Cele News

online နဲ့ စာသင်နေတဲ့ သားနဲ့သမီးဘေးကနေ ​ဖြည့်ဆည်းပြီး စာကူသင်ပေးနေတဲ့ သက်မွန်မြင့်

Written by Aung Lay





Unicode

သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့ သက်မွန်မြင့်ကတော့ ချင်းတိုင်းရင်းသူလေး တစ်ဦးဖြစ်ပါတယ်။အိမ်ထောင်ကျပြီး ချစ်စရာ သားသားလေးနဲ့မီးမီးလေးကို ပိုင်ဆိုင်ထားရပြီးယခုအချိန်ထိ အသားဖွေးဖွေး အရပ်မြင့်မြင့်နဲ့ ဗိုလ်မလေးတစ်ယောက်လို လှပပြီးချစ်စရာကောင်းနေဆဲပါပဲ။အနုပညာလှုပ်ရှားမှုတွေမှာ သိပ်မတွေ့ရပေမယ့် ကြော်ငြာတွေ ရံဖန် ရံခါ လက်ခံရိုက်ကူးလျက်ရှိပါတယ်။

ပြီးပြည့်စုံ သာယာလှပတဲ့ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပြီး ယခု Stay Homeကာမှာတော့ ကျောင်းတွေလည်း နားထားရတဲ့ သားနဲ့သမီးကို အိမ်ထဲမှာပဲ စာပြနေတဲ့အကြောင်းကို”Case တွေကလည်း တအားတက်နေလေတော့ကလေးတွေ ကျောင်းတက်ဖို့က ဝေးဦးမှာ😓😓Online နဲ့ ရသလောက်ပေါ့လေ ShichidaMyanmar ကတော့ ကလေးတွေ လည်းကြိုက် လူကြီးလည်းသဘောကျ.. သူတို့နှစ်ယောက်သင်ပေးရင်း ကိုယ်ပါ ပညာရတယ်ကိုယ့်ဦးနှောက်လေး ပြန်သင်ပေးရတာပေါ့”ဆိုတဲ့ စာသားလေးနဲ့ဘအတူ သားသားနဲ့မီးမီးဘေးကနေ စာကူသင်ပြနေတဲ့ ပုံလေးတွေမျှဝေလာပါတယ်။

ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ ချစ်သက်တို့ မိသားစုပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။ပရိတ်သတ်ကြီးတို့လည်း ကို ဗစ် ကာလမှာ အိမ်မှာပဲ မိသားစုနဲ့ ကျန်းမာချမ်းသာစွာ ဖြတ်သန်းနိုင်ကြပါစေနော်။

Flower Sky -Source ; Thet Mon Myint` Facebook

About the author

Aung Lay

Leave a Comment