်သတ်ကြီးလည်း ချစ်ရတဲ့ နန်းဆု ကို ဆုတောင်းပေးသွားကြပါဦးနော်။

About the author

Aung Lay

Leave a Comment