Baydin

လက်ဝါးပြင်ပေါ်က တြိဂံသင်္ကေတတွေရဲ့ အနက်အဓိပ္ပါယ်

Written by Aung Lay

လက္ဝါးျပင္ေပၚက ႀတိဂံသေကၤတေတြရဲ႕ အနက္အဓိပၸါယ္

မိမိရဲ႕လက္ဝါးျပင္ေပၚမွာထင္ထင္ရွားရွားရွိေနတဲ့ လိုင္းသုံးလိုင္းဟာ ႀတိဂံပုံစံဖြဲ႕စည္းထားမယ္ဆိုရင္ေတာ့ ဒီလိုအမွတ္အသားကို လက္ဝါးျပင္ဖတ္တဲ့ ပညာရွင္ေတြက ႀတိဂံသေကၤတလို႔ ယူဆၾကပါတယ္။ ရွင္းရွင္းလင္းလင္းနဲ႔ ပုံမွန္ရွိတဲ့ ႀတိဂံသေကၤတေတြဟာ ေကာင္းက်ိဳးေတြကို ရရွိႏိုင္ေစပါတယ္။

လက္ဝါးျပင္ရဲ႕ အလယ္ဗဟိုေနရာမွာ ထင္ထင္ရွားရွားနဲ႔ ႀကီးမားတဲ့ ၾတဂံေတြရွိေနတာဟာ ကံေကာင္းတဲ့လကၡဏာတစ္ခုပဲျဖစ္ပါတယ္။ ၎က မိမိလုပ္ကိုင္သမွ်ေအာင္ျမင္မယ္။ေငြရွာေဖြရလြယ္ကူမယ္။ ထင္ေပၚေက်ာ္ၾကားမယ္။

လုပ္ငန္းခြင္မွာ ဦးေဆာင္ဦး႐ြက္ျပဳရၿပီး ေခါင္းေဆာင္ ေကာင္းတစ္ဦးျဖစ္လာတတ္ပါတယ္။ ဒါအျပင္ ဂုဏ္သိကၡာျမင့္မားတဲ့ အိမ္ေထာင္ဖက္နဲ႔လည္းဖူးစာဆုံရတတ္ပါတယ္။ တစ္ခုသတိထားရမွာက NEPTUNE ၿဂိဳလ္ေပၚမွာ ႀတိဂံေတြရွိေနတာဆိုရင္ေတာ့ ကံမေကာင္းအေၾကာင္းမလွျခင္းေတြျဖစ္ႏိုင္ၿပီး အထီးက်န္ျခင္းေတြကိုလဲ ခံစားရႏိုင္ပါတယ္။

ႏွလုံးလမ္းေၾကာင္းေပၚမွာ ႀတိဂံသေကၤတအမွတ္အသားေတြတည္ရွိေနတာဟာ ခ်မ္းသာႂကြယ္ဝျခင္းေတြ ကံေကာင္းျခင္းေတြ ႏွင့္ ထိမ္းျမားလက္ထက္မႈ (ဒါမွမဟုတ္ရင္) ခ်စ္ျခင္းေမတၱာေတြပိုင္ဆိုင္ရရွိႏိုင္ေၾကာင္းကို ေဖာ္ျပေနျခင္းပဲျဖစ္ပါတယ္။ အကယ္၍ ဦးေခါင္းလမ္းမွာ ႀတိဂံေတြရွိေနတာဆိုရင္ေတာ့ ပညာေရးနဲ႔ပတ္သတ္တဲ့ ေအာင္ျမင္မႈေတြရရွိႏိုင္ယုံသာမက အေဟာအေျပာေကာင္းသူတစ္ဦးလဲျဖစ္လာတတ္ပါတယ္။

အသက္လမ္းေၾကာင္းေပၚမွာ ႀတိဂံေတြရွိေနမယ္ဆိုရင္ေတာ့ က်န္းမာႀကံ့ခိုင္ျခင္းကိုျပသေနတာျဖစ္ၿပီး မိမိအတြက္ ကိုယ္ပိုင္စီးပြားေရးလုပ္ျခင္းဟာ ပိုမိုေကာင္းမြန္တဲ့ တိုးတက္ေအာင္ျမင္မႈေတြကိုရရွိေစတတ္ပါတယ္။ မိမိက ဝန္ထမ္းျဖစ္မယ္ဆိုရင္လည္း လုပ္ငန္းခြင္မွာႀကီးမားတဲ့ေအာင္ျမင္မႈေတြရရွိတတ္ပါတယ္။ အကယ္၍ အသက္လမ္းေၾကာင္းရဲ႕အဆုံးမွာႀတိဂံေတြရွိေနတာဆိုရင္ေတာ့ မိမိအသက္အ႐ြယ္ႀကီးရင့္လာတဲ့အခ်ိန္မွာ လူတကာေလးစားၾကည္ညိဳတဲ့သူျဖစ္လာပါလိမ့္မယ္။

အသက္လမ္းေၾကာင္းနဲ႔ အနီးမွာရွိတဲ့ႀတိဂံေတြကေတာ့ မိမိကိုယ္တြင္းအဂၤါေတြျဖစ္တဲ့ အသည္း၊ ႏွလုံး၊ အစာအိမ္စသည္တို႔မွာ ေရာဂါေဝဒနာမ်ားခံစားရတတ္ပါတယ္။ ဒါေၾကာင့္ မိမိတို႔အေနနဲ႔ ႀကိဳတင္ကာကြယ္ျခင္းေတြျပဳလုပ္ျခင္း ပုံမွန္စစ္ေဆးေပးျခင္းေတြကိုျပဳလုပ္ထားသင့္ပါတယ္။

လက္ေကာက္ဝတ္ရဲ႕ အလယ္ဗဟိုမွာ ႀတိဂံေတြရွိေနမယ္ဆိုရင္ အလြန္ထူးျခားတဲ့ ကံေကာင္းမႈေတြနဲ႔ေမြးဖြားလာျခင္းပဲျဖစ္ပါတယ္။ မိဘဘိုးဘြားေတြရဲ႕ အေမြအႏွစ္ေတြကို အေမြဆက္ခံရတဲ့သူျဖစ္ၿပီး ဂုဏ္သိကၡာေတြ ၾသဇာအာဏာေတြျမင့္မားတတ္ပါတယ္။ လက္ေကာက္ဝတ္လိုင္းတစ္ခုခုရဲ႕ အေပၚက ႀတိဂံအမွတ္အသားေတြေၾကာင့္ ထူးျခားတဲ့စြမ္းရည္ေတြရွိတဲ့ ဦးေဆာင္သူတစ္ဦး ျဖစ္လာႏိုင္ပါတယ္။

လက္ညႇိဳးေအာက္တည့္တည့္ JUPITER ၿဂိဳလ္ခုံေပၚမွာ ရွိတဲ့ ႀတိဂံသေကၤတေတြက ႏိုင္ငံေရ:၊ စစ္ေရးေတြမွာ ထူးခြၽန္ထက္ျမက္တဲ့သူ သမၼာသမတ္ရွိၿပီး စည္းကမ္းႀကီးတဲ့သူ ဖိအားဒဏ္ခံႏိုင္ရည္ရွိသူေတြမွာေတြ႕ရမွာျဖစ္ပါတယ္။

လက္ခလယ္ေအာက္ ေစတန္ၿဂိဳလ္ခုံေပၚမွာႀတိဂံအမွတ္အသားေတြရွိေနမယ္ဆိုရင္ေတာ့ သက္လတ္ပိုင္းေလာက္မွာတင္ မိမိဆႏၵရွိတဲ့ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းေတြမွာ ေအာင္ျမင္ႏိုင္ပါလိမ့္မယ္။

လက္သူႂကြယ္ အပိုလိုၿဂိဳလ္ခုံေပၚမွာရွိတဲ့ ႀတိဂံသေကၤတေတြကေတာ့ မိမိ ကို အလြယ္အကူသင္ယူတတ္ေျမာက္ႏိုင္သူ ထူးျခားတဲ့စိတ္ေနစိတ္ထားနဲ႔ အရည္အခ်င္းရွိသူအျဖစ္ ဘဝမွာေအာင္ျမင္မႈအခ်ိဳ႕ရရွိႏိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။

လက္သန္းေအာက္မွာႀတိဂံေတြရွိေနမယ္ဆိုရင္ေတာ့ အသက္ေမြးဝမ္းေက်ာင္းမႈေတြ စည္းစိမ္ခ်မ္းသာေတြနဲ႔ပတ္သတ္ၿပီး အက်ိဳးျဖစ္ထြန္းတဲ့လကၡဏာပဲျဖစ္ပါတယ္။ ဒီႀတိဂံေတြဟာ ဉာဏ္ရည္ထက္ျမက္ျခင္း စီမံခန႔္ခြဲမႈစြမ္းရည္အားေကာင္းျခင္းကိုေဖာ္ျပေနပါတယ္။

ဆႏၵနဲ ဘဝ ထပ္တူက်ႏိုင္ၾကပါ ေစ

Unicode

လက်ဝါးပြင်ပေါ်က တြိဂံသင်္ကေတတွေရဲ့ အနက်အဓိပ္ပါယ်

မိမိရဲ့လက်ဝါးပြင်ပေါ်မှာထင်ထင်ရှားရှားရှိနေတဲ့ လိုင်းသုံးလိုင်းဟာ တြိဂံပုံစံဖွဲ့စည်းထားမယ်ဆိုရင်တော့ ဒီလိုအမှတ်အသားကို လက်ဝါးပြင်ဖတ်တဲ့ ပညာရှင်တွေက တြိဂံသင်္ကေတလို့ ယူဆကြပါတယ်။ ရှင်းရှင်းလင်းလင်းနဲ့ ပုံမှန်ရှိတဲ့ တြိဂံသင်္ကေတတွေဟာ ကောင်းကျိုးတွေကို ရရှိနိုင်စေပါတယ်။

လက်ဝါးပြင်ရဲ့ အလယ်ဗဟိုနေရာမှာ ထင်ထင်ရှားရှားနဲ့ ကြီးမားတဲ့ တြဂံတွေရှိနေတာဟာ ကံကောင်းတဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ ၎င်းက မိမိလုပ်ကိုင်သမျှအောင်မြင်မယ်။ငွေရှာဖွေရလွယ်ကူမယ်။ ထင်ပေါ်ကျော်ကြားမယ်။

လုပ်ငန်းခွင်မှာ ဦးဆောင်ဦးရွက်ပြုရပြီး ခေါင်းဆောင် ကောင်းတစ်ဦးဖြစ်လာတတ်ပါတယ်။ ဒါအပြင် ဂုဏ်သိက္ခာမြင့်မားတဲ့ အိမ်ထောင်ဖက်နဲ့လည်းဖူးစာဆုံရတတ်ပါတယ်။ တစ်ခုသတိထားရမှာက NEPTUNE ဂြိုလ်ပေါ်မှာ တြိဂံတွေရှိနေတာဆိုရင်တော့ ကံမကောင်းအကြောင်းမလှခြင်းတွေဖြစ်နိုင်ပြီး အထီးကျန်ခြင်းတွေကိုလဲ ခံစားရနိုင်ပါတယ်။

နှလုံးလမ်းကြောင်းပေါ်မှာ တြိဂံသင်္ကေတအမှတ်အသားတွေတည်ရှိနေတာဟာ ချမ်းသာကြွယ်ဝခြင်းတွေ ကံကောင်းခြင်းတွေ နှင့် ထိမ်းမြားလက်ထက်မှု (ဒါမှမဟုတ်ရင်) ချစ်ခြင်းမေတ္တာတွေပိုင်ဆိုင်ရရှိနိုင်ကြောင်းကို ဖော်ပြနေခြင်းပဲဖြစ်ပါတယ်။ အကယ်၍ ဦးခေါင်းလမ်းမှာ တြိဂံတွေရှိနေတာဆိုရင်တော့ ပညာရေးနဲ့ပတ်သတ်တဲ့ အောင်မြင်မှုတွေရရှိနိုင်ယုံသာမက အဟောအပြောကောင်းသူတစ်ဦးလဲဖြစ်လာတတ်ပါတယ်။

အသက်လမ်းကြောင်းပေါ်မှာ တြိဂံတွေရှိနေမယ်ဆိုရင်တော့ ကျန်းမာကြံ့ခိုင်ခြင်းကိုပြသနေတာဖြစ်ပြီး မိမိအတွက် ကိုယ်ပိုင်စီးပွားရေးလုပ်ခြင်းဟာ ပိုမိုကောင်းမွန်တဲ့ တိုးတက်အောင်မြင်မှုတွေကိုရရှိစေတတ်ပါတယ်။ မိမိက ဝန်ထမ်းဖြစ်မယ်ဆိုရင်လည်း လုပ်ငန်းခွင်မှာကြီးမားတဲ့အောင်မြင်မှုတွေရရှိတတ်ပါတယ်။ အကယ်၍ အသက်လမ်းကြောင်းရဲ့အဆုံးမှာတြိဂံတွေရှိနေတာဆိုရင်တော့ မိမိအသက်အရွယ်ကြီးရင့်လာတဲ့အချိန်မှာ လူတကာလေးစားကြည်ညိုတဲ့သူဖြစ်လာပါလိမ့်မယ်။

အသက်လမ်းကြောင်းနဲ့ အနီးမှာရှိတဲ့တြိဂံတွေကတော့ မိမိကိုယ်တွင်းအင်္ဂါတွေဖြစ်တဲ့ အသည်း၊ နှလုံး၊ အစာအိမ်စသည်တို့မှာ ရောဂါဝေဒနာများခံစားရတတ်ပါတယ်။ ဒါကြောင့် မိမိတို့အနေနဲ့ ကြိုတင်ကာကွယ်ခြင်းတွေပြုလုပ်ခြင်း ပုံမှန်စစ်ဆေးပေးခြင်းတွေကိုပြုလုပ်ထားသင့်ပါတယ်။

လက်ကောက်ဝတ်ရဲ့ အလယ်ဗဟိုမှာ တြိဂံတွေရှိနေမယ်ဆိုရင် အလွန်ထူးခြားတဲ့ ကံကောင်းမှုတွေနဲ့မွေးဖွားလာခြင်းပဲဖြစ်ပါတယ်။ မိဘဘိုးဘွားတွေရဲ့ အမွေအနှစ်တွေကို အမွေဆက်ခံရတဲ့သူဖြစ်ပြီး ဂုဏ်သိက္ခာတွေ သြဇာအာဏာတွေမြင့်မားတတ်ပါတယ်။ လက်ကောက်ဝတ်လိုင်းတစ်ခုခုရဲ့ အပေါ်က တြိဂံအမှတ်အသားတွေကြောင့် ထူးခြားတဲ့စွမ်းရည်တွေရှိတဲ့ ဦးဆောင်သူတစ်ဦး ဖြစ်လာနိုင်ပါတယ်။

လက်ညှိုးအောက်တည့်တည့် JUPITER ဂြိုလ်ခုံပေါ်မှာ ရှိတဲ့ တြိဂံသင်္ကေတတွေက နိုင်ငံရေ:၊ စစ်ရေးတွေမှာ ထူးချွန်ထက်မြက်တဲ့သူ သမ္မာသမတ်ရှိပြီး စည်းကမ်းကြီးတဲ့သူ ဖိအားဒဏ်ခံနိုင်ရည်ရှိသူတွေမှာတွေ့ရမှာဖြစ်ပါတယ်။

လက်ခလယ်အောက် စေတန်ဂြိုလ်ခုံပေါ်မှာတြိဂံအမှတ်အသားတွေရှိနေမယ်ဆိုရင်တော့ သက်လတ်ပိုင်းလောက်မှာတင် မိမိဆန္ဒရှိတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေမှာ အောင်မြင်နိုင်ပါလိမ့်မယ်။

လက်သူကြွယ် အပိုလိုဂြိုလ်ခုံပေါ်မှာရှိတဲ့ တြိဂံသင်္ကေတတွေကတော့ မိမိ ကို အလွယ်အကူသင်ယူတတ်မြောက်နိုင်သူ ထူးခြားတဲ့စိတ်နေစိတ်ထားနဲ့ အရည်အချင်းရှိသူအဖြစ် ဘဝမှာအောင်မြင်မှုအချို့ရရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

လက်သန်းအောက်မှာတြိဂံတွေရှိနေမယ်ဆိုရင်တော့ အသက်မွေးဝမ်းကျောင်းမှုတွေ စည်းစိမ်ချမ်းသာတွေနဲ့ပတ်သတ်ပြီး အကျိုးဖြစ်ထွန်းတဲ့လက္ခဏာပဲဖြစ်ပါတယ်။ ဒီတြိဂံတွေဟာ ဉာဏ်ရည်ထက်မြက်ခြင်း စီမံခန့်ခွဲမှုစွမ်းရည်အားကောင်းခြင်းကိုဖော်ပြနေပါတယ်။

ဆန္ဒနဲ ဘဝ ထပ်တူကျနိုင်ကြပါ စေ

About the author

Aung Lay

Leave a Comment