Knowledge

အလိုတော်ပြည့် ဘုရားရှိခိုးနှင့် ဆွမ်းကပ်နည်း

Written by Aung Lay

အလိုေတာ္ျပည့္ ဘုရားရွိခိုးႏွင့္ ဆြမ္းကပ္နည္း

အလိုေတာ္ျပည့္လိုေသာ ပုဂၢိဳလ္မ်ားသည္ အလိုေတာ္ျပည့္ဘုရား၌ေသာ္လည္းေကာင္း၊ ဘုရားေစတီပုံႏွင့္ ဘုရားဆင္းတုေတာ္ပုံေရွ႕ေတာ္၌ ေအာက္ပါ ဆရာေတာ္ ၫႊန္ၾကားခ်က္အတိုင္း ျပဳလုပ္လႉဒါန္းႏိုင္ပါသည္။

၁။ ေရွးဦးစြာ သစ္သီး (၉) မ်ိဳး၊ ပန္း (၉) မ်ိဳး၊ ေရခ်မ္း (၉) ခြက္၊ ဆြမ္း (၉) ခြက္၊ ဆီမီး (၉) တိုင္၊ ညႇိထြန္းၿပီး လႉဒါန္းရပါမည္။

(မွတ္ခ်က္။ ။သစ္သီး (၉) မ်ိဳး လႉးဒါန္းရာ၌ သံပုရာသီး၊ စပ်စ္သီး၊ ေရွာက္သီး၊ မာလကာသီး၊ ဟင္းခ်က္စားရေသာသီးမ်ိဳးစုံ မပါေစရ။)

၂။ ပန္း (၉) မ်ိဳး၌ အ႐ြက္ပန္းကို ပယ္၍ သေျပၫြန႔္မွအစ အကုန္ လႉဒါန္းႏိုင္သည္။

၃။ ဆြမ္း၊ သစ္သီး၊ ပန္း၊ ေရခ်မ္း၊ ဆီမီး ျပည့္စုံေအာင္ လႉဒါန္းၿပီးသည့္ေနာက္ ေဖာ္ျပပါ ဘုရားရွိခိုးကို အစီအစဥ္အတိုင္း မလြဲမမွားရေအာင္ ရွိခိုးရပါမည္။

အလိုေတာ္ျပည့္ဘုရားရွိခိုး

အလိုေတာ္ျပည့္မဟာဗုေဒၶါ၊

ေဒဝမႏုႆပူဇိေတာ။

ေသာရေဟာ ပစၥယာဒီနံ၊

မဟာလာဘံ ကေရာတု ေမ။

မဟာဓနံ ကေရာတု ေမ၊

မဟာသုခံ ကေရာတု ေမ။

(အနက္)

အလိုေတာ္ျပည့္မဟာဗုေဒၶါ- သတၱဝါတိုင္း ဆႏၵရွိသမွ် ျပည့္ဝကုန္လုံ တန္ခိုးဂုဏ္ျဖင့္ ေတာင့္တ လင့္ဆို အလိုရွိသမွ် ျပည့္ဝရေသာ အလိုေတာ္ျပည့္ နာမထင္ရွား ျမတ္စြာဘုရားသည္၊ ေဒ၀ မႏုႆ ပူဇိေတာ- နတ္လူျဗဟၼာ သတၱဝါတို႔၏ ဆရာတစ္ဆူျဖစ္ေတာ္မူထပါေပေေသာ၊ ပစၥယာဒီနံ- တကာတကာမတို႔ သဒၶါ႐ႊင္လန္း ထာဝရလႉဒါန္း သစ္သီးဆြမ္းႏွင့္ ဆီမီး, ေရခ်မ္း, ပန္းအစရွိသည္တို႔ကို အလႉေတာ္မွန္ အပူေဇာ္ကို ခံယူေတာ္မူထိုက္ေသာ၊ ရေဟာ- ဆိတ္ကြယ္ရာ အရပ္၌ အကုသိုလ္ ဒုစ႐ိုက္ဟူသမွ်ကို ပယ္သတ္ေတာ္မူထေသာ၊ ေသာ ဗုေဒၶါ- ငါးမာရ္ေအာင္ဘိ ထိုဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးသည္၊ ေမ (အမွာကံ)- အလိုျပည့္ရာ ဆႏၵမွန္ျဖင့္ အလိုျပည့္ေၾကာင္း ေအာင္ဆုေတာင္း ၾကကုန္ေသာ တပည့္ေတာ္တို႔အား၊ ဝရံ- ျမတ္လွစြာေသာ၊ သုခံ- ခ်မ္းသာျခင္းကို၊ ဝရံ- ျမတ္လွစြာေသာ၊ ဓနံ- စည္းစိမ္းဥစၥာကို၊ ဝရံ- ျမတ္လွစြာေသာ၊ လာဘံ- လာဘ္သပကာကို၊ ကေရာတု- က႐ုဏာေရွ႕ထား ေမတၱာအားျဖင့္ ေပးသနားေတာ္မူပါ အရွင္ျမတ္ဘုရား။

အလိုေတာ္ျပည့္ဘုရား ဆြမ္းကပ္နည္း

သုေဘာဇနံ အဟံ ဒမၼိ ဥဒၵိႆ ေလာကနာယကံ။

သုဖလံ အဟံ ဒမၼိ ဥဒၵိႆ ေလာကနာယကံ။

သုပုပၹံ အဟံ ဒမၼိ ဥဒၵိႆ ေလာကနာယကံ။

သုဥဒကံ အဟံ ဒမၼိ ဥဒၵိႆ ေလာကနာယကံ။

သုပဒီပံ အဟံ ဒမၼိ ဥဒၵိႆ ေလာကနာယကံ။

သူသုံးပါးတို႔၏ မကိုဋ္ ဦးခိုက္ပူေဇာ္ထိုက္ေသာ အလိုေတာ္ျပည့္ နာမထင္ရွား ျမတ္စြာဘုရားကို ဤမြန္ျမတ္ေသာ ဆြမ္းတို႔ျဖင့္လည္းေကာင္း၊ သစ္သီးတို႔ျဖင့္လည္းေကာင္း၊ ပန္းတို႔ျဖင့္လည္းေကာင္း၊ ေအးျမၾကည္လင္ေသာ ေရခ်မ္းတို႔ျဖင့္လည္းေကာင္း၊ ဆီမီးတို႔ျဖင့္လည္းေကာင္း အလိုေတာ္ျပည့္ျမတ္စြာဘုရားအား ရည္မွန္း၍ ပူေဇာ္ၾကပါကုန္၏၊ ျမတ္ႏိုးၾကပါကုန္၏၊ ေကာ္ေရာ္ၾကပါကုန္၏။

ဤသို႔ ရွိခိုးပူေဇာ္ ဖူးေျမာ္မာန္ေလ်ာ့ အျမတ္တႏိုး လႉဒါန္းရေသာ ကုသိုလ္ကံေစတနာ တို႔ေၾကာင့္ အႏၲရာယ္ခပ္သိမ္း ေဘးခပ္သိမ္း ရန္ခပ္သိမ္း ေရာဂါခပ္သိမ္း ကင္းၿငိမ္းလြင့္ေပ်ာက္ မေရာက္သည္သာျဖစ္၍ တပည့္ေတာ္တို႔ လိုလားေတာင့္တအပ္ေသာ တစ္ခုတည္းေသာဆုသည္ ျပည့္စုံလုံေလာက္ အၿပီးေရာက္ပါေစသတည္း။

အတိတ္ကံ၊ ပစၥဳပၸန္ကံ ကံႏွစ္မ်ိဳး ပြင့္လင္းရန္ ဆုေတာင္း

အတီေတ ဝတၱမာေန စ၊

ယံ ပုညံ ပကတံ မယံ။

ဣေဓဝ တႆ ပစၥေကၡ၊

ဝိပါေကာ ေမ ဝိပစၥတု။

တပည့္ေတာ္တို႔သည္ ဘဝသံသရာ အဆက္ဆက္က ဒါန, သီလ, ဘာဝနာဟုဆိုအပ္ေသာ ကုသိုလ္ေကာင္းမႈတို႔ကို ျပဳလုပ္အားထုတ္ခဲ့ၾကပါကုန္၏။ ယခုဘဝ၌လည္း ဒါန, သီလ, ဘာဝနာကုသိုလ္ေကာင္းမႈ အစုစုတို႔ကို ျပဳလုပ္အားထုတ္ၾကပါသည္ အရွင္ဘုရား။ ထိုကုသိုလ္ေကာင္းမႈႏွစ္ခုတို႔သည္ ယခုအခ်ိန္၌ အက်ိဳးေပးရာ အခ်ိန္တန္၍ ရင့္က်က္ဖြံ႕ၿဖိဳး အက်ိဳးေပးပါေစသတည္း။

သစၥာျပဳဆုေတာင္း

ဧေတန သစၥဝေဇၨန၊

ဧကံ ဆႏၵံ သမိဇၩတု။

ဧေတန သစၥဝေဇၨန-

ဤသို႔ ႏႈတ္မွန္ဆိုထုတ္ျပန္၍ ဟုတ္မွန္စြာေသာ သစၥာစကားေၾကာင့္၊ ဧကံ ဆႏၵံ- တစ္ခုတည္းေသာဆႏၵသည္၊ သမိဇၩတု- ၿပီးစီးေအာင္ျမင္ပါေစ သတည္း။….

Unicode

အလိုတော်ပြည့် ဘုရားရှိခိုးနှင့် ဆွမ်းကပ်နည်း

အလိုတော်ပြည့်လိုသော ပုဂ္ဂိုလ်များသည် အလိုတော်ပြည့်ဘုရား၌သော်လည်းကောင်း၊ ဘုရားစေတီပုံနှင့် ဘုရားဆင်းတုတော်ပုံရှေ့တော်၌ အောက်ပါ ဆရာတော် ညွှန်ကြားချက်အတိုင်း ပြုလုပ်လှူဒါန်းနိုင်ပါသည်။

၁။ ရှေးဦးစွာ သစ်သီး (၉) မျိုး၊ ပန်း (၉) မျိုး၊ ရေချမ်း (၉) ခွက်၊ ဆွမ်း (၉) ခွက်၊ ဆီမီး (၉) တိုင်၊ ညှိထွန်းပြီး လှူဒါန်းရပါမည်။

(မှတ်ချက်။ ။သစ်သီး (၉) မျိုး လှူးဒါန်းရာ၌ သံပုရာသီး၊ စပျစ်သီး၊ ရှောက်သီး၊ မာလကာသီး၊ ဟင်းချက်စားရသောသီးမျိုးစုံ မပါစေရ။)

၂။ ပန်း (၉) မျိုး၌ အရွက်ပန်းကို ပယ်၍ သပြေညွန့်မှအစ အကုန် လှူဒါန်းနိုင်သည်။

၃။ ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး ပြည့်စုံအောင် လှူဒါန်းပြီးသည့်နောက် ဖော်ပြပါ ဘုရားရှိခိုးကို အစီအစဉ်အတိုင်း မလွဲမမှားရအောင် ရှိခိုးရပါမည်။

အလိုတော်ပြည့်ဘုရားရှိခိုး

အလိုတော်ပြည့်မဟာဗုဒ္ဓေါ၊

ဒေဝမနုဿပူဇိတော။

သောရဟော ပစ္စယာဒီနံ၊

မဟာလာဘံ ကရောတု မေ။

မဟာဓနံ ကရောတု မေ၊

မဟာသုခံ ကရောတု မေ။

(အနက်)

အလိုတော်ပြည့်မဟာဗုဒ္ဓေါ- သတ္တဝါတိုင်း ဆန္ဒရှိသမျှ ပြည့်ဝကုန်လုံ တန်ခိုးဂုဏ်ဖြင့် တောင့်တ လင့်ဆို အလိုရှိသမျှ ပြည့်ဝရသော အလိုတော်ပြည့် နာမထင်ရှား မြတ်စွာဘုရားသည်၊ ဒေ၀ မနုဿ ပူဇိတော- နတ်လူဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူဖြစ်တော်မူထပါပေေသော၊ ပစ္စယာဒီနံ- တကာတကာမတို့ သဒ္ဓါရွှင်လန်း ထာဝရလှူဒါန်း သစ်သီးဆွမ်းနှင့် ဆီမီး, ရေချမ်း, ပန်းအစရှိသည်တို့ကို အလှူတော်မှန် အပူဇော်ကို ခံယူတော်မူထိုက်သော၊ ရဟော- ဆိတ်ကွယ်ရာ အရပ်၌ အကုသိုလ် ဒုစရိုက်ဟူသမျှကို ပယ်သတ်တော်မူထသော၊ သော ဗုဒ္ဓေါ- ငါးမာရ်အောင်ဘိ ထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်၊ မေ (အမှာကံ)- အလိုပြည့်ရာ ဆန္ဒမှန်ဖြင့် အလိုပြည့်ကြောင်း အောင်ဆုတောင်း ကြကုန်သော တပည့်တော်တို့အား၊ ဝရံ- မြတ်လှစွာသော၊ သုခံ- ချမ်းသာခြင်းကို၊ ဝရံ- မြတ်လှစွာသော၊ ဓနံ- စည်းစိမ်းဥစ္စာကို၊ ဝရံ- မြတ်လှစွာသော၊ လာဘံ- လာဘ်သပကာကို၊ ကရောတု- ကရုဏာရှေ့ထား မေတ္တာအားဖြင့် ပေးသနားတော်မူပါ အရှင်မြတ်ဘုရား။

အလိုတော်ပြည့်ဘုရား ဆွမ်းကပ်နည်း

သုဘောဇနံ အဟံ ဒမ္မိ ဥဒ္ဒိဿ လောကနာယကံ။

သုဖလံ အဟံ ဒမ္မိ ဥဒ္ဒိဿ လောကနာယကံ။

သုပုပ္ဖံ အဟံ ဒမ္မိ ဥဒ္ဒိဿ လောကနာယကံ။

သုဥဒကံ အဟံ ဒမ္မိ ဥဒ္ဒိဿ လောကနာယကံ။

သုပဒီပံ အဟံ ဒမ္မိ ဥဒ္ဒိဿ လောကနာယကံ။

သူသုံးပါးတို့၏ မကိုဋ် ဦးခိုက်ပူဇော်ထိုက်သော အလိုတော်ပြည့် နာမထင်ရှား မြတ်စွာဘုရားကို ဤမွန်မြတ်သော ဆွမ်းတို့ဖြင့်လည်းကောင်း၊ သစ်သီးတို့ဖြင့်လည်းကောင်း၊ ပန်းတို့ဖြင့်လည်းကောင်း၊ အေးမြကြည်လင်သော ရေချမ်းတို့ဖြင့်လည်းကောင်း၊ ဆီမီးတို့ဖြင့်လည်းကောင်း အလိုတော်ပြည့်မြတ်စွာဘုရားအား ရည်မှန်း၍ ပူဇော်ကြပါကုန်၏၊ မြတ်နိုးကြပါကုန်၏၊ ကော်ရော်ကြပါကုန်၏။

ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ အမြတ်တနိုး လှူဒါန်းရသော ကုသိုလ်ကံစေတနာ တို့ကြောင့် အန္တရာယ်ခပ်သိမ်း ဘေးခပ်သိမ်း ရန်ခပ်သိမ်း ရောဂါခပ်သိမ်း ကင်းငြိမ်းလွင့်ပျောက် မရောက်သည်သာဖြစ်၍ တပည့်တော်တို့ လိုလားတောင့်တအပ်သော တစ်ခုတည်းသောဆုသည် ပြည့်စုံလုံလောက် အပြီးရောက်ပါစေသတည်း။

အတိတ်ကံ၊ ပစ္စုပ္ပန်ကံ ကံနှစ်မျိုး ပွင့်လင်းရန် ဆုတောင်း

အတီတေ ဝတ္တမာနေ စ၊

ယံ ပုညံ ပကတံ မယံ။

ဣဓေဝ တဿ ပစ္စက္ခေ၊

ဝိပါကော မေ ဝိပစ္စတု။

တပည့်တော်တို့သည် ဘဝသံသရာ အဆက်ဆက်က ဒါန, သီလ, ဘာဝနာဟုဆိုအပ်သော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်အားထုတ်ခဲ့ကြပါကုန်၏။ ယခုဘဝ၌လည်း ဒါန, သီလ, ဘာဝနာကုသိုလ်ကောင်းမှု အစုစုတို့ကို ပြုလုပ်အားထုတ်ကြပါသည် အရှင်ဘုရား။ ထိုကုသိုလ်ကောင်းမှုနှစ်ခုတို့သည် ယခုအချိန်၌ အကျိုးပေးရာ အချိန်တန်၍ ရင့်ကျက်ဖွံ့ဖြိုး အကျိုးပေးပါစေသတည်း။

သစ္စာပြုဆုတောင်း

ဧတေန သစ္စဝဇ္ဇေန၊

ဧကံ ဆန္ဒံ သမိဇ္ဈတု။

ဧတေန သစ္စဝဇ္ဇေန-

ဤသို့ နှုတ်မှန်ဆိုထုတ်ပြန်၍ ဟုတ်မှန်စွာသော သစ္စာစကားကြောင့်၊ ဧကံ ဆန္ဒံ- တစ်ခုတည်းသောဆန္ဒသည်၊ သမိဇ္ဈတု- ပြီးစီးအောင်မြင်ပါစေ သတည်း။

About the author

Aung Lay

Leave a Comment